နွား: တည်းဖြတ်မှု မူကွဲများ

→‎top: imported from enwiki
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ကိုးကား: imported from enwiki
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၁ -
* [[ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုတ်]]
* [[နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ]]
 
==မျိုးစိတ်==
နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားသည်။ Bos taurus; Bos indicus နှင့် မျိုးတုံးသွားပြီဖြစ်သော Bos primigenius တို့ ဖြစ်သည်။ Bos taurus မှာ ဥရောပနွားမျိုးဖြစ်ပြီး၊ အာရှနှင့် အာဖရိကမှ အလားတူနွားမျိုးလည်း ပါဝင်သည်။ Bos indicus မှာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်သည်။ ဘင်္ဂလားနွားသည် ဘို့ပါသော အိန္ဒိယနွားလည်း ဟုတ်သည်။ Bos primigenius မှာ အော်ရို့စ် နွား ဖြစ်သည်။ အော်ရို့စ်သည် ဇီဘူနှင့် တော်ရင်းနွားတို့၏ ဘိုးအေ ဖြစ်သည်။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ယခုအခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲတို့အဖြစ် ပြန်ခွဲခြားထားလိုက်သည်။
 
အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနှင့် အာရှ အတော်များများတလျှောက် တည်ရှိသည်။ သမိုင်းတလျှောက် တဖြည်းဖြည်းနှင့် ဥရောပတိုက်တွင်သာ တွေ့ရှိရတော့သည်။ နောက်ဆုံးကျန်သော အကောင်ဟု သိရသော နွားမှာ ၁၆၂၇ ခုနှစ်လောက်တွင် ပိုလန်၊ မဇိုဗီယာ၌ သေဆုံးသွားသည်။ သားဖောက်သူများသည် အော်ရို့နွားနှင့် ဆင်တူသော နွားမျိုးရအောင် အခြား ရိုးရာမွေးမြူရေးနွားများကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နွားများ Heck cattle ဖွားမြင် ပေါ်ပေါက်လာသည်။
 
==စကားလုံးရင်းမြစ်==
နာမ် cattle သည် အများကိန်း ဖြစ်ကာ၊ အနည်းကိန်းမဟုတ်ချေ။ အထီးအမ လိင်နှစ်မျိုးစလုံး ပါဝင်သည်။ အနည်းကိန်းအနေနှင့် cow သည် နွားမ ဖြစ်ကာ၊ bull သည် နွားထီးကို ဆိုလိုသည်။ အများကိန်း cows သည် အရပ်ပြောတွင် နွားအုပ်ထဲ၌ ရှိသော နွားထီးနွားမ အားလုံးကို ခြုံညွှန်းသည်။ ထို့ကြောင့် ပြောဆိုသူက အမများကိုသာ ညွှန်းဆိုလိုသည့်အခါ လွဲမှားမှု ဖြစ်လာသည်။
 
Cattle သည် bovine ဆိုသော အခေါ်မှ ဆင်းသက်မလာချေ။ ၎င်းကို အင်ဂလို-နော်မန် catel မှ ယူငင်သည်။ ထို catel သည်လည်း အလယ်ခေတ် လက်တင် capitale (ငွေပေါင်း)မှ လာသည်။ capitale သည်လည်း ခေါင်းဆိုသော caput မှ လာသည်။ Cattle ၏ မူရင်းအဓိပ္ပာယ်သည် ရွှေ့ပြောင်းနိုင်သော တကိုယ်ရေဥစ္စာ၊ အထူးသဖြင့် ကျွဲနွားသိုးဆိတ်ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကာ၊ အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်သော မြေယာ၊ ကြက် (ကြက်သည် မြေ၏ တစိတ်တပိုင်းအဖြစ် ရောင်းနိုင်သောကြောင့် အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်) တို့နှင့် ဆန့်ကျင်ဘက် ယူသည်။ Chattel (ပိုင်ဆိုင်မှု ယူနစ်) ၏ မူကွဲ ဖြစ်ကာ၊ စီးပွားရေးအမြင်အရ capitale နှင့် ပိုနီးစပ်သည်။ အင်္ဂလိပ်စာဟောင်းတွင် feoh (cattle, property) နှင့် အစားထိုးခဲ့ပြီး၊ ယနေ့အခါ fee ဖြစ်လာသည်။
 
Cow စကားလုံးသည် အများသုံး အင်ဒို-ဥရောပ gous မှ၊ အင်္ဂလို-ဆက်ဆွန် cu (အများကိန်း cy)မှတဆင့် လာသည်။ ပါရှန်း gav သက္ကတ go- ဝေလ် buwch တို့နှင့် နှိုင်းယှဉ်နိုင်သည်။ အများကိန်း cy သည် အလယ်ခေတ်အင်္ဂလိပ်တွင် ki or kie ဖြစ်လာကာ၊ အများကိန်း အဆုံးသတ်အပိုကို ထည့်ပေါင်းကြရာမှ kine, kien, kies, kuin စသဖြင့် ပွားလာသည်။ ဤသည်မှာ ယခုပေါရာဏအင်္ဂလိပ် kine ၏ မူလအစ ဖြစ်လေသည်။ စကော့ဘာသာ အနည်းကိန်းမှာ coo or cou ဖြစ်ကာ၊ အများကိန်းမှာ kye ဟူ၏။
 
သမ္မာကျမ်းစာ၏ ဂျိမ်းဘုရင်ဗားရှင်းကဲ့သို့ ပိုရှေးကျသော အင်္ဂလိပ်စာအရင်းမြစ်တွင် cattle သည် မွေးမြူရေးနွားများကို ညွှန်းကာ၊ အရိုင်းကို ညွှန်းသော သမင်နှင့် ဆန့်ကျင်ဘက် သတ်မှတ်သည်။ Wild cattle သည် ငယ်မွေးခြံပေါက်မဟုတ်သည့် Bos အုပ်စုဝင် နွားရိုင်းများကို ညွှန်းပေမည်။ ယနေ့အခါ မည်သည် မျိုးပြပစ္စည်းမှ မသုံးသောအခါ၊ cattle ၏ ခေတ်ပေါ်အဓိပ္ပာယ်သည် ခြံမွေးနွား bovines များကို အများအားဖြင့် ညွှန်းလေသည်။
 
== Terminology ဝေါဟာရဗေဒ ==
ယေဘုယျအားဖြင့် စကားလုံးတလုံးတည်းပင် ကမ္ဘာအနှံ့အပြား သုံးကြသော်လည်း အဓိပ္ပာယ်အားဖြင့် မဆိုစလောက်နှင့် မတိမ်းမယိမ်း ကွဲပြားသေးသည်။ ဗြိတိန်နှင့် ဗြိတိန်လွှမ်းမိုးသော ကမ္ဘာ၏ အခြားအစိတ်အပိုင်းများ ဖြစ်သည် ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်နှင့် အမေရိကန်တို့နှင့် အသုံးအနှုန်း ကွာခြားထွေပြားမှုကို ဤနေရာတွင် ဖော်ပြထားသည်။
* နွားထီးကြီး (သင်းကွပ်မထား) ကို ဘူးလ် bull ခေါ်သည်။ အရိုင်းဘဝ၊ ငယ်ရွယ်ပြီး၊ အမှတ်အသားမရှိသော နွားထီးကို ဩစတြေးလျဝယ် မစ်ကီ micky ဟု သိသည်။ အထီးဖြစ်စေ၊ အမဖြစ်စေ တံဆိပ်မကပ်သည့် bovine များကို ယူအက်စ်နှင့် ကနေဒါတွင် မာဗရစ် maverick ခေါ်သည်။
* နွားပေါက်ကလေး calf တကောင်နှင့် အထက် ရှိသော နွားမကြီးသည် ကောင်းဝ် cow ဖြစ်သည်။
* နွားမငယ်သည် ကိုယ်ပိုင်ကလေး မရှိသေး၊ အသက်ကလည်း သုံးနှစ်အောက်ဆိုလျှင် နွားမတန်း၊ နွားမပျို၊ ဟက်ဖာ heifer ခေါ်သည်။ နွားပေါက်စ တကောင်တည်းပဲ ရှိသော နွားမကလေးကိုလည်း ရံခါ သားဦးနွားမတန်း first-calf heifer ခေါ်သည်။
* အထီးအမ နွားပေါက်စကလေးကို နို့မဖြတ်ခင်ထိ calves ခေါ်သည်။ အချို့ဒေသမှာ နို့ဖြတ်ပြီးသော်လည်း တနှစ်အရွယ်ထိ ခေါ်သည်။ အချို့အချို့မှာမူ အမဲပေါ်၍ ရသော နွားထီးပေါက်စကိုသာ ခေါ်သည်။ သို့ ခေါ်လျှင် feeder calves သို့ feeders ဟု အလွယ် ခေါ်သည်။ ထို့နောက် တနှစ်မှ နှစ်နှစ်ကြားကို တနှစ်သားကလေး yearlings or stirks ဟု ညွှန်းသည်။
* သင်းကွပ်ပြီး အထီးကို အမေရိကန်တွင် စတီးရ် steer ခေါ်သည်။ သင်းကွပ်နွားအိုများကို ကမ္ဘာ့အချို့နေရာများတွင် ဘူးလတ် bullocks ဟု မကြာခဏ ခေါ်သည်။ သို့သော် မြောက်အမေရိကတွင် ထိုဝေါဟာရမှာ နွားထီးအငယ်ကို ညွှန်းသည်။ Piker bullocks ဆိုသည်မှာ ဖမ်းမိပြီး၊ သင်းကွပ်ပြီးနောက် ပြန်ပျောက်ဆုံးသွားသော micky bulls ပင် ဖြစ်သည်။ micky bulls မှာ သင်းမကွပ်ရသေးသော နွားထီးငယ် ဖြစ်သည်။ ဩစတြေးလျတွင် ဂျပန်နွား Japanese ox မှာ ဂျပန်အမဲသားရောင်းဝယ်ရေးအတွက် သီးသန့်မွေးမြူသော ကီလို ၅၀၀ မှ ၆၅၀ အလေးချိန်ကြားရှိသည့် ပြောင်းဆန်ကျွေး steers ကို ခေါ်သည်။ မြောက်အမေရိကတွင် လေးနှစ်အောက် draft cattle ကို working steers ခေါ်သည်။ မသင့်လျော်သော သို့မဟုတ် နောက်ကျမှ သင်းကွပ်ခံရသော နွားထီးကို ဩစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တွင် stag ဟု ထင်ရှားကာ၊ ကမူးရှူးထိုးနိုင်သော ကြမ်းတမ်းသည့် နွားသိုး ဖြစ်လာသည်။ အချို့နိုင်ငံများတွင် အပြည့်အဝ သင်းမကွပ်မိသည့် အထီးကို rig ဟုလည်း သိကြသည်။
* ခိုင်းရန် သို့ စီးနင်းရန် ရည်ရွယ်မွေးထားသော သင်းကွပ်ပြီးအထီး ကို ox (အများကိန်း oxen) ဟု ခေါ်သည်။ ox ဆိုသော စကားလုံးသည် နွားသေကိုလည်း ညွှန်းသည်။ ဥပမာ နွားသားရေ ox-hide, နွားသွေး ox-blood, နွားမြီး oxtail, နွားအသည်း ox-liver။
* Springer သည် နွားပေါက်နှင့် နီးစပ်သော cow or heifer ဖြစ်သည်။
* နွားမျိုးစိတ်အားလုံးတွင် နွားထီးတကောင်၏ အမြွှာ နွားမသည် မြုံတတ်လေ့ ရှိကာ၊ freemartin ခေါ်သည်။
* Neatsfood oil ဟူ၍ ဆင်းသက်လာသည့် ချိုပါသော နွား Neat, နွားငယ်ကို ဆိုသည့် beef နှင့် သားသတ်ရန် သင့်လျော်သည့် တိရစ္ဆာန်ငယ်များကို ဆိုသည့် beefing တို့သည် အသုံးမရှိတော့သော ဝေါဟာရများ ဖြစ်သော်လည်း၊ poll, pollard နှင့် polled cattle တို့မှာ သဘာဝအားဖြင့် ချိုမဲ့ တိရစ္ဆာန်များကို ယခုထက်ထိ ခေါ်တွင်နေသော အသုံးများ ဖြစ်သည်။ အချို့ဒေသများတွင် ချိုတိထားသော၊ ချိုနှုတ်ထားသော အကောင်များကိုလည်း ခေါ်သည်။
* လူတို့စားသုံးရန်အတွက် မွေးမြူထားသော နွားများကို သားစားနွား beef cattle ဟု ခေါ်သည်။ အမေရိကန် သားစားနွားမွေးမြူရေးလောကဝယ်၊ အမဲသား beef (အများကိန်း beeves)ဟူသော အခေါ်ဟောင်းသည် အထီးအမမရွေး တိရစ္ဆာန်တကောင်ကို ရည်ညွှန်းလိုသည့်အခါတွင် အသုံးပြုနေဆဲ ဖြစ်သည်။ ဩစတြေးလျန်း၊ ကနေဒီယန်း၊ နယူးဇီလန်နှင့် ဗြိတိန်က လူများကမူ ထိုသို့ ညွှန်းလိုသည့်အခါ သားရဲ beast ဝေါဟာရကို သုံးသည်။
* နို့ထုတ်လုပ်ရန်အတွက် အထူးတလည် သားဖောက်သော နွားကို နို့ညှစ်နွား milking ဝါ နို့စားနွား dairy cattle ဟု ခေါ်သည်။ မိသားစုတစုတည်း နို့ရရှိရန် မွေးမြူထားသော နွားမကို အိမ်နွားမ house cow or milker ဟု ခေါ်ချင် ခေါ်မည်။ Fresh cow ဆိုသည်မှာ လောလောလတ်လတ် ပူပူနွေးနွေး မီးဖွားပြီးသော သားဦးဖွား နွားမကို ခေါ်သည့် ဝေါဟာရ ဖြစ်သည်။
* ယေဘုယျအားဖြင့် နွားများကို ညွှန်းလိုသည့် နာမဝိသေသနမှာ bovine နွားနှင့်ဆိုင်သော ဖြစ်သည်။ Bull, cow နှင့် calf တို့ကို ဝေလငါး၊ ကြံ့၊ ကုလားအုတ်၊ သားမင်းနှင့် ဆင်အပါအဝင် အခြား သတ္တဝါကြီးများ၏ လိင် သို့မဟုတ် အသက်ကို ညွှန်ပြရန် ဖြန့်ကျက်၍လည်း သုံးသည်။
 
==အခြား==
 
== ကိုးကား ==
"https://my.wikipedia.org/wiki/နွား" မှ ရယူရန်