ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
||
စာကြောင်း ၄၇ -
အောက်လွှတ်တော်တွင် ဟေးစ်သည် ရီပါပလီကန်တို့တင်သွင်းသည့် တောင်ပိုင်းဒေသများပြန်လည်ထူထောင်ရေးမူကို ထောက်ခံသည်။ မိသားစုနှင့် ခွဲခွာနေထိုင်ရသဖြင့် အဆင်မပြေသောကြောင့် အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးအတွက် ပြန်သွားအရွေးခံရာ ၁၈၆၇ နှင့် ၁၈၆၉ တို့တွင် နှစ်ကြိမ်ဆက် အရွေးခံရသည်။ ၁၈၇၂တွင် နိုင်ငံရေးမှ အနားယူသည်။ သို့သော် ကြာကြာနားခွင့်မရလိုက်။ ၁၈၇၃တွင် ဖြစ်ပေါ်လာသည့် ငွေကြေးပြဿနာနှင့် ဂရန့်အစိုးရအဖွဲ့အတွင်း ခြစားမှုများကြောင့် ရီပါပလီကန်ပါတီ ဩဇာကျဆင်းလာပြီး ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီမှ အင်အားကောင်းလာသည်။ သို့ဖြင့် ၁၈၇၅တွင် ရီပါပလီကန်ပါတီက ဟေးစ်အား အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံ၍အရွေးခံစေသည်။ ထိုရွေးကောက်ပွဲတွင် ဟေးစ်က နှာတစ်ဖျားအသာဖြင့် အနိုင်ရကာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ပြန်သဖြင့် ပါတီတွင်းတွင် သမ္မတလောင်းအဖြစ် အများက ရှုမြင်လာတော့သည်။ ၁၈၇၆ ပါတီညီလာခံတွင် ဟေးစ်ကို သမ္မတလောင်းအဖြစ် ရီပါပလီကန်ပါတီက သတ်မှတ်ကြေညာလိုက်သည်။
ရွေးကောက်ပွဲသည် တောင်ပိုင်းပြန်လည်တည်ဆောက်ရေးကို စိတ်ကုန်နေကြသည့် မြောက်ပိုင်းသားများ၊ အစိုးရအဖွဲ့၏ ခြစားမှုများ၊ အလုပ်လက်မဲ့ပြဿနာများ၊
ပွတ်ကာသီကာဖြင့် သမ္မတဖြစ်လာသူ ဟေးစ်သည် ပြဿနာတစ်ပုံတစ်ပင်ဖြင့် ရင်ဆိုင်ရတော့သည်။ ငွေကြေးဖောင်းပွမှုကြောင့် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်ကာ လူအများကျပ်တည်းပြီး မကျေမနပ်ဖြစ်နေကြသည်။ အလုပ်သမားများအနေဖြင့်လည်း လုပ်အားခအရနည်းသဖြင့်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲတွင်းနက်လာကြသည်။ ပိုဆိုးသည်မှာ [[လူဝီစီယားနားပြည်နယ်]]နှင့် [[တောင်ကယ်ရိုလိုင်းနားပြည်နယ်]]တို့တွင် ဒီမိုကရက်တစ်များက စင်ပြိုင်အစိုးရများဖွဲ့ကာ တရားဝင်အုပ်ချုပ်နေသည့် ရီပါပလီကန်တို့အပေါ် အာခံနေခြင်းဖြစ်သည်။ ရီပါပလီကန်တို့အနေဖြင့် ရုံးနားတစ်ဝိုက်တွင်သာ အာဏာရှိတော့သည့် အဖြစ်နှင့် ကြုံလာရသည်။ တိုင်းပြည်ခေါင်းဆောင်ဖြစ်သော ဟေးစ်အနေဖြင့် ဝတ္တရားရှိသည်အတိုင်း လွှတ်တော်တွင် ကြီးစိုးနေသည့် ဒီမိုကရက်တစ်များနှင့် အုပ်ချုပ်ရေးပိုင်းတွင် နေရာရနေကြသော ရီပါပလီကန်တို့အကြားတွင် စေ့စပ်ဖြန်ဖြေပေးရသည်။
ပြည်တွင်းစစ်တွင်းနှင့် စစ်လွန်ကာလများတွင် [[အေဘရာဟမ် လင်ကွန်း|သမ္မတလင်ကွန်း]]၏ တောင်ပိုင်းပြန်လည်ထူထောင်ရေးမူကို ၎င်းအားဆက်ခံကြသည့် [[အင်ဒရူး ဂျွန်ဆင်|သမ္မတဂျွန်ဆင်]] နှင့် [[ယူလီဆီးစ် ဆင်ပဆန် ဂရန့်|သမ္မတဂရန့်]]တို့က အားကြိုးမာန်တက် ဖော်ဆောင်တည်ဆောက်ပေးခဲ့ကြသည်။ သိုသော်
== သပိတ်ကြီး ==
|