ကြံ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၉ -
Fossil genera, see text|range_map=Rhinocerotidae distribution map_en.png|range_map_caption=Rhinoceros range}}
 
[[ခြေလေးချောင်း သတ္တဝါ|ခြေလေးချောင်းသတ္တဝါ]]များထဲတွင် [[ဆင်]]ကလွဲလျှင် [[ရေမြင်း]]နှင့် ကြံ့တို့သည်'''ကြံ့'''တို့သည် အကြီးဆုံး ဖြစ်သည်။ ကြံ့သည် အလျား ၁၃ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်သည်။ အလေးချိန် ၃ တန်မျှ ရှိသည်။ ကြံ့ကို [[အာရှတိုက်]]တောင်ပိုင်း၊ [[အာဖရိကတိုက်]] အလယ်ပိုင်းနှင့် တောင်ပိုင်းတို့၌သာ တွေ့ရသည်။ ကြံ့၏ ကိုယ်မှာ အလွန်ကြီးမား၍ အကြည့်ရလည်း ဆိုးသည်။ တစ်ကိုယ်လုံး၌ အရေပြားထူကြီး ဖုံးထားသဖြင့် အလွန်ချွန်ထက်မာကျောသော လှံသွား၊ ကျားခြေသည်း၊ ခြင်္သေ့စွယ်တို့ကိုပင် ကြံ့ကြံ့ခံနိုင်သည်။
 
ကြံ့၏ နှာတံပေါ်တွင် ချွန်ထက်မာကျောသော ဦးချိုရှိသည်။ အချို့ကြံ့မျိုးတွင် ရှေ့နောက်ယှဉ်နေသော ဦးချိုနှစ်ချောင်းရှိ၍ အချို့ကြံ့မျိုးတွင် ဦးချိုတစ်ချောင်းသာ ရှိသည်။ ဦးချိုတစ်ချောင်းနှင့်ကြံ့မျိုးကို [[ကြံ့ဆင်]]ဟု ခေါ်၍၊ ဦးချိုနှစ်ချောင်းနှင့် ကြံ့မျိုးကို [[ကြံ့ရှော်]]ဟု ခေါ်ကြသည်။ ထိုခိုင်မာသော ဦးချိုမှာ သစ်ပင်ချုံဖုတ်များကို တွန်းလှဲ ဖြိုဖျက်ရန်နှင့် ရန်သူကို ခုခံတိုက်ခိုက်ရန် အသုံးဝင်သည်။
စာကြောင်း ၂၁ -
ဦးချို ၂ ချောင်းအနက်၊ အရှေ့ဘက်၌ ရှိသောဦးချိုမှာ ပို၍ရှည်လျက် ၁ ပေခွဲ မှ သုံးပေကျော်ကျော်ခန့်အထိ ရှည်တတ်သည်။ ကြံ့မဲသည် အလွန်လျင်မြန်၍ သျွှိလည်းရှိသည်။ စိတ်ထွက်သည့်အခါ တစ်နာရီလျှင် မိုင်အစိတ် မိုင်သုံးဆယ် အမြန်နှုန်းနှင့် တရှူးထိုးလိုက်တတ်သဖြင့် မုဆိုးတို့သည် ထိုကြံ့မဲမျိုးကို အလွန်ကြောက်ကြ၏။ ကြံ့မဲမျိုးတွင် အမသည် သုံးနှစ်တစ်ကြိမ်ခန့် သားတစ်ကောင်ကျလေ့ရှိသည်။
 
ကြံ့ဖြူကို တွေ့ရသော ဒေသတို့မှာ အာဖရိကတိုက်ရှိ [[ယူဂန်ဒါနိုင်ငံ|ယူဂန်းဒါး]]နယ်နှင့် [[ဇူးလူးလန်းနယ်|ဇူးလူးလန်]]တို့ ဖြစ်၏။ ကြံ့ဖြူကို နှာဖျားကားကား၊ ပါးစပ်ကျယ်ကျယ် ရှိခြင်းကြောင့် [[ပါးစပ်ပြဲကြံ့]]မျိုးဟူ၍လည်း ခေါ်ကြ၏။ အလျား ၁၄ ပေ၊ အမြင့် ၆ ပေခွဲခန့်ရှိပြီး အလေးချိန် သုံးတန်နီးနီးမျှ ရှိတတ်ကြသဖြင့် ကြံ့ရှော်တွင် အကြီးဆုံးသောကြံ့မျိုး ဖြစ်သည်။ အထက်နှုတ်ခမ်းဖျားမှာ တစ်ဖြောင့်တည်းဖြစ်နေ၍၊ သစ်ရွက်သစ်ကိုင်းများကို မစားနိုင် မြက်ကိုသာ အများအားဖြင့် စားသည်။ ဦးချိုနှစ်ချောင်းအနက် အရှေ့ဘက်ရှိ ဦးချိုမှာ လက်မ ၃ဝ မှ လက်မ ၆ဝ အထိပင် ရှည်တတ်၍ နောက်ဖက်ဦးချိုမှာမူ အတန်ငယ်တိုသည်။ ကြံ့ဖြူသည် ကြံ့မဲလောက် သျွှိမရှိချေ။
 
