ဒိုင်းနက်လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး WonnaKyawHeinHtut (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာကြောင်း ၁ -
{{Infobox ethnic group
| group = ဒိုင်းနက်
| image = Daignet Men.JPG
| image_caption =
| total = ၈၀,၀၀၀
| total_year =
| total_source = ခန့်မှန်း
| total_ref =
| regions = {{flag|Myanmar}} ([[ရခိုင်ပြည်နယ်]])
| languages = [[သက္ကမဘာသာစကား|သက္ကမ]]{{·}}[[ဗမာဘာသာစကား|ဗမာ]]
| religions = [[ထေရဝါဒဗုဒ္ဓဘာသာ]]
| related_groups = [[သက္ကမလူမျိုး|သက္ကမ]]၊ [[ဗမာလူမျိုး|ဗမာ]]၊ [[ရခိုင်လူမျိုး|ရခိုင်]]၊ [[တိဘက်လူမျိုး|တိဘက်]]
| footnotes =
}}
 
'''ဒိုင်းနက်လူမျိုး''' (သက္ကမလူမျိုး<ref>{{Cite web|url=http://burmese.dvb.no/archives/247045|title=သက္ကမ (ဒိုင်းနက်) တိုင်ရင်းသားများ အမျိုးသားနေ့ ကျင်းပ |website=burmese.dvb.no|language=my|access-date=2018-09-20}}</ref>) သည် [[မြန်မာနိုင်ငံ]]၊ [[ရခိုင်ပြည်နယ်]]မြောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ ဒိုင်းနက်လူမျိုးများသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော [[မြန်မာတိုင်းရင်းသားမျိုးနွယ်များ|တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး]]တွင် အပါအဝင် ဖြစ်သည်။ ဒိုင်းနက်လူမျိုးသည် တိဘက်-ဗမာနွယ် လူမျိုးကြီးအုပ်စုတွင် အပါအဝင်ဖြစ်ပြီး မျိုးရိုးဗီဇအရ [[တိဘက်လူမျိုး]]၊ [[ဗမာလူမျိုး]]နှင့် [[ရခိုင်လူမျိုး]]များနှင့် နီးစပ်သည်။ ဒိုင်းနက်လူမျိုးများ၏ ၁၉၉၅ ခုနှစ် စာရင်းများအရ လူဦးရေ ၆၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၈၀,၀၀၀ အထိ ရှိလာခဲ့သည်။ အသွင်အပြင်အရ ရခိုင်လူမျိုးများနှင့် ခွဲခြားရန်ခက်သော်လည်း ဒိုင်းနက်လူမျိုးများတွင် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှုများ ရှိကြသည်။ လူမျိုးစုအရ ဒိုင်းနက်လူမျိုးများသည် [[ဘင်္ဂလားဒေ့ရှ်]]နှင့် [[အိန္ဒိယနိုင်ငံ]]အရှေ့မြောက်ပိုင်းရှိ [[သက္ကမလူမျိုး]]များနှင့် နီးစပ်သည်။ ဒိုင်းနက်နှင့် သက္ကမလူမျိုးတို့၏ ဘာသာစကားစကားမှာ အပြန်အလှန်နားလည်နိုင်စွမ်းရှိသည်။
 
[[File:DyneLumyo.jpg|thumb| ဒိုင်းနက် ရိုးရာဝတ်စုံ]]
[[File:Dynet.jpg|right| ဒိုင်းနက်လူမျိုး]]
 
ဒိုင်းနက်လူမျိုးများသည် ဒိုင်းပညာရပ်များကို တတ်ကျွမ်းသူများ ဖြစ်ခဲ့ကြ၍ ဒိုင်းနက်လူမျိုးဟု​ခေါ်တွင်​ကြောင်း သိရသည်။ မူလ ဒိုင်းတတ် မှ ဒိုင်းဒက် ဒိုင်းနက်ဟုပြောင်းလဲလာသည်။ ဒိုင်းနက်လူမျိုးတွင် မျိုးနွယ်ကွဲ ၈မျိုးရှိသည်။ ဒိုင