မြက်: တည်းဖြတ်မှု မူကွဲများ

No edit summary
 
စာကြောင်း ၁ -
{{Automatic taxobox|name=မြက်|fossil_range=[[:en:Early Cretaceous]]<ref>{{Cite journal|author1=Yan Wu |author2=Hai-Lu You |author3=Xiao-Qiang Li |year=2018 |title=Dinosaur-associated Poaceae epidermis and phytoliths from the Early Cretaceous of China |journal=National Science Review |volume=5 |issue=5 |pages=721–727 |doi=10.1093/nsr/nwx145|doi-access=free }}</ref> – recent, {{fossilrange|Barremian|0}}|image=Meadow Foxtail head.jpg|image_caption=Flowering head of meadow foxtail (''[[:en:Alopecurus pratensis]]''), with stamens exerted at anthesis|taxon=Poaceae|authority=[[:en:John Hendley Barnhart|Barnhart]]<ref>{{Cite journal |last=Angiosperm Phylogeny Group |year=2009 |title=An update of the Angiosperm Phylogeny Group classification for the orders and families of flowering plants: APG III |journal=Botanical Journal of the Linnean Society |volume=161 |issue=2 |pages=105–121 |doi=10.1111/j.1095-8339.2009.00996.x|doi-access=free }}</ref>|synonyms=Gramineae&nbsp;<small>[[Juss.]]</small>|synonyms_ref=<ref>{{cite journal|last1=HASTON|first1=ELSPETH|last2=RICHARDSON|first2=JAMES E.|last3=STEVENS|first3=PETER F.|last4=CHASE|first4=MARK W.|last5=HARRIS|first5=DAVID J.|title=The Linear Angiosperm Phylogeny Group (LAPG) III: a linear sequence of the families in APG III|journal=Botanical Journal of the Linnean Society|date=October 2009|volume=161|issue=2|pages=128–131|doi=10.1111/j.1095-8339.2009.01000.x|doi-access=free}}</ref>|type_genus=''[[:en:Poa]]''|type_genus_authority=[[:en:Carl Linnaeus|L.]]|subdivision_ranks=Subfamilies|subdivision=* [[:en:Anomochlooideae]]
* [[:en:Aristideae|Aristidoideae]]
* [[:en:Arundinoideae]]
* [[:en:Bambusoideae]]
* [[:en:Chloridoideae]]
* [[:en:Danthonieae|Danthonioideae]]
* [[:en:Ehrhartoideae]]
* [[:en:Micrairoideae]]
* [[:en:Panicoideae]]
* [[:en:Pharoideae]]
* [[:en:Pooideae]]
* [[:en:Puelioideae]]}}လူနှင့် တိရစ္ဆာန်တို့သည် မြက်ပင်များကို မှီ၍ အသက်ရှင်နေကြသည်ဟု ဆိုရချေမည်။ [[စပါး|စပါးပင်]]၊ ရိုင်းစပါးပင်၊ မြင်းစားဂျုံပင်၊ [[မုယောပင်]]၊ နှံစားပြောင်းပင်၊ ဖူးစားပြောင်းပင်နှင့် ကြံပင်တို့သည် စင်စစ်အားဖြင့် လူတို့ စားသုံးရန်အတွက် ပြုပြင်ထားသောမြက်ပင်များ ဖြစ်ကြသည်။ မြက်ရိုင်းများမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ အစာဖြစ်၍ ထိုတိရစ္ဆာန်များကို လူတို့ကတဖန် ပြန်လည်အသုံးချရသဖြင့် မြက်ယဉ်၊ မြက်ရိုင်းနှစ်မျိုးစလုံးသည် လူတို့အတွက် အလွန် အသုံးဝင်သော အပင်များ ဖြစ်ကြသည်။ ဤမျှမကသေးမြက်ပင်တို့သည် သစ်ပင်ကြီးများနှင့် အကြီးနှေးသော အပင်များ မြေဆီလွှာတွင် မြဲမြံစွာ အမြစ်မစွဲမီ မြေကြီးကို အမြစ်သေး အမြစ်မွှားတို့ဖြင့် စုချုပ်စည်းနှောင်ထားလေသည်။ မိုး၊ ရေ၊ လေတို့ကြောင့် မြေကြီးကို တိုက်စားသွားခြင်း၊ မြေကျွံခြင်းအန္တရာယ်တို့ကို မြက်ပင်များက ကာကွယ်ပေး၏။ ထိုကြောင့် မြက်ပင်များသည်
သစ်ပင်ကြီးများ၏အမြစ်များကို ဖုံးအုပ်ကာကွယ်ထားလေသည်။ အဆောက်အအုံများ၊ လမ်းများ၊ ဝင်းခြံစည်းရိုးများ မြေထဲသို့ ကျွံကျ၍မသွားရအောင် မြက်ပင်များကပင် အခြေခံမြေကို ခိုင်မြဲစေလေသည်။ ပထမက သဘာဝ အလျောက် ပေါက်ရောက်လျက် ရှိနေသော ကမ္ဘာပေါ်ရှိ မြက်ခင်းကြီးများမှာ [[ရုရှနိုင်ငံ]]ရှိ ''စတက်'' မြက်ခင်း၊ [[မြောက်အမေရိကတိုက်]]ရှိ [[ပရေရီမြက်ခင်းပြင်]]၊ တောင်အမေရိကတိုက်ရှိ ''ပမ်းပပ်'' မြက်ခင်းနှင့် ဩစတြေးလီးယားတိုက်ရှိ''ဒေါင်း''မြက်ခင်းကြီးများ ဖြစ်သည်။ [[ဂရင်းလန်းကျွန်း]]နှင့် [[အန္တာတိကတိုက်]]တို့ကို ဖယ်လိုက်ပါက [[ဆာဗားနားမြက်ခင်းပြင်]]ကဲ့သို့သောမြက်ခင်းပြင်များတွင် မြက်ပင်တို့သည် အဓိကကြီးစိုးပြီး ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀.၅ ရာခိုင်းနှုန်းရှိသည်ဟုဆိုသည်။<ref>{{Cite web|url=http://www.fao.org/docrep/008/y8344e/y8344e05.htm|title=Grassland of the world|last=Reynolds|first=S.G.|website=www.fao.org|access-date=2016-10-04|url-status=live|archive-url=https://web.archive.org/web/20160920201355/http://www.fao.org/docrep/008/y8344e/y8344e05.htm|archive-date=2016-09-20}}</ref> ဤကဲ့သို့ ကျယ်ပြန့်သော သဘာဝ မြက်ခင်းကြီးများ ရှိခြင်းကြောင့် ထိုတိုင်းပြည်များတွင် တိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်းမှာ တိုးတက်လျက်ရှိသည်။
လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသော တိုင်းနိုင်ငံတို့တွင် ကျွဲစားကျက်၊ နွားစားကျက်များကို အထူးတလည် ထားရှိရသည်။ မြက်စိုများကို အာဟာရဓာတ် မပျက်ပြားစေဘဲ ခြောက်သွေ့လာအောင် ပြုလုပ်ပေးနိုင်သည့်စက်ကို တီထွင်လိုက်ခြင်းဖြင့် ယခင်ကကဲ့သို့ လယ်လုပ်သူတို့သည် တိရစ္ဆာန်အစာအတွက် မပူပင်ရသည့်ပြင်၊ နိုင်ငံခြားမှ နှမ်းဖတ် ကဲ့သို့သော အစာများကို ဝယ်ယူရသည့် ကုန်ကျစရိတ်ကိုလည်း များစွာ သက်သာလာစေသည်။ မြက်ပင်များသည် မြေမရွေး၊ ရာသီဥတု အခြေအနေမရွေး ပေါက်ရောက်နိုင်သော အပင်များဖြစ်ရာ၊ အပူပိုင်းဇုန်၊ သမပိုင်းဇုန်၊ အအေးပိုင်းဇုန်စသည့် ဇုန်အသီးအသီးတို့တွင် အနှံ့အပြား တွေ့ရှိရသည်။ အပူပိုင်းတွင် အလွန်မြင့်မားသော ဝါးပင်ကြီးများနှင့် အခြားမြက်ပင်များကိုလည်းကောင်း၊ သမပိုင်းတွင် အလတ်စား မြက်ပင်များကိုလည်းကောင်း၊ အအေးပိုင်းရှိ ဆီးနှင်းအတိ ဖုံးလွှမ်းလျက်ရှိသော မြေပြင်တွင် ကပ်လျက် ပေါက်နေသည့် မှော်ပင်ကလေးများကိုလည်းကောင်း တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် မြက်ပင်မျိုးပေါင်း ၄ဝဝဝ ကျော်မျှ ရှိသည်။ ထို့ပြင် မြက်ပင်များသည် အပင်လောကတွင် ရှေးအကျဆုံးအပင်များထဲ၌ အပါအဝင်ဖြစ်၏။ မြေကျန်၊ မြေလပ်၊ မြေလွတ်များ၌လည်း မြက်ပင်များသာလျှင် အလျင်ဦးစွာ ပေါက်ရောက်ကြသည်ကို တွေ့ရှိရသည်။ နေပူရှိန်ပြင်းလွန်းသည့် အခါ၌ ဖြစ်စေ၊ ရာသီဥတုအေးမြလွန်းသည့်အခါ၌ ဖြစ်စေ၊ မြက်ပင်များသည် စိမ်းလန်းစိုပြည်နေရာမှ နွမ်းအိ၊ ရိယော်လာလျက် အရွက်များ ပျက်ကြွေကြလေသည်။ ယင်းတို့အရွက်များ ဆွေးမြည့်ကြခြင်းဖြင့် မြေဩဇာဓာတ်ကို ဖြည့်လောင်းပေးကြသည်။
"https://my.wikipedia.org/wiki/မြက်" မှ ရယူရန်