အာရှတိုက်တွင် တွေ့ရသော ကြံ့သုံးမျိုးမှာ [[အိန္ဒိယကြံ့]]၊ [[ဂျားဗားကြံ့]]နှင့် [[ဆူမတြားကြံ့]]များ ဖြစ်၏။ အိန္ဒိယကြံ့မျိုးမှာ အတန်ငယ်ရှားပါးလျက်ရှိရာ [[အာသံ]]ပြည်၌သာ တွေ့နိုင်တော့သည်။ အာဖရိကတိုက်ရှိ ကြံ့မဲမျိုးနှင့်အရွယ်၊ စားသောက်ပုံ၊ စိတ်ခက်ထန်ပုံတို့ တူသည်။ သို့ရာတွင် အရေအပြားမှာ ကြံ့မဲထက်ပို၍ အတွန့်များပြီးလျှင် ဦးချိုမှာလည်း တစ်ချောင်းတည်းရှိ၍ အရှည်တစ်ပေခန့် ရှိသည်။
စာကြောင်း ၂၇ -
ဂျားဗားကြံ့တို့သည် အိန္ဒိယကြံ့အောက် သီသီမျှငယ်၍ အလေးချိန် တစ်တန်မျှပင် မရှိချေ။ ထိုကြံ့မျိုးမှာ ဦးချိုတချောင်းတည်းရှိသော ကြံ့ဆင်မျိုးဖြစ်၍ ယင်းတို့ကို ဘင်္ဂလားပြည်နယ်၊ [[မြန်မာနိုင်ငံ]]၊ [[မလေးရှား]]ကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် တွေ့ရတတ်သည်။
 
ဆူမတြားကြံ့မျိုးမှာ အငယ်ဆုံးအမျိုးဖြစ်၍ ဦးချိုတိုတို ၂ ချောင်း ပါရှိသည်။ အမြင့် ၄ ပေ၊ ၄ ပေခန့်ရှိတတ်၍ အလေးချိန် တစ်တန်စီးသော အကောင်မှာ အတန်ပင်ရှားသည်။ ကိုယ်ပေါ်တွင် အထူးသဖြင့် အမြီးနှင့် နားရွက်များပေါ်တွင် အမွေးအမှင်အတော်များများ ပေါက်တတ်၏။ ယင်းတို့ကို မြန်မာနိုင်ငံ၊ [[ဘော်နီယိုကျွန်း|ဘော်နီယို]]ကျွန်းနှင့် မလေးရှားကျွန်းဆွယ်တို့တွင် တွေ့ရတတ်သည်။
 
 
[[အိန္ဒိယနိုင်ငံ]] [[မြန်မာနိုင်ငံ]] စသော အရှေ့တိုင်းနိုင်ငံများတွင် ကြံ့သွေးကို ဆေးဝါးဖော်စပ်ရာ၌ အသုံးပြုကြသည်။ ထို့ကြောင့် ကြံ့ကို တန်ဖိုးထားကာ မုဆိုးများက လိုက်လံသတ်ဖြတ်၍ စီးပွားရှာကြသဖြင့် ကြံ့မျိုး ပြုတ်လုမတတ် ဖြစ်ခဲ့ရာ အစိုးရက ကြံ့များကို မသတ်ဖြတ်ရန် ဥပဒေဖြင့် တားမြစ်ထားရသည်။ [[ကြံ့သွေး]]သည် နှလုံးသွေးပျက်၍ တုန်လှုပ်သောအနာ၊ သည်းခြေပျက်၍ ထိတ်လန့်ရူးသွပ်သောအနာ၊ စိတ္တဇနာ၊ ခံတွင်း သွေးထွက်သောအနာ၊ အော့အန်သောအနာ၊ အိပ်စက်မပျော် သောအနာ၊ အလွန်ပူသောအနာတို့ကို ငြိမ်းစေတတ်ဟု၏ ဆိုသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
{{Notice|text=လက်ရှိအချိန်တွင် ကြံ့မျိုးစိတ်အားလုံးသည် မျိုးသုဉ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသော အရေပေါ် မျိုးစိတ် (Critically Endangered)သတ်မှတ်ထားသောကြောင့် ဤစာပိုဒ်အား ပြန်လည် သုံးသပ်သင့်သည်။ [[အသုံးပြုသူ:Pho Sai|Pho Sai]] ([[အသုံးပြုသူ ဆွေးနွေးချက်:Pho Sai|ဆွေးနွေး]]) ၀၃:၁၂၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)}}
 
== ကိုးကား ==
<references/>
"https://my.wikipedia.org/wiki/ကြံ့" မှ ရယူရန်