မင်းအောင်လှိုင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
Thaw Myat Maung (Zaw) (ဆွေးနွေး) ၏ တည်းဖြတ်မူ 710612 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၆၆ -
သူသည် [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]] ရာထူးကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်နေ့တွင်လက်ခံခဲ့သည်။ သူသည် [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]] ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် [[အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ|အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ]]၏ (NDSC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။<ref>http://www.burmalibrary.org/docs5/Myanmar_Constitution-2008-en.pdf</ref> သူသည်ယခင်က မြန်မာနိုင်ငံ[[မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန|ကာကွယ်ရေးဝန်ကြီးဌာန]]၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်သည်။<ref>https://www.irrawaddy.com/news/burma/min-aung-hlaing-appointed-vice-senior-general.html</ref>ရခိုင်ပြည်နယ်ရှိ [[ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု]] စွပ်စွဲချက်များ တွက်အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်၍ [[၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း|တပ်မတော်အာဏာသိမ်း]] ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
 
==ကိုယ်ရေးအကျဉ်း==
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကြည်း ၁၄၂၃၂)<ref>{{cite web |title=တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြန်လည်အတည်ပြုခန့်အပ်ခြင်း|url=https://www.gad.gov.mm/sites/default/files/3_ttpmettaakaakyeruiiciikhpaphc_pnlnnyattnnypkhnapkhng.pdf}}</ref> ကို ခရစ်နှစ် ၁၉၅၅-ခုနှစ်တွင် [[တနင်္သာရီတိုင်းဒေသကြီး]]၊ [[ထားဝယ်မြို့]]တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးသောင်းလှိုင်မှာ ဌာနဆိုင်ရာ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို [[အ.ထ.က(၁)လသာ]] (Central) ကျောင်းမှ အောင်မြင်ခဲ့သည်။<ref>[http://burmese.voanews.com/content/article-04-02-11-soldiers-talk054-119117354/1245642.html တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)]</ref> ၁၉၇၃-၇၄ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]] ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် [[စစ်တက္ကသိုလ်]] ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၉) ဝင်ခွင့်ရရှိခဲ့ရာ [[ပြင်ဦးလွင်မြို့]]ရှိ [[စစ်တက္ကသိုလ်]]သို့ တက်ရောက်သည်။ အရာရှိငယ်ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ (အမှတ်(၃၆၉)ခြေမြန်တပ်ရင်း)နမခလက်အောက်ခံတပ်ရင်း တပ်ရင်းမှူး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးမှူး(ပထမတန်း)နှင့် နည်းဗျူဟာမှူး တာဝန်များ၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များအပြင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ၂၀၁၁ မတ် ၃၁ မှ စတင်ကာ [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]] ရာထူးကို ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
[[File:Thai delegation with Burmese SPDC.jpg|thumb|၂၀၁၀ပြည့်နှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်းနိုင်ငံဝန်ကြီးချုပ် [[အဘီစစ် ဝိဇ္ဇာဇီဝ]]အား လက်ခံတွေ့ဆုံရာ ထိုစဉ်ကညှိကွပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဘေးတွင်တွေ့ရစဉ်
]]
==တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်==
===၂၀၁၁-၂၀၁၆ : ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရ ကာလ===