ဂေလ်ဂါမက်ရှ် ၏ မော်ကွန်း: တည်းဖြတ်မှု မူကွဲများ

"Epic of Gilgamesh" စာမျက်နှာကို ဘာသာပြန်ရင်း ဖန်တီးခဲ့သည်
 
No edit summary
စာကြောင်း ၁ -
[[File:British Museum Flood Tablet.jpg|thumb|ဂေလ်ဂါမက်ရှ်၏ မော်ကွန်းကို ရေးသားထားသော ရွှံ့ချပ်]]
 
'''''ဂေလ်ဂါမက်ရှက်၏ မော်ကွန်း''''' ( {{IPAc-en|ˈ|ɡ|ɪ|l|ɡ|ə|m|ɛ|ʃ}} ) <ref>[http://www.dictionary.com/browse/gilgamesh "Gilgamesh"]. </ref> သည် ရှေးခေတ် [[မက်ဆိုပိုတေးမီးယား]] မှ မော်ကွန်းကဗျာ တစ်ပုဒ် ဖြစ်ပြီး ထင်ရှားသော စာပေများတွင် အစောဆုံး ကြွင်းကျန်ရစ်သော စာပေ အဖြစ်နှင့် ပိရမစ်မှစာများပြီးလျှင် ဒုတိယမြောက် အစောဆုံး ကြွင်းကျန်ရစ်သော ဘာသာရေးကျမ်းစာ များအဖြစ် သတ်မှတ် ကြသည်။ ဂေလ်ဂါမက်ရှ်၏ စာပေသမိုင်းသည် တတိယမြောက် အူရ်မင်းဆက်ခေတ် (ဘီစီ ၂၁၀၀) မှ အူရွတ်၏ ဘုရင် ဖြစ်သော ဘေလ်ဂါမက်ရှ် (ဆူမာရီးယန်းဘာသာဖြင့် ဂေဂါလ်မက်ရှ်) ၏ အကြောင်းကို ရေးဖွဲ့ထားသော ဆူမာရီးယန်း ကဗျာ ၅ ပုဒ်ဖြင့် စတင်ခဲ့သည်။ ထိုသို့ သီးခြားဖြစ်သော ဇာတ်လမ်းများကို အကေဒီယန် ဘာသာဖြင့် ရေးသားထားသော ပေါင်းစပ် မော်ကွန်းဇာတ်လမ်းကို ဖွဲ့တည်ရန် ရင်းမြစ် အဖြစ် နောင်တွင် အသုံးချကြသည်။ ထိုသို့ ပေါင်းစပ်ထားသော မော်ကွန်းဇာတ်လမ်း၏ ပထမဆုံး ကြွင်းကျန်ရစ်သောမူ အား "ဘေဘီလုံခေတ်ဟောင်း" မူ ဟု သိရှိကြပြီး ဘီစီ ၁၈ ရာစု တွင် ရေးသားခဲ့ခြင်း ဖြစ်ကာ သူ၏ ခေါင်းစဉ်စာသားပေါ် မူတည်၍ ရှူးတာ အယ်လီ ရှားရီ ("အခြားဘုရင်များထက် သာလွန်သူ") ဟု ခေါင်းစဉ်တပ်ကြသည်။ ထိုမူတွင် ရွှံ့ ချပ်ပြား အနည်းငယ်သာ ကြွင်းကျန်ရစ်သည်။ နောက်ပိုင်းမူကွဲ ဖြစ်သော ၁၃ ရာစု ဘီစီ နှင့် ၁၀ ရာစု ဘီစီ အတွင်း ရေးသားခဲ့ပြီး စင်း-လဲကီ-အူနင်နီ ပေါင်းစပ်ခဲ့သော ဘေဘီလုံစံနှုန်းမူ ဖြစ်သည့်မူတွင်မူ ရှား နက်ဘာ အိုင်မူရူး ("ချောက်ကမ်းပါး အနက်ကို မြင်သူ" ခေတ်စကားဖြင့် "မသိနိုင်သော အရာများကို မြင်သူ") ဟု ခေါင်းစဉ်တပ်ထားသည်။ ရွှံ့ချပ် ၁၂ ချပ်ရှိသော ထူမူတွင် သုံးပုံနှစ်ပုံခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အကောင်းဆုံး ထုတ်လုပ်သော မူ အဖြစ် ရှာဖွေ တွေ့ရှိခဲ့သည်မှာ ဘီစီ ၇ ရာစု အဆီးရီးယားဘုရင် အက်ရှာဘာနီပေါလ် ၏ စာကြည့်တိုက် အပျက်အစီးများမှ ဖြစ်သည်။
 
Line ၇ ⟶ ၉:
 
ထိုဇာတ်လမ်းသည် သူရဲကောင်းဇာတ်လမ်းများ၏ ထုံးစံ အဖြစ် အုတ်မြစ်ချပေးခဲ့သော လက်ရာတစ်ခုဟု သတ်မှတ်ခဲ့ကြပြီး ဂေလ်ဂါမက်ရှ်သည် နောက်ပိုင်းတွင် ထွက်ပေါ်လာသော ဟာကျူလီ ကဲ့သို့သော သူရဲကောင်းများ အတွက် နမူနာပုံစံ ဖြစ်ခဲ့ပြီး ဇာတ်လမ်းကိုယ်တိုင်ကပင် ဟိုးမား၏ မော်ကွန်းဇာတ်လမ်းများ အထိ လွှမ်းမိုးမှု ရှိခဲ့သည်။
 
==ကိုးကား==
{{reflist}}