ဂေါ်ဖီထုပ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ, -။ဂ +။ ဂ) |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
[[File:Cabbage and cross section on white.jpg|thumb|300px|ဂေါ်ဖီထုပ်ကြီးများ]]
'''ဂေါ်ဖီထုပ်''' ({{lang-hi| गोभी}}) သည် ဂေါ်ဖီပွင့် (ပန်းမုန်လာ) ခါးပု၊ မုန်ညင်း၊ စမုန် စသည်တို့နှင့်အတူ 'ကရူစီဖာရီး'မျိုးရင်းတွင် ပါဝင်သည်။ ဂေါ်ဖီထုပ်၏ ရုက္ခဗေဒအမည်မှာ '[[
ပျိုးပင်ကလေးများကို ရွှေ့ပြောင်း မစိုက်မီ စိုက်ခင်းများကို ရေကောင်းစွာ ဖျန်းပေးရသည်။ ထိုနောက် ဗောင်တန်းများတွင် တပေစီခွါလျက် ကျင်းငယ်ကလေးများ ခပ်နက်နက်တူးပြီးလျှင် ထိုကျင်းများထဲ၌ ပျိုးပင်ကလေးများကို စိုက်ပျိုးရသည်။ ရွှေ့ ပြောင်းစိုက်ပြီးနောက် ၃၊ ၄ ရက်လောက်ကြာအောင် အပင် ကလေးများကို နေပူမှ ကာကွယ်ပေးရ၍ ရေကိုလည်း နိုင်နိုင် လောင်းပေးရသည်။
ဂေါ်ဖီထုပ်ပင်များသည် ၃၊ ၄ လကြာမှ ကြီးရင့်လာကြ သည်။ မကြီးရင့်မီ အပင်များအကြားရှိ မြေကို ဆွပေး၍ နွား၊ မြင်းတို့၏ အညစ်အကြေးရေနှင့် နှမ်းဖတ်ပုပ်ရေများကို မကြာ ခဏ လောင်းပေးလျှင် အပင်များသည် အထူးသန်စွမ်းကြသည်။ ဂေါ်ဖီထုပ်တွင် အာဟာရဓာတ် များပြားစွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီထုပ်ပင်များကို မျိုးကွဲဲများ ဖြစ် ထွန်းအောင် ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ဂေါ်ဖီ ထုပ်မျိုးပေါင်း ၁ဝဝ ကျော်မျှ ရှိလေပြီ။ သိပ္ပံပညာရှင်များက ဂေါ်ဖီထုပ်တွင် အခြားအပင်များမှာထက် လတ်ဆတ်သော အစာပို၍ ပါရှိသည်ဟု ဆိုကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
== ကိုးကား ==
{{Reflist}}
[[ကဏ္ဍ:အရွက် ဟင်းသီးဟင်းရွက်ပင်များ]]
[[
|