ဆေးလိပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီးNo edit summary
စာကြောင်း ၁၂ -
၁၆၀၀-ပြည့်နှစ်ရောက်သောအခါ ဆေးရွက်ကြီးသည် ဥရောပတိုက်မှတဆင့် ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်မူ မြန်မာသက္ကရာဇ် ၉၉၁ (ခရစ်နှစ် ၁၆၂၉) သာလွန်မင်းတရား လက်ထက်တွင် ဆေးလိပ်သောက်ဆေး စတင်ရောက်ရှိလာကြောင်း အထောက်အထားများ အရ သိရှိရပါသည်။ စိန္တကျော်သူ၏ ဩဝါဒထူးပျို့တွင် ဆေးတံညို တတိုလောက်၊ ရော့သောက်တော့ပေး၊ ဆေးတအိုးကျွမ်း၊ ကွမ်းတယာညက်-စသော စကားများ ပါဝင်နေခြင်းက စိန္တကျော်သူ၏ လက်ထက် (မြန်မာနှစ် ၁၀၉၈-၁၁၃၃) (ခရစ်နှစ် ၁၇၃၆-၁၇၇၁) တွင် ဆေးလိပ်သောက်ခြင်းဓလေ့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။
 
မြန်မာသက္ကရာဇ် ၁၁၂၈-ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားသည် ဒွါရာဝတီကို အောင်မြင်ပြီးသောအခါ မြန်မာတပ်မတော်သားများ ယိုးဒယားတို့ ငှက်ပျော်ဖက်သောက်သည်ကို အတုယူပြီး ငှက်ပျောဖက်၊ ကွမ်းသီးဖက်၊ သနပ်ဖက်များဖြင့် ဆေးပေါ့လိပ် စတင်လိပ်ကာ သောက်သုံးခဲ့ကြပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ်သောက်သုံးသော[[ဆေးပေါ့လိပ်]] သောက်သုံးသော တခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံသာ ရှိပါတော့သည်။
 
ဤသို့ဖြင့် အမေရိကတိုက်မှ ဆေးရွက်ကြီးများသည် ကမ္ဘာတခွင်လုံးသို့ ပြန့်နှံ့လာခဲ့ပါသည်။ ခရစ်နှစ် ၁၆၁၂-တွင် အမေရိကနိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ဆေးရွက်ကြီးကို စတင်စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ပြီး ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါသည်။