မေးလာ့ဒ် ဖီးလ်မိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လက်ညိုး +လက်ညှိုး)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၄၇ -
နယူးယောက်အနောက်ပိုင်းရှိ တောတွင်းသစ်လုံးအိမ်လေးတွင် မွေးဖွားသည်။ ကျောင်းနေခဲ့ဖူးခြင်းမရှိ။ ၁၄နှစ်သားတွင် စက်ချုပ်ဆိုင်အကူ အဖြစ်အသက်မွေးသည်။ ဥပဒေဘာသာရပ်ကို စိတ်ပါဝင်စားပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သဖြင့် အသက် ၂၃နှစ်တွင် ရှေ့နေဖြစ်လာသည်။ နိုင်ငံရေးနယ်ပယ်တွင် ကြိုးစားပမ်းစား တိုးဝင်သဖြင့် ဒုသမ္မတဖြစ်လာခြင်းဖြစ်သည်။
 
ဖီးလ်မိုး သည် ပုံစံပျော့ပျောင်းပြီး ဒုသမ္မတရာထူးအတွက် သင့်လျှော်သည်။ သို့သော် သမ္မတတစ်ဦးအနေဖြင့်အား ပျော့လွန်းသည်ဟု သတ်မှတ်ကြသည်။ သူ့မူဝါဒမှာ ရွှေပြည်အေးမူဝါဒဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုကို ရှေ့တန်းတင်သည်။ ထိုသို့သော သဘောတရားများဖြင့် သူတင်ပြသည့် စေ့စပ်ညှိနှိုင်းရေး ဥပဒေ (Compromise of 1850)သည်သာလျှင် သူ့သမ္မတသက်တမ်းအတွက် တစ်ခုတည်းသော အောင်မြင်မှုဟု လက်ညှိုးထိုးပြနိုင်သည်။ ထို ဥပဒေထွက်ပေါ်လာသည်ကြောင့် ငွေဝယ်ကျွန်ပြဿနာပြေလည်ပြီး ပြည်တွင်းအကွဲအပြဲ မပေါ်နိုင်တော့ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့် ဆယ်စုနှစ်တစ်ခုမျှ ပြဿနာကို ဆွဲဆန့်ပေးသွားနိုင်ခြင်း သာဖြစ်သည်။ ထိုရွှေပြည်အေး ဥပဒေပါနောက်ဆုံး အပိုဒ်ဖြစ်သည့် ထွက်ပြေးကျွန်များ ပြန်လည်းဖမ်းဆီးပေးပို့သောပြန်လည်ဖမ်းဆီးပေးပို့သော ဥပဒေကြောင့် အကွဲအပြဲမှာ အတွင်းကြိတ်နက်ရှိူင်းလာပြီး နောက်ဆုံးတွင် တောင်-မြောက်နှစ်ပိုင်းကွဲပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာရသည်။ ဖီးလ်မိုး၏ တိုတောင်းလှသော သမ္မတသက်တမ်းအတွင်း အိမ်ဖြူုတော်တွင် ရေနွေးစိမ်ချိုးနိုင်သော ရေချိုးကန်တပ်ဆင်ခဲ့သဖြင့် နောင်[[အိမ်ဖြူတော်]]တွင် နေသူများ ဇိမ်ရှိရှိ ရေချိုးနိုင်သည်ဟု ပြောစမှတ်ရှိကြသည်။
 
ထိုထွက်ပြေးကျွန် ဥပဒေကို သက်ဝင်စေရန် သမ္မတတွင်တာဝန်ရှိသည်။ ထို့ကြောင့်ပင် သမ္မတ ဖီးလ်မိုးက စစ်တပ်များဖြင့် ထွက်ပြေးကျွန်များကို ဖမ်းဆီးစေသည်။ ထို့ကြောင့် အမြင်မတူများတွင် လူဆိုးဆန်လာသည်။ ထောက်ခံမှုများကျဆင်းလာသည်။ အထူးသဖြင့် မြောက်ပိုင်းသားများ၊ အထူးသဖြင့် သူ့ဇာတိ ဘတ်ဖဲလိုကပင် သူ့ကို အမြင်မကြည်လင်တော့ပေ။ (ဘတ်ဖဲလို မှာ ကနေဒါနယ်စပ်အနီးတွင် တည်ရှိပြီး ငွေဝယ်ကျွန်များအတွက် ထွက်ပြေးပေါက်ကြီးလည်း ဖြစ်သည်။) သို့ဖြင့် သူ၏ ပါတီဖြစ်သည့် ဝှစ်ပါတီက သူ့အားနောက်တစ်ကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရန် မထောက်ခံတော့ပေ။ ဝှစ်ပါတီအနေဖြင့်လည်း ဖီးလ်မိုးမှာ ပါတီအတွက် နောက်ဆုံးသမ္မတလည်း ဖြစ်ခဲ့ရသည်။ ထိုနောက်တွင် ပါတီပျက်ကာ ရီပါပလီကန် ပါတီသစ် (Republican) ပေါ်ထွက်လာသည်။
 
တစ်ဖက်တွင်မူ ဖီးလ်မိုး၏ ထူးခြားသည့် ဆောင်ရွက်ချက်အချို့လည်းရှိပါသေးသည်။ အကြောင်းအရာအားဖြင့် စာဖွဲ့လောက်သည် မဟုတ်သော်လည်း ယနေ့ကမာ္ဘအတွက်မူယနေ့ကမ္ဘာအတွက်မူ ထူးခြားသည့် အကျိုးသက်ရောက်မှုရှိစေသည့် အပြောင်းအလဲဟုဆိုနိုင်သည်။ “တံခါးပိတ်ဝါဒ ကျင့်သုံးသည့် [[ဂျပန်နိုင်ငံ]]ကို ရေတပ်ဗိုလ်ချုပ် ပယ်ရီက အမြောက်ဖြင့် ပစ်၍ တံခါးဖွင့်စေခဲ့သည်။” ဟူသော အဆိုအတိုင်း [[ဗိုလ်ချုပ် မက်သရူး ပယ်ရီ]]ကို ဂျပန်သို့ စေလွှတ်ခဲ့သူမှာ အခြားသူမဟုတ် ဖီးလ်မိုး ပင်ဖြစ်သည်။ ထိုသို့ ကုန်သွယ်မှု တံခါးဖွင့်စေခဲ့သည့် အတွက် ဖီးလ်မိုးအတွက် မည်သို့မျှ မကျိုးမဖြစ်စေတော့ပေ။အကျိုးမဖြစ်စေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ် ပယ်ရီ အမြောက်ပစ်ဖောက်ချိန်တွင် အိမ်ဖြူတော်၌ ဖီးလ်မိုး မရှိတော့ပေ။ ၁၈၅၅တွင် ဥရောပသို့ ခရီးလှည့်လည်ရာ [[အောက်စဖို့ဒ် တက္ကသိုလ်]]မှ လက်တင်ဆိုင်ရာ ဘွဲ့တစ်ခုချီးမြှင့်သေးသည်။ သို့သော် ဖီးလ်မိုးက ကိုယ်မတတ်ကျွမ်းသည့် ဘာသာရပ်တစ်ခုအတွက် ပေးအပ်သည့် ဘွဲ့ကို လက်မခံသင့်ဟု ဆိုကာပယ်ချခဲ့သည်။ ၁၈၅၆တွင် ဖီးလ်မိုးတစ်ယောက် အမေရိကန်ပါတီဟူသော ပါတီငယ်တစ်ခုမှ ဝင်အရွေးခံသော်လည်း ရှုံးနှိမ့်ခဲ့သည်။
 
== ကိုးကား ==