ဖလမ်းခရိုင်: တည်းဖြတ်မှု မူကွဲများ

add data
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
add data
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၈ -
==လူဦးရေ==
၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်၏ လူဦးရေမှာ ၁၆၇,၅၇၈ ဖြစ်ကာ ကျား ၈၁,၂၄၂ နှင့် မ ၈၆၃၃၆ ဖြစ်သည်။ဖလမ်းခရိုင်တွင် တီးတိန်မြို့နယ်မှာ လူနေအထူထပ်ဆုံးဖြစ်သည်။မြို့ပြတွင် ၃၁,၃၇၅ဦးနေထိုင်ကာကျေးလက်တွင် ၁၃၆,၂၀၃ဦး နေထိုင်ကြသည်။မြို့ပြနေရာခိုင်နှုန်းမှာ ၁၈.၇ရာခိုင်နှုန်းဖြစ်သည်။
==စီးပွားရေး==
ဖလမ်းခရိုင်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ခရိုင်ဖြစ်သည်။ခရိုင်အတွင်းနေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ပန်းသီး၊ လိမ္မော်၊ ကော်ဖီများ စိုက်ပျိုးကြပြီး [[ကလေးမြို့]]သို့ တင်ပို့ကြသည်။တွန်းဇံမြို့နယ်ရှိ [[ရိဒ်ခေါဒါရ်မြို့|ရိဒ်ခေါဒါရ်]]တွင် အိန္ဒိယနှင့် ကုန်သွယ်လမ်းကြောင်းရှိသည်။
==ပို့ဆောင်ဆက်သွယ်ရေး==
ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲခဲ့သော ပြည်နယ်ဖြစ်ခဲ့သည်။နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ အတော်အသင့်ကောင်းမွန်လာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ​နေဆဲဖြစ်သည်။ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်သည့် [[ဆူရ်ဘုန်လေဆိပ်]]မှာ ဖလမ်းမြို့တွင် ၂၀၂၀ပြည့်နှစ်အတွင်းက တည်ဆောက်ပြီးစီးပြီဖြစ်သည်။<ref>{{Cite news|date=|url=https://burma.irrawaddy.com/news/2020/06/04/223963.html?__cf_chl_jschl_tk__=pmd_J5_1D0QvKPLHdDaFLx2pb3tvmB.luShWzbO8oenM.AE-1634268772-0-gqNtZGzNAhCjcnBszQql |title=ကိုဗစ်-၁၉ ကြောင့် ချင်းပြည်နယ် ပထမဆုံးလေယာဉ်ကွင်း ဖွင့်ရန် နှောင့်နှေးနေ}}</ref>ခရိုင်အတွင်း ရဟတ်ယာဉ်ကွင်းများလည်း တည်ရှိသည်။ကလေးမြို့သို့ အဝေးပြေးယာဉ်များ ပုံမှန်ပြေးစွဲလျက်ရှိကာ ထိုမှနေ၍ ကျန်သောပြည်နယ်၊တိုင်းများသို့ သွားလာနိုင်သည်။ခရိုင်အတွင်းရှိ မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သည်။
==ပညာရေး==
၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် စာတတ်မြောက်သူရာခိုင်နှုန်း ၈၇.၄%ရှိသည်။
==ကျန်းမာရေး==
ဖလမ်းမြို့နယ်တွင် ကုတင် (၂၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တီးတိန်မြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တွန်းဇံမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံနှင့် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ တည်ရှိကြသည်။ထို့အပြင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိသည်။
 
== ကိုးကား ==
{{reflist}}