ဝင်စတန် ချာချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၅ -
ဦးစီးရွက်ဆောင်ခဲ့သော ချာချီအား စစ်ဆင်မှုရေးရာ၌ ကျွမ်းကျင်သူ နိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့ရလေသည်။
 
၁၉၄၁ ခုနှစ် ဩဂုတ်လတွင် ချာချီသည် သမ္မတ ရူးဇဗဲ့နှင့် ဗြိတိန်၏ စစ်ရည်ရွက်ချက်များကိုစစ်ရည်ရွယ်ချက်များကို ထုတ်ဖော်သော အတ္တလန္တိတ်စာတမ်းကို လက်မှတ်ထိုး ကျေညာခဲ့၏။ ထိုနှစ် ဒီဇင်ဘာလတွင် ဂျပန်က စစ်ကျေညာပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာစစ်ထဲသို့ ပါဝင်လာရာ အမေရိကန်ကွန်ဂရက် လွှတ်တော်အား ချာချီသည် မိန့်ခွန်းပြောကြားခဲ့လေသည်။ ချာချီသည် ဝါရှင်တန်၊ ကာဆာဗလန်ကာ၊ ကိုင်ရို၊ မောစကိုနှင့် တဟီရန်းမြို့များသို့ သွားရောက်၍ မဟာမိတ်စစ်ဆင်ရေးအတွက် မဟာမိတ်ရှေ့တန်းခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့လေသည်။ မဟာမိတ်တို့ စစ်အောင်နိုင် ရေးတွင် ချာချီသည် အရေးပါဆုံး ဆောင်ရွက်ခဲ့သည်ဟုပင် အဆိုရှိလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရူးဇဗဲ့၊ စတာလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမနီသည် ခြွင်းချက်မရှိ လက်နက်ချကြောင်း ကျေညာခဲ့၏။ ထိုလထဲတွင် ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်း
သော ကွန်ဆားဗတစ်များ၏ အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လ ရွေးကောက်ပွဲကြီးတွင် ကွန်ဆားဗတစ်များ အရေးနိမ့်သောကြောင့် ချာချီသည် ရာထူးမှ နုတ်ထွက်လိုက်ရသည်။ ထို့နောက် အတိုက်အခံ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၄၆ ခုနှစ်တွင် အောဒါးအော့မဲရစ်ခေါ် ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံခဲ့ရသည်။