ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာလုံးထည့်သွင်းသည်။
စာကြောင်း ၁၁ -
 
[[မြိုကရာမာ ဘာသာ]]|related_groups=[[ချင်းလူမျိုး ]]|total_year=၂၀၂၀}}
[[တိဗက်-မြန်မာ|တိဗက်- မြန်မာ]] အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် [[ရှေးဟောင်းမြိုလူမျိုး]]တို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန် ပြည်၊ [[စစ်တကောင်းတောင်တန်းဒေသ|စစ်တကောင်း တောင်တန်း]]၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင် စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ် များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ် ရှည် ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီး စပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်း နှောင် ၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကို င် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက် ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။ မြိုလူမျိုးတို့သည် တချိန် က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ [[မြိုမင်းဆက်]] နန်းတက် ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခု အခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။</ref>ဤ ဆောင်းပါးတွင်ဖော်ပြသည့်မြိုလူမျိုးများဆိုရာတွင် ရခိုင်လူမျိုးတို့က မြို(mro) ဟုလည်းကောင်း၊ မီဇိုးချင်းတို့က မီရီယား (Miria) ဟုလည်းကောင်း၊ ခူမီးချင်းတို့က လောင်ဟူး(Lawnghu) ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်မှခမီတို့က ဒါက်(Dak) ဟုခေါ်ဆို သောလူမျိုးများဖြစ်သည်။ ဘင်္ဂလီတို့က မူရုန်,မြုံ(Murung) ဟုလည်းကောင်းခေါ်ဆိုပြီး ၎င်းတို့ကိုယ်တိုင်၏ မိခင်ဘာသာစကားဖြင့် မရူ၊ မရူစား (Mru, Mrucha) အဖြစ်ခေါ်ကာ စာပေရေး သားရာတွင်လည်း မြို နှင့် [[မြူလူမျိုး|မြူ]] ([[Mro]] and Mru) နှစ်မျိုးစလုံးဖြင့်အသုံးပြုရေးသားသည့် လူမျိုးများကိုဆိုလိုခြင်းဖြစ်သည်။ ချင်းပြည်နယ်မီးချောင်းနှင့် ရခိုင်ပြည် နယ်အတွင်းမှ အခြားလူမျိုးများနှင့်ကွဲပြား စွာ သိနိုင်ပေသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်ထောင်စုသန်ခေါင်စာရင်း ကောက်ယူရာ၌ ကုတ်နံပါတ်တွင် (၇၀၆) အဖြစ်ဖော်ပြထားသော [[Mro Race]] မြိုတိုင်း ရင်းသားလူမျိုးစုဖြစ်သည်။
 
== ပထဝီနယ်မြေ ==