မြဝတီခရိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး add data
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
add data
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၉ -
**[[ဝေါလေမြိုင်မြို့]] (ဝေါလေမြို့)
==သမိုင်းကြောင်း==
၁၉၄၅ခုနှစ်တွင် မြဝတီမြို့သည် တရုတ်ဖြူများ၏ သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ထို့ကြောင့် မြန်မာ့[[တပ်မတော်]]မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်။ မြဝတီမြို့နယ်သည် [[ဘားအံခရိုင်]]၊ ကော့ကရိတ်နယ်တွင်ပါဝင်ခဲ့သော မြို့နယ်ဖြစ်သည်။ကော့ကရိတ်နယ်တွင် [[ကော့ကရိတ်မြို့နယ်|ကော့ကရိတ်]]၊ [[ကြာအင်းဆိပ်ကြီးမြို့နယ်|ကြာအင်း]]၊ [[မြဝတီမြို့နယ်|မြဝတီ]]ဟူ၍ မြို့နယ်(၃)ခု ပါဝင်သည်။၁၉၉၅ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့တွင် မြဝတီမြို့နယ်အား မြဝတီခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
မြဝတီခရိုင်တွင် မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ စုကလိမြို့နယ်ခွဲတို့ ပါဝင်ခဲ့သည်။၂၀၁၄-၂၀၁၅ခုနှစ်များတွင် မြို့နယ်ခွဲဟူသော စကားရပ်များကို ပယ်ဖျက်ပြီး မြို့အဆင့်သာ ပြန်လည်သတ်မှတ်ခဲ့သဖြင့် မြဝတီမြို့နယ်တစ်ခုသာ ကျန်ရှိတော့သည်။ထို့ကြောင့် မြဝတီခရိုင်သည် မြဝတီမြို့နယ်ဖြစ်ကာ မြဝတီမြို့နယ်သည် မြဝတီခရိုင်ဖြစ်သည်။
စာကြောင်း ၆၃ -
==လူဦးရေ==
၂၀၁၄သန်းခေါင်စာရင်းအရ မြဝတီခရိုင်တွင် လူဦးရေ ၂၁၀,၅၄၀ ဦးရှိကာ အမျိုးသား ၁၀၇,၆၀၇ဦး၊ အမျိုးသမီး ၁၀၂,၉၃၃ဦးဖြစ်သည်။ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် တတိယမြောက် လူဦးရေအများဆုံးဖြစ်သည်။မြို့ပြတွင် ၁၁၆,၅၈၀ဦးနေထိုင်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၅၅.၄ရာခိုင်နှုန်းဖြစ်သည်။[[ကရင်လူမျိုး]]များနှင့် [[ဗမာလူမျိုး]]များ အများဆုံးနေထိုင်ကြသည်။ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
==စီးပွားရေး==
မြဝတီခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးကောင်းမွန်သော ခရိုင်တစ်ခူဖြစ်သည်။ခရိုင်ရုံးစိုက်ရာ မြဝတီမြို့မှာ အရေးပါသော နယ်စပ်မြို့ဖြစ်သဖြင့် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားသည်။ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ စသည်တို့လည်းတည်ရှိသည်။ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းတို့ကို အဓိကစိုက်ပျိုးကာ [[ထိုင်းနိုင်ငံ]]သို့ အများဆုံးတင်ပို့သည်။ထိုင်းနိုင်ငံဘက်ခြမ်းရှိ [[မဲဆောက်မြို့]]သို့ သွားရောက်လည်ပတ်သည့် မြဝတီ-မဲဆောက်ခရီးစဉ်များကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။<ref>{{cite web|url=https://myanmar.mmtimes.com/travel/105520.html|title=နယ်စပ်ဒေသ မြဝတီ-မဲဆောက်သို့}}</ref>
==ပို့ဆောင်ဆက်သွယ်ရေး==
မြဝတီခရိုင်သည် မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။အာရှနိုင်ငံများကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်းမကြီး (၁)မှာ မြန်မာနိုင်ငံ၌ မြဝတီမြို့တွင် အစပြုသည်။မြဝတီမြို့တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂)တို့ရှိသည်။မြဝတီမြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ သထုံ၊ တောင်ငူ စသည့်မြို့များသို့ အဝေးပြေးယာဉ်များဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။
==ပညာရေး==
၂၀၁၄သန်းခေါင်စာရင်းအရ မြဝတီခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၈၁.၁ရာခိုင်နှုန်းဖြစ်သည်။
==ကျန်းမာရေး==
မြဝတီခရိုင်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံတို့ တည်ရှိသည်။
 
== ကိုးကား ==