စာကြောင်း ၈၅ -
 
==အသုံးချမှု==
Anki ကို မူလအသုံးပြုကြသည်မှာ ဘာသာစကားလေ့လာခြင်းတွင် ဖြစ်သည်။ ၎င်းကိုပင် အခြားသော နယ်ပယ်များတွင် အသုံးပြုသည်လည်း ရှိသည်။ သိပ္ပံပညာရှင် Michael Nielsen က လျှင်မြန်စွာရွေ့လျားခြင်းဆိုင်ရာနယ်ပယ်ရှိ ရှုပ်ထွေးသည့်အကြောင်းအရာများကို မှတ်မိစေရန် အသုံးပြုကြသည်။ နောက်ထပ် အသုံးပြုကြည်များမှာ မှတ်သားထိုက်သည့် အဆိုအမိန့်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာများ၊ စီးပွားရေးလုပ်ငန်းဆောင်တာအင်တာဗျူးများကို မှတ်မိကြစေရန် အသုံးပြုကြသည်လည်း ရှိသည်။
 
၂၀၁၀ ခုနှစ်တွင် Roger Craig သည် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ quiz show Jeopardy တွင် ဆုရရှိခဲ့သည်။ ၎င်းသည် များပြားသည့် အချက်အလက်များကို မှတ်မိစေရန် Anki ကို အသုံးပြုခဲ့သည်။
 
===ဆေးဘက်ဆိုင်ရာပညာရေး===
Anki သည် အမေရိကန်နိုင်ငံရှိ ဆေးပညာကျောင်းသားများစွာအကြားတွင် အရေးပါသည့် ရင်းမြစ်တစ်ခုအဖြစ် လျှင်မြန်စွာ ဖြစ်လာလျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ဝါရှင်တန်တက္ကသိုလ် ဆေးဘက်ဆိုင်ရာကျောင်းတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ကျောင်းသား ၃၁ ရာခိုင်နှုန်းက Anki ဆော့ဝဲကို ဆေးဘက်ဆိုင်ပညာရေးလေ့လာမှုရင်းမြစ်တစ်ခုအနေဖြ်င့ အသုံးပြုလျက်ရှိသည်ဟု တွေ့ရှိခဲ့သည်။ ထို့ကဲ့သို့ တူညီသည့် လေ့လာမှုတစ်ခုတွင် မတူညီသည့် Anki card များနှင့် USMLE Step 1 score အကြားတွင် အပြုသဘောဆောင်သည့် ဆက်စပ်မှုရှိသည့်ကို တွေ့ရသည်။ Boards နှင့် Beyond ကဲ့သို့သော အခြားသော third-party ရင်းမြစ်များသည် Anki deck များအပေါ်တွင် အခြေခံကာပါဝင်ကြသည်။
"https://my.wikipedia.org/wiki/Anki" မှ ရယူရန်