ဂျေ ပီ မော်ဂန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီးပွါး +စီးပွား)
 
စာကြောင်း ၂ -
'''ဂျွန် ပိုင်ယာပွန့် မော်ဂန်''' (၁၈၃၇ ဧပြီ ၁၇ - ၁၉၁၃ မတ် ၃၁) သည် [[အမေရိကန်ပြည်ထောင်စု|အမေရိကန်]]နိုင်ငံသား ဘဏ္ဍာရေးလုပ်ငန်းရှင်နှင့် ဘဏ်သူဌေးဖြစ်ပြီး အမေရိကန်ရွှေခေတ်တွင် [[ဝေါလ်လမ်း|ဝေါလမ်း]]ရှိ ကော်ပိုရိတ်ဘဏ္ဍာရေးရာကို လွှမ်းမိုးခဲ့သူ ဖြစ်၏။ <ref>"[https://www.britannica.com/biography/J-P-Morgan J.P. Morgan]". ''Encyclopædia Britannica''.</ref> နောင်တွင် ဂျေပီမော်ဂန် (J.P. Morgan & Co.) အမည်ရှိ လုပ်ငန်းကြီးဖြစ်လာမည့် ဘဏ်လုပ်ငန်းတခုကို ခေါင်းဆောင်ခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းရှိ အမေရိကန်၏ စက်မှုလုပ်ငန်းများပေါင်းစပ်ဖွဲ့စည်းရေးလှိုင်း၏ အဓိကတွန်းအား ဖြစ်၏။
 
ဝေါလမ်းမ၌ ကျင်လည်စဉ် မော်ဂန်သည် နာမည်ကြီး နိုင်ငံတကာကော်ပိုရေးရှင်းများဖြစ်သော ယူအက်စတီး၊ အင်တာနေရှင်နယ်ဟာဗက်စတာနှင့် [[ဂျန်နရယ် အီလက်ထရစ်|ဂျန်နရယ်အီလက်ထရစ်]]သို့သော လုပ်ငန်းတို့ကို သူ၏ကြီးကြပ်မှုအောက်ရောက်အောင် စီမံနိုင်ခဲ့သည်။ သူ၏ သူ့လုပ်ဖော်ကိုင်ဖက်များသည် အခြား အမေရိကန်စီးပွါးရေးလုပ်ငန်းများကိုလည်းအမေရိကန်စီးပွားရေးလုပ်ငန်းများကိုလည်း ထိန်းချုပ်ရာ ၎င်းတို့တွင် အက်တနာ (ဆေးနှင့်ဆေးဘက်အာမခံလုပ်ငန်း)၊ ဝက်စတန်းယူနီယံ (ဘဏ္ဍာရေးလုပ်ငန်း)၊ ပူးမန်း (ကားကုမ္ပဏီ) နှင့် ရထားလုပ်ငန်း ၁၂ ခုတို့ ပါဝင်သည်။ <ref>Ward, Geoffrey C.; Burns, Ken (2014). ''The Roosevelts: An Intimate History''. Alfred A. Knopf. p. 78. ISBN <bdi>978-0-307-70023-0</bdi>.</ref> အမေရိကန်၏ဘဏ္ဍာရေးကို မိမိပိုင်ပိုင် အုပ်ကွပ်နိုင်သောကြောင့် မော်ဂန်သည် နိုင်ငံရေးမူဝါဒနှင့် ဈေးကွက်အင်အားကိုလည်း ခြယ်လှယ်နိုင်ခဲ့၏။ ၁၉၀၇ ခု၌ ဈေးကွက်လန့်မှုဖြစ်သော် ဘဏ္ဍာရေးလုပ်ငန်းရှင်များအဖွဲ့ကို ဖွဲ့စည်းကာ အမေရိကန်၏ ငွေကြေးစနစ် ပြိုလဲမသွားရန် ကာကွယ်သည်။
 
၁၉၁၃ ခုတွင် အီတလီနိုင်ငံ၊ ရောမမြို့၌ ရောက်နေစဉ် အိပ်ပျော်ရင်း လွန်သည်။ အတ္ထုပ္ပတ္တိရေးဆရာ ရွန်ချာနိုး၏ အဆိုအရ သူ့သား မော်ဂန်ငယ်ကို ဒေါ်လာ သန်း ၈၀ (၂၀၁၉ ငွေတန်ဖိုးဖြင့် ၁.၂ ဘီလီယံ) မျှ ချန်ထားခဲ့ကြောင်း သိရ၏။ ထိုပမာဏကို [[ဂျွန် ဒေးဗီဆန် ရော့ကဖဲလား|ရော့ဖဲလာ]]ကမူ "သူဌေးတောင် မဟုတ်ဘူး" ဟု ပြောခဲ့သည်။ <ref>"[https://web.archive.org/web/20190522081232/http://www.learner.org/series/biographyofamerica/prog17/transcript/page03.html John Pierpont Morgan and the American Corporation]". Biography of America. Archived from the original on May 22, 2019. </ref>