ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လါ +လာ, -ညာဖက် +ညာဘက်, -လျှက် ရှိ +လျက် ရှိ)
စာကြောင်း ၁၄ -
 
== ပထဝီနယ်မြေ ==
မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် [[ရခိုင်လူမျိုး|ရခိုင်]]၊ [[ကမန်လူမျိုး|ကမန်]]၊ [[ခမီလူမျိုး|ခမီ]]၊ [[ဒိုင်းနက်လူမျိုး|ဒိုင်းနက်]]၊ [[မရမာကြီးလူမျိုး|မရမာကြီး]]၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် [[မောင်တောခရိုင်]]၊ [[မေယုတောင်တန်း]]၊ [[ဘူးသီးတောင်မြို့နယ်]]၊ စိုင်းဒင်([[စိုင်းတင် ရေတံခွန်|စိုင်းဒင်ရေတံခွန်]])ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည်။[[ပုဏ္ဏားကျွန်းမြို့နယ်]] ၊စမ်းပတီးချောင်းတစ်လျှောက်၊ [[ကျောက်တော်မြို့နယ်]] နှင့် [[ချင်းပြည်နယ်]] ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း၊ နုတ်ရာဇဝင် မှတ်တမ်းများအရ ဤသို့ ဆိုသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်က[[မဇ္ဈိမဒေသ]]တစ်နေရာတွင် ကုသဝတီပြည်ရှိလေသည် ။ ထိုပြည်တွင် ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက် လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင် ဝါ ရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက် နေ ထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။ သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသော ခံတပ်ကြီး သဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု [[သမိုင်း]]ကဆိုသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ၊အချွန် သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည် နေရာလုနေကြသည် ဟုမှတ်ယူနိုင်သည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည်။ မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်သည်။ မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန် ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုသည်။ ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက် ပေါက်တစ်ပေါက်သာရှိလေသည်။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် ''မရုပ်နေဘရီးကအဲဒတ်''ဟုခေါ်ကြသည်။မရုပ်နေဘရီးကအဲဒတ်ဟုခေါ်ကြသည်။ သို့သော် ဤ တစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်း လုံးစုဝေး၍ နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျား အရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည်။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီး ခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို ''မရူ'' ''မရုပ်''ဟူသောမရုပ်ဟူသော အခေါ်မှ ''မရို'' ဟု ပြောင်းလဲ လာခဲ့ပေသည်။ ''မရို'' ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် ''မြို'' ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ''မြို'' တို့သည် ဥဒလင်း၊ မီးချောင်း၊ကလပ်ချောင်း၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည်။ ထို့ကြောင့် ''မြို'' သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္ဈပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။ အနောက်မဇ္ဈိမမှ စစ် ဘေးဒဏ်ကြောင့် မြို တို့သည် [[ဟိမဝန္တာ တောင်တန်း|ဟိမဝန္တာ]]တောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာ စကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း [[အာသံပြည်နယ်|အာသံ]]၊ [[မဏိပူရပြည်နယ်|မဏိပူရ]]မှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် [[ကျောက်ပန်းတောင်]]နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြ သည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ‌‌‌‌‌ဒေသ ဘန်ဒရာဘင်([[Bandarban]] )၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း၊ မီးချောင်း၊ [[ကုလားတန်မြစ်|ကုလာတန်မြစ်]]ကြော မှ ယင်းမှတစ်ဆင့် အချို့သည် [[ကစ္ဆပနဒီ]](ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရစ္ဆာန်ရန်မှလည်းကောင်း၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲ တိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက [[မြိုဘာသာစကား|မြို ဘာသာစကား]]၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ် တမ်း များ တင်ခဲ့ကြသည်။<ref>.မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)<br /></ref>
 
== သမိုင်း ==