တီမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁ -
{{Automatic taxobox
တီမျိုးသည် [[ပါဏဗေဒ|ပါဏ‌ဗေဒ]]ပညာအလိုအရ [[တိရစ္ဆာန်]]‌လောကအတွင်းရှိ အနိမ့်တန်းစား သတ္တဝါမျိုး ဖြစ်သည်။ သို့‌သော် ထိုသတ္တဝါမျိုးတွင် တီ‌ကောင်သည် အဆင့်အတန်းအမြင့်ဆုံးသတ္တဝါ ဖြစ်သည်။ အဘယ်‌ကြောင့်ဆို‌သော် ယင်းသည် ‘အန်နီလစ်ဒါ’မျိုး‌ပေါင်းစုတွင် ပါဝင်၍၊ ကွင်းများဖြင့် ဆက်ထား‌သော ကိုယ်ရှိ‌နေခြင်း‌ကြောင့်ဖြစ်သည်။
| name = တီမျိုး (Annelida)
| fossil_range = {{Geological range|Early Ordovician | Recent|earliest=555|ref=<ref name="Budd2000">{{cite journal|last1=Budd |first1=G. E. |last2=Jensen |first2=S.|date=May 2000|title=A critical reappraisal of the fossil record of the bilaterian phyla|volume=75 |issue=2 |pages=253–95|journal=Biological Reviews of the Cambridge Philosophical Society |doi=10.1111/j.1469-185X.1999.tb00046.x|pmid=10881389|s2cid=39772232}}</ref>}}
| image = Nerr0328.jpg
| image_caption = ''[[:en:Glycera (genus)|Glycera]]'' sp.
| display_parents = 7
| taxon = Annelida
| authority = [[:en:Jean-Baptiste Lamarck|Lamarck]], 1809
| subdivision_ranks = [[မျိုးပေါင်း]]နှင့် [[မျိုးပေါင်း|မျိုးပေါင်းငယ်]]များ
| subdivision =
Class [[:en:Polychaeta|Polychaeta]]

Class [[:en:Clitellata|Clitellata]]

[[:en:Oligochaeta|Oligochaeta]] – [[တီကောင်]]များ, etc.

[[:en:Branchiobdellida|Branchiobdellida]]

[[:en:Hirudinea|Hirudinea]] – [[မျှော့]]များ

[[:en:Sipuncula|Sipuncula]] (ယခင် [[မျိုးပေါင်းစု]])

Class [[:en:Machaeridia (annelid)|Machaeridia]] †(မျိုးသုဉ်း)

တီမျိုးသည်'''တီမျိုး'''သည် [[ပါဏဗေဒ|ပါဏ‌ဗေဒ]]ပညာအလိုအရ [[တိရစ္ဆာန်]]‌လောကအတွင်းရှိ အနိမ့်တန်းစား သတ္တဝါမျိုး ဖြစ်သည်။ သို့‌သော် ထိုသတ္တဝါမျိုးတွင် တီ‌ကောင်သည် အဆင့်အတန်းအမြင့်ဆုံးသတ္တဝါ ဖြစ်သည်။ အဘယ်‌ကြောင့်ဆို‌သော် ယင်းသည် ‘အန်နီလစ်ဒါ’မျိုး‌ပေါင်းစုတွင်‘အန်နီလစ်ဒါ (Annelida)’ မျိုး‌ပေါင်းစုတွင် ပါဝင်၍၊ ကွင်းများဖြင့် ဆက်ထား‌သော ကိုယ်ရှိ‌နေခြင်း‌ကြောင့်ဖြစ်သည်။

တီမျိုးအစစ်၌ နိုးတို‌ကော့‌ခေါ် အမာခံအ‌မြှောင်း‌သော်လည်းကောင်း၊ ‌ကျောရိုး‌သော်လည်းကောင်း မရှိကြ‌ချေ။ အချို့တီမျိုး၏ ခန္ဓာကိုယ်၌ အတွင်းပိုင်းအင်္ဂါများတည်ရာ အ‌ခေါင်းပါရှိသည်။ တုတ်ပြားကဲ့သို့‌သော အခြားတီမျိုးများတွင်မူ ‌လျော့လျည်း‌သော [[တစ်ရှူး]](အသားမျှင်)အတွင်း၌ အင်္ဂါများတည်ရှိကြသည်။ ယင်းတီမျိုးတွင် [[ခရုမျိုး|ခရု]]ပက်ကျိမှာကဲ့သို့ တွားသွားနိုင်‌သော ‌ခြေများသော်လည်းကောင်း၊ ပိုး‌ကောင်များမှာကဲ့သို့ အဆက်များရှိ‌သော ‌ခြေများ‌သော်လည်းကောင်း မရှိကြ‌ချေ။ တီမျိုးတွင် [[မှန်ဘီလူး]]နှင့်ကြည့်မှသာ မြင်နိုင်သည့် အ‌ကောင်က‌လေးများမှ ‌ပေ‌ပေါင်း ၃၀ ရှိသည့် တုတ်ပြား‌ကောင်များအထိ အရွယ်အမျိုးမျိုး ရှိသည်။ ပါဏ‌ဗေဒအမည်အားဖြင့် ‘နင်မဟုတ်’ဟု ‌ခေါ်‌သော သန်‌ကောင်မျိုးများသည် တီမျိုးတွင် အပါအဝင်ဖြစ်၍၊ အ‌ရေအတွက်အများဆုံးဖြစ်သည်။ ထိုတီများအနက် အချို့သည် မှန်ဘီလူးနှင့်ကြည့်မှသာ မြင်နိုင်‌လောက်‌အောင် ‌သေးငယ်ကြသည်။ ထိုတီများသည် သန်းနှင့်ချီ၍ ‌[[ရေ]]၊ [[မြေဆီလွှာ|‌မြေဆီလွှာ]]၊ ‌ဆွေးမြည့်‌နေသည့် အပင်နှင့်တိရစ္ဆာန်များတွင် ‌နေထိုင်ကြသည်။ တီမျိုးအ‌မြောက်အမြားသည် လူနှင့်တိရစ္ဆာန်တို့၏ အ‌ရေးကြီး‌သော ပါရာဆိုက်များဖြစ်သည်။ ပါရာဆိုက်တီမျိုးများတွင် တုတ်ပြား၊ ပင်းဝမ်း၊ ချိန်သန်၊ တြစ်ခိုင်းန၊ သန်‌ကောင်နှင့် ဖစ်လာရီတို့ ပါဝင်သည်။ ထိုတီမျိုးများ‌ကြောင့် လူ၌ ‌ရောဂါကြီး အ‌မြောက်အမြား စွဲကပ်တတ်သည်။
Line ၅ ⟶ ၂၄:
ပါဏ‌ဗေဒပညာရှင်များသည် တီမျိုးများကို အဓိပ္ပာယ်သတ်မှတ်‌ဖော်ပြ၍၊ အမျိုးခွဲခြားရာ၌ များစွာဒုက္ခခံကြရ‌လေသည်။ လင်နီးယပ်ဆိုသူကမူ ‌ကျောရိုးမဲ့တိရစ္ဆာန်များကို နှစ်မျိုးခွဲခြားခဲ့သည်။ ထိုနှစ်မျိုးမှာ အင်းဆက်ပိုး‌ကောင်နှင့် ဗားမီးတို့ဖြစ်သည်၊ ဗားမီးအုပ်စုတွင် တီမျိုးနှင့်တူသည့် အ‌ကောင်များ၊ ယင်းတို့ထက် ‌အောက်တန်းကျသည်တူသည့် အ‌ကောင်များ၊ ယင်းတို့ထက် ‌အောက်တန်းကျသည့် အ‌ကောင်များ အ‌မြောက်အမြား ပါဝင်သည်။ ယခုအခါ၌မူ သီးခြားတီမျိုးစုများရှိ‌နေ‌ပေပြီ။

တီမျိုးသည် အများအားဖြင့် မျိုး‌ပေါင်စု သုံးစုရှိသည့် အနက် တစ်စုစုတွင် ပါဝင်သည်။ ထိုသုံးမျိုးမှာ တုတ်ပြားမျိုး (ဝါ) ပလက်တီဟယ်လမင်သီး၊ သန်‌ကောင်လုံး (ဝါ) နက်မာသယ်မင်သီး၊ အစိတ်အပိုင်းများရှိ‌သော တီမျိုး (ဝါ) အန်နီလစ်ဒါတို့ဖြစ်သည်။ ထိုသုံးမျိုးအနက် အန်နီလစ်ဒါမျိုး မျိုး ‌ပေါင်းစုသည် အတန်းမြင့်ဆုံး တီမျိုးဖြစ်သည်။ ထိုတီမျိုးတွင် [[မြှော့|‌မြှော့]]များနှင့်တီ‌ကောင်များ ပါဝင်သည်။
‌ပေါင်းစုသည် အတန်းမြင့်ဆုံး တီမျိုးဖြစ်သည်။ ထိုတီမျိုးတွင်
[[မြှော့|‌မြှော့]]များနှင့်တီ‌ကောင်များ ပါဝင်သည်။

တီ‌ကောင်ကို [[ကမ္ဘာဂြိုဟ်|ကမ္ဘာ]]အရပ်ရပ်၌ ‌နွေး၍စိုထိုင်း‌သော ‌နေရာတိုင်းတွင်‌တွေ့နိုင်၏။ တီ‌ကောင်၌ အစိတ်အပိုင်း သို့မဟုတ် ကွင်းများရှိသည်။ အ‌ရောင်မှာ နီညို‌ရောင်ဖြစ်သည်။ တီ‌ကောင်၏ အရှည်သည် တစ်လက်မ၏ ၂၅ စိတ် တစ်စိတ်မှ ‌ပေများစွာအထိရှိနိုင်သည်။ ကိုယ်ထည်မှာ ‌သေးသွယ်၍ ကျိချွဲသည့်အရည်ဖြင့် စိုလျက်ရှိသည်။ ကမ္ဘာ့အပူပိုင်း‌ဒေသများတွင် တီ‌ကောင်အရှည်ဆုံးကို ‌တွေ့နိုင်သည်။ တီ‌ကောင်၌မျက်စိများမရှိ‌ချေ။ သို့‌သော် အစိတ်အပိုင်းတိုင်း၌ အလင်းကိုသိနိုင်‌သောအစက် တစုံစီရှိသည်။

တီ‌ကောင်၌ အမှင်‌လေးစုံရှိသည်။ ‌အောက်ဘက်၌ နှစ်တန်း ရှိ၍၊ ခန္ဓာကိုယ်၏ တစ်ဖက်တစ်ချက်စီတွင် တတန်းစီရှိသည်။ ထိုအမှင်များက [[ကြွက်သား]]နှစ်မျိုးကို ကျုံ့ရာတွင် အကူအညီ‌ပေးကြသည်။ ကြွက်သားတစ်မျိုးက ခန္ဓာကိုယ်တွင် ပတ်လျက်တည်ရှိသည်။ ‌မြေကြီးထဲသို့ တီ‌ကောင်‌ရွေ့ရှားရာ၌ တွင်းကိုဖြစ် ‌စေသည်။ ‌မြေတွင်းတူးရာတွင် အသံတိုးတိုးပြုသည်ဟုဆိုသည်။ ထိုအသံဖြင့် တီ‌ကောင်ချင်းချင်း အဆက်အသွယ်လုပ် နိုင်သည်၊ မလုပ်နိုင်သည်ကိုမူ မသိရ‌ချေ။
‌စေသည်။ ‌မြေတွင်းတူးရာတွင် အသံတိုးတိုးပြုသည်ဟုဆိုသည်။ ထိုအသံဖြင့် တီ‌ကောင်ချင်းချင်း အဆက်အသွယ်လုပ် နိုင်သည်၊ မလုပ်နိုင်သည်ကိုမူ မသိရ‌ချေ။

တီ‌ကောင်သည် လွယ်ကူစွာ မဖယ်ရှားနိုင်‌သော မာသည့်မြေဆီလွှာအထပ်များကို စားပစ်သည်။ ‌ဆွေးမြည့်‌နေသည့် [[ဟင်းသီးဟင်းရွက်]] ပစ္စည်းများကို စားပြီး‌နောက် ညအချိန်ကျ‌ရောက်လျှင် ‌မြေတွင်းထဲသို့ဆွဲသွင်းရန် သစ်ရွက်အစက‌လေးများကို ရှာ‌ဖွေတတ်သည်။ အစာကိုစား‌နေစဉ် ‌မြေဆီလွှာနှင့် အခြားအသုံးမကျသည့်ပစ္စည်းများသည် အစာ‌ကြောင်းမှ ထွက်လာကြပြီးလျှင်၊ ‌မြေကြီး‌ပေါ်၌ တီကျစ်စာအဖြစ်ဖြင့် ကျန်ရစ်ခဲ့သည်။
Line ၂၀ ⟶ ၃၆:
တီ‌ကောင်သည် ဥမှ‌ပေါက်ပွား၏။ ဥများကို မာသည့်‌နေရာများတွင် အုထားတတ်သည်။ ဥ၏အရွယ်မှာ မုန်ညင်း‌စေ့အရွယ်ခန့်ရှိသည်။ တီ‌ကောင်သည် နှစ်ပိုင်းပြတ်သွားလျှင် ‌ခေါင်းပိုင်းနှင့် အမြီးသစ်တစ်ခု ထပ်၍ ထွက်လာနိုင်သည်။ တီ‌ကောင်သည် ‌မြေတွင်းတူးသည့်အ‌လေ့‌ကြောင့် [[လယ်သမား]]များအား အလွန်ကူညီရာ‌ရောက်‌ပေသည်။ ‌မြေဆီလွှာတွင် အ‌ပေါက်ငယ်က‌လေးများ ပြည့်နှက်လျက်ရှိလျှင်၊ ‌မြေကြီးအတွင်း၌ ‌လေနှင့်‌ရေ‌ငွေ့တို့ကို ပို၍သို‌လှောင်ထားနိုင်သည်။ ဤအချက်သည် ‌ကောက်ပဲသီးနှံတို့ ရှင်သန်‌စေရန် အ‌ထောက်အပံ့ပြုသည်။

ထို့ပြင် တီကျစ်စာများ‌ကြောင့် ‌မြေဆီလွှာသည် ‌မြေဩဇာကောင်းလာနိုင်သည်။ ထို‌ကြောင့် သဘာဝ ပညာရှင်ကြီး ဂီးလဗတ်ဝှိုက်က တီ‌ကောင်များသာမရှိလျှင် ‌မြေကြီးသည် ‌မြေဩဇာကင်း၍ အဖိုးမတန်ဖြစ်လိမ့်မည်ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်‌ပေသည်။ ချားဒါဝင်ကလည်း ဥယျာဉ်‌မြေ တစ်ဧကလျှင် တီ‌ကောင်‌ပေါင်း ၅၃၀၀၀ ခန့်ရှိ၍၊ ယင်းတို့၏ကိုယ်တွင်းမှ ‌မြေဆီလွှာ ၁၀ တန်မျှသည် နှစ်တိုင်းထွက်လျက်ရှိသည်ဟု ခန့်မှန်းခဲ့‌လေသည်။ မှန်း‌ခြေအားဖြင့် ‌မြေတစ်ဧက၏ အ‌ပေါ်လွှာ၌ တီကျစ်စာ တစ်နှစ်လျှင် ၁၀ တန်မျှ ပြည့်နှက်လျက်ရှိနိုင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)</ref>

<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)</ref>
== ကိုးကား ==
{{Reflist}}
<references/>

[[ကဏ္ဍ:တိရစ္ဆာန်များ]]