မကွေးခရိုင်: တည်းဖြတ်မှု မူကွဲများ

update
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၆ -
မကွေးခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးပါးရေရှား ရပ်ဝန်းတွင် တည်ရှိသောကြောင့် ရာသီဥတုမှာ အပူအအေး မမျှဘဲရှိ၏။ နွေရာသီတွင် ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၈၅ ဒီဂရီအထက်ဖြစ်၍ ဆောင်းရာသီတွင် ဒီဂရီ ၆ဝ မျှအထိ ကျဆင်းသည်။ သို့သော် ခရိုင်တစ်ခုလုံးမှာ ယေဘုယျအားဖြင့် ကျန်းမာရေးဖြင့် ညီညွတ်သည်။ မိုးရေချိန်မှာ တစ်နှစ်လျှင် ၂၇ လက်မခန့်ဖြစ်သည်။
 
==လူဦးရေ==
၁၉၅၆ခုနှစ်တွင် မကွေးခရိုင်၏ လူဦးရေမှာ ၆၅၃,၂၇၄ဦးဖြစ်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးခရိုင်၏ လူဦးရေမှာ ၁,၂၃၅,၀၃၀ဦးဖြစ်ကာ အမျိုးသား ၅၆၇,၂၃၅ဦး၊ အမျိုးသမီး ၆၆၇,၇၉၅ဦးဖြစ်သည်။မကွေးတိုင်းအတွင်းရှိ ခရိုင်(၅)ခုတွင် လူဦးရေအများဆုံး ခရိုင်ဖြစ်သည်။မြို့ပြတွင်နေထိုင်သူ ၂၅၃,၀၇၄ဦးရှိကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၀.၅ရာခိုင်နှုန်းဖြစ်သည်။ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
== စီးပွားရေး ==
မကွေးခရိုင်တွင်း၌မ​ကွေးခရိုင်သည် မ​ကွေးတိုင်းအတွင်း စီးပွား​ရေး ဖွံ့ဖြိုးတိုးတက်မှုရှိ​သော ​​ဒေသဖြစ်သည်။ မကွေးခရိုင်အတွင်း၌ စိုက်ပျိုးရေး ဖြစ်ထွန်းသည်။ ဆန်စပါးကို အဓိက စိုက်ပျိုးသည်။ အထူးသဖြင့် ပင်းချောင်းနှင့် ယင်းချောင်းတစ်လျှောက်၊ တောင်တွင်းကြီးနယ် တစ်ဝိုက်တွင် အများဆုံး စိုက်ပျိုးသည်။ ဆန်စပါး အပြင်ကြက်သွန်ခင်းများကိုလည်း စိုက်ပျိုးသည်။ မြေအနိမ့်အမြင့် မညီသောကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သော အရပ်များ၌ နှမ်းနှင့်ပြောင်းတို့ကို စိုက်ပျိုးသည်။ မကွေးနှမ်းသည် ကောင်းမွန်သဖြင့်နာမည်ကျော်ပေသည်။ ရေနံ ချောင်း၊ နတ်မောက်နှင့် မကွေးမြို့နယ်များတွင် ပြောင်း၊ နှမ်း၊ မြေပဲနှင့် အာလူးတို့မှာ အဓိက ထွက်ကုန်ဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကမ်း တစ်လျှောက်နှင့် မြစ်အတွင်း ပေါ်ထွန်းသော ကျွန်းငယ်များပေါ်တွင် ငရုတ်၊ ပြောင်းဖူး၊ ဆေးရွက်ကြီးနှင့် ပဲအမျိုးမျိုးကို စိုက်ပျိုးသည်။
 
မကွေးခရိုင်သည် မြန်မာနိုင်ငံတွင် ရေနံအများဆုံး ထွက်သော ခရိုင်ဖြစ်သည်။ ရေနံချောင်းနှင့် ချောက်မြို့အနီးတွင် ရေနံတွင်းကြီး အမြောက်အမြားရှိသည်။ ခရိုင်တွင်းရှိ ပင်းချောင်းကမ်းပေါ်တွင် ဆားတွင်းအနည်းငယ် ရှိ၍၊ ယင်းချောင်းကမ်းတွင် ထုံးကျောက် အနည်းငယ်ရှိသည်။ ဤသည်တို့အပြင် မကွေးခရိုင် အရှေ့ဘက်တွင် ကြိုးဝိုင်းသစ်တောများရှိ၍ ကျွန်းပင် အများအပြား ပေါက်ရောက်သည်။ နာမည်ကျော် စလေဆီးသီးထွက်သော စလေသည်စလေမြို့သည် မကွေးခရိုင်တွင်း၌ ပါရှိသည်။ မကွေးဖန်ခါးသည်လည်း ထင်ရှားပေသည်။ မကွေးမှ ကွမ်းညှပ်၊ ဓားများလည်း ထွက်သည်။ထွက်သည်။ထို့ကြောင့် မကွေးခရိုင်မှ ထွက်သော ပစ္စည်းတို့မှာ ရေနံ၊ နှမ်းဆီ၊ ပဲဆီ၊ ဆန်စပါး၊ နှမ်း၊ ထန်းလျက်၊ မြေပဲ စသည်တို့ဖြစ်သည်။
ထို့ကြောင့် မကွေးခရိုင်မှ ထွက်သော ပစ္စည်းတို့ကား ရေနံ၊ နှမ်းဆီ၊ ပဲဆီ၊ ဆန်စပါး၊ နှမ်း၊ ထန်းလျက်၊ မြေပဲ စသည်တို့ဖြစ်၏။
 
== သယ်ယူပို့ဆောင်ရေး ==