ကမာရွတ်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဘက် +မြောက်ဘက်)
စာကြောင်း ၂၈ -
ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၂၃|date=ဒီဇင်ဘာ ၂၀၁၃}}</ref>
 
ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင်[[မြောက်ဘက်]]တွင် [[လှိုင်မြို့နယ်]]၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် [[ကြည့်မြင်တိုင်မြို့နယ်]]၊ အရှေ့ဘက်တွင် [[အင်းယားကန်]]၊ [[ဗဟန်းမြို့နယ်]]နှင့် [[မရမ်းကုန်းမြို့နယ်]]၊ တောက်ဘက်တွင် [[စမ်းချောင်းမြို့နယ်]]တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
 
ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သော [[ပြည်လမ်း]]သည် ဤမြို့နယ်ကို ဖြတ်သန်းသွားသည်။ [[ရန်ကုန်တက္ကသိုလ်]]၊ [[ဆေးတက္ကသိုလ်(၁) ရန်ကုန်]]၊ [[ရန်ကုန် စီးပွားရေး တက္ကသိုလ်]]၊ [[ရန်ကုန်ပညာရေးတက္ကသိုလ်]]၊ [[အဝေးသင်တက္ကသိုလ်(ရန်ကုန်)]]၊ [[တီတီစီလေ့ကျင့်ရေးကျောင်း]]၊ သတင်းပြန်ကြားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ဆင်မလိုက်ဈေး၊ [[ဂျန်ရှင်းစကွဲစင်တာ]]၊ [[လှည်းတန်းစင်တာ]]၊ [[စိန်ဂေဟာ]](လှည်းတန်း)တည်ရှိသည်။