လာအိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အနောက်ဖက် +အနောက်ဘက်, -လျှက် ရှိ +လျက် ရှိ, -အရှေ့ဖက် +အရှေ့ဘက်)
အရေးမကြီး remove duplicate refrences
စာကြောင်း ၂၄၀ -
၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် လာအိုစီးပွားရေး၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လာအို စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန၏ ၁၉၈၉-၂၀၁၄ အစီရင်ခံစာအရ ၁၉၈၉ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၅.၃၉၅ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၄.၄၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသူ) နှင့် ဗီယက်နမ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၃.၁၀၈ ရင်းနှီးမြှုပ်နှံသူ) တို့မှာ ဒုတိယနှင့် တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။ <ref>{{Cite news|url=https://asiatimes.com/article/china-top-foreign-investor-behind-laos-fast-growth/|title=Out of obscurity|last=Lowe|first=Sandra|date=10 December 2016|work=Asia Times|access-date=14 December 2016}}</ref>နိုင်ငံ၏ စီးပွားရေးသည် နိုင်ငံတကာ ငွေကြေးအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ရရှိခဲ့ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ ရေအားလျှပ်စစ် နှင့် သတ္တုတွင်းလုပ်ငန်း (အထူးသဖြင့် ကြေးနီနှင့် ရွှေ) တို့အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။
 
တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ တစ်ဝက်မျှ ရှိနေသေးပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၀% ကို ဖန်တီးပေးထားသည်။ နိုင်ငံ၏ မြေ ၄% မျှသာ စိုက်ပျိုးနိုင်သော မြေဖြစ်ပြီး ၀.၃% သာလျှင် အမြဲတမ်း စိုက်ပျိုးနိုင်သော မြေ ဖြစ်သဖြင့် <ref>[https://www.cia.gov/library/publications/the-world-factbook/fields/2097.html Field Listing – Land use], ''CIA World Factbook''.</ref> မဟာမဲခေါင်ဒေသခွဲ အတွင်း ရာခိုင်နှုန်းအားဖြင့် အနည်းဆုံး ဖြစ်သည်။ <ref>About Greater Mekong Subregion at [https://web.archive.org/web/20111117130328/http://beta.adb.org/countries/gms/main Asian Development Bank]</ref> ဆည်မြောင်းရေသွယ်ထားသော စိုက်ပျိုးဧရိယာမှာ စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂၈% မျှသာရှိပြီး စိုက်ပျိုးမွေးမြူရေးမြေ အားလုံးအတွက် ဆိုပါက ၂၀၁၂ ခုနှစ်တွင် ၁၂% မျှသာ ရှိသည်။ <ref>Kyophilavong, Phouphet, et al. "Effects of AFTA on poverty: Evidence from Laos." ''Journal of Economic Integration'' (2016): 353–376.</ref> စိုက်ပျိုးမွေးမြူရေးတွင် ဆန်စပါးသည် အဓိက ဖြစ်ပြီး ၈၀% မျှသော စိုက်ပျိုးနိုင်သောမြေများအား စပါးစိုက်ပျိုးရန် အသုံးပြုကြသည်။ <ref>Kyophilavong, Phouphet, et al. "Effects of AFTA on poverty: Evidence from Laos." ''Journal of Economic Integration'' (2016): 353–376.</ref> ခန့်မှန်းခြေအားဖြင့် ၇၇% မျှသော လာအိုလယ်သမား မိသားစုများမှာ ဝမ်းစာဖူလုံသည့် စပါး ရှိကြသည်။ <ref>Barclay, Adam and Shrestha, Samjhana (April–June 2006) [https://web.archive.org/web/20061012050925/http://www.irri.org/publications/today/pdfs/5-2/22-27.pdf "Genuinely Lao"], ''Rice Today''.</ref> လာအိုသည် မဟာမဲခေါင်ဒေသခွဲတွင် ဆန်စပါးအမျိုးအစား အများဆုံး ရှိသည့်နိုင်ငံ ဖြစ်သည်။ လာအိုအစိုးရသည် ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် လာအိုတွင်တွေ့ရသော ထောင်ပေါင်းများစွာသော ဆန်စပါးမျိုးများ၏ မျိုးစေ့ဥပမာကို စုဆောင်းရန် ကြိုးစားလျက် ရှိသည်။<ref>{{cite web|title=A Race Against Time|url=http://www.irri.org/publications/annual/pdfs/ar2000/Race.pdf|archive-url=https://web.archive.org/web/20070614081343/http://www.irri.org/publications/annual/pdfs/ar2000/Race.pdf|archive-date=14 June 2007|access-date=27 June 2010|accessdate=12 September 2021|archivedate=14 June 2007|archiveurl=https://web.archive.org/web/20070614081343/http://www.irri.org/publications/annual/pdfs/ar2000/Race.pdf}}</ref>
 
[[File:Morning market in Vientiane.JPG|thumb|ဗီယင်ကျန်းရှိ နံနက်ခင်းဈေး]]