"ဆရာဝန်တင်ရွှေ" ၏ တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
==စာပေခရီး==
၁၉၆၃ ခုနှစ်တွင် အနုပညာ စာပေဆိုင်ရာ စာပဒေသာ (ပထမ) ဆုနှင့် ၁၉၉၄ ခုနှစ်၌ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ကျမ်းစာပေ အတွက် နှစ်သိမ့်ဆု ချီးမြှင့် ခံရသည်။ ၁၉၉၆ ခုနှစ်၊ ဆေးသုတေသန စာတမ်း ဖတ်ပွဲတွင် အကောင်းဆုံး ပိုစတာဆု၊ ဝန်ထမ်းကောင်း ဆုများကိုလည်း ချီးမြှင့် ခံရသည်။
လစဉ်ထုတ် မဂ္ဂဇင်းများတွင် ဆေးပညာပေး ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ဆေးပညာ သုတေသန စာတမ်း ၁၈၂ စောင်ကို ပြည်တွင်း အတွက် သာမက၊ ပြည်ပသို့ပါ ရေးသား တင်သွင်းခဲ့သည်။ ဆရာ၏ 'သူရဲခြောက်သော အိမ်ကြီး'၊ 'လူနာအမှတ်'၊ 'ယောနယ်၌ ပြုစားခံရခြင်း' နှင့် 'ဆေးပညာ အထွေထွေ'ဟူသည့် ဆောင်းပါး သုံးပုဒ်ကို ကျောင်းသုံး အဖြစ် ပြဋ္ဌာန်း ခဲ့ရသည်။ ဆရာဝန် တင်ရွှေ ရေးသား ထုတ်ဝေခဲ့သော စာအုပ်များသည် အကျိုးအမြတ် ရရှိသော စာအုပ်များလည်း ရှိသည်။ သို့သော် ဆရာဝန် အချိန်ပြည့် မရှိနိုင်သော ဒေသများတွင် 'စာတအုပ် ဖတ်ရှု နားလည်က ရောဂါ သက်သာနိုင်ပါစေ' ဟူသော စေတနာ ရည်ရွယ်ချက်ဖြင့် အကျိုးအမြတ် မရရှိနိုင်မှန်း သိသော်လည်း ထုတ်ဝေခဲ့သော စာအုပ်များလည်း ရှိသည်။ အချို့ စာအုပ်များသည် ဝန်ထမ်းများ အသုံးပြုနိုင်ရန် သက်ဆိုင်သော ဌာနများသို့ လှူဒါန်း ခဲ့သည်တို့လည်း ရှိသည်။ ဥပမာ၊ ငှက်ဖျားရောဂါနှင့် အနာကြီးရောဂါ စာအုပ်များ ဖြစ်သည်။ လက်တွေ့ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ အတွက် အထောက်အကူ ပြုရန် ရည်ရွယ်သည်။ ဆေးကျောင်းသားများ ရန်ပုံငွေ အတွက် 'မြန်မာ့ ဆေးလောကကို တည်ဆောက်ပေးခဲ့သော ပညာရှင်များ' စာအုပ် နှစ်တွဲကို ပြုစု လှူန်းဒါန်းလှူဒါန်း ခဲ့သည်။
 
==ဘာသာရေးနှင့် ပရဟိတ==
၂၃၆၀

တည်းဖြတ်မှုများ