ခရမ်းပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၀ -
and see [[#Synonyms|text]]
}}
'''ခရမ်းပင်'''သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့်[[ခရမ်းချဉ်ပင်]]တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။ အောက်ဘက်တွင် အမွေးနုများရှိသည်။ ပန်းများ ပွင့်ရာတွင် ထီးတည်း ပွင့်သည်။ အရောင်မှာ အဖြူ၊ အဝါ၊ သို့မဟုတ် ခရမ်းရောင်နု ဖြစ်သည်။ အသီးများသီးရာတွင် တွဲလျားသီး၍ ပုံသဏ္ဌာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ ရှည်မြောမြော ဖြစ်သည်။ အရှည်မှာ ၁ လက်မမှ ၁၂ လက်မအထိ ရှိတတ် သည်။ အရွယ်မှာ ငန်းဥအရွယ်မှ လူကြီးကန်သော ဘောလုံး အရွယ်အထိ ရှိသည်။ အရောင်မှာ၊ အဖြူ၊ ခရမ်းရောင်၊ အနီ၊ သို့မဟုတ် အဝါ ဖြစ်သည်။ အခွံသည် ပြောင်ချော၍ တခါတရံ အစင်းများပါသည်။ ခရမ်းသီးများ မှည့်ရန် ၃ လ ၄ လမျှ ကြာသည်။
 
ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်း ဖြစ်ထွန်းရာ မူလဇာတိမှာ အပူပိုင်းဒေသဖြစ်သည်။ သို့သော် ယခုအခါ သမပိုင်းဇုန်ရှိ နိုင်ငံများတွင် စိုက် ပျိုးလျက် ရှိကြပေပြီ။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထိုအခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို ၄:၄:၅ အချိုးဖြင့် ရောစပ်ထားသည်။