နဂါး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၉ -
==မြန်မာ့နဂါး သမိုင်း==
[[Image:85001,1218048666,61.jpg| thumb|စစ်ကိုင်းတောင်၊ မြန်မာ]]
===ဗုဒ္ဓကျမ်းဂန်လာ ကာဠနဂါး===
*(ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည်။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏။) ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ ၊ ယံ တဿ ကပ္ပါယုကတာ ဝုတ္တာ ။” “ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာ၀ဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည်။
 
*ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း ။ ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏။ (ဘုရားငါးဆူထက်ပို၍ ပွင့်သောကမ္ဘာဟူ၍လည်းမရှိ။) ထိုမျှအအိပ်ကြီးသော သတ္တဝါဟူ၍ မကြားမသိရပါ။
 
*ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။ မဟာဗုဒ္ဓ၀င်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏ ။ ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ၀ဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏။
 
*ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ”ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏ ။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထဝီမြေကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့သို့ ဖြစ်ရှိနေပေ၏။) ( မဟာဗုဒ္ဓ္ဓ၀င် ၊ ဒု၊၂၇၈ )
 
*(ကာဠ နာဂရာဇံ သုပန္တံ ဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓဝံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ၏။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏။)
 
*ကာလနဂါး၏ သက်တမ်းကား တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုပါသည်။
 
*ကာဠနဂါး၏ အရွယ်ပမာဏကို ကျမ်းဂန်တို့၌ မတွေ့မိပါ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍
#နဂါးချင်း မေထုန်မှီဝဲသောအခါ
#စိတ်ချလက်ချ အိပ်ပျော်သော အခါ
#ပဋိသန္ဓေနေစဉ်အခါ
#အရေဟောင်းကို စွန့်သောအခါ
#စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။
 
 
*မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏။ သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်းအဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်၀န်းသော မေဉ္ဖရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါ၀ဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။
 
*ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ၀မ်းမြောက်၀မ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။
 
*စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။
 
*တစ် နံပါတ် ပုစၦာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။
<ref>အရှင်ကောဝိဒ (ယော)၏ မြတ်ပန်းရဂုံ ဘလောဂ့်မှ</ref>
 
[[သရေခေတ္တရာ]]၊ [[ဗိဿနိုး]]၊ [[ဟန်လင်းကြီး]] စသော ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်ကပင် နဂါးရုပ်များ ရှိခဲ့သည်။ ပျူလူမျိုးတို့ ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာများတွင် နဂါးရုပ်များပါဝင်ပေသည်။ လက်ကောက်၊ ခြေကျင်း စသော ပန်းထိမ်လက်ရာများတွင် နဂါးခေါင်း၌ အချွန်အမောက်များ ပါရှိပြီး ကိုယ်ထည်တွင် ရွှေနန်းလိမ်များဖြင့် ကျစ်ကာ ဖော်ထားသည်။
 
"https://my.wikipedia.org/wiki/နဂါး" မှ ရယူရန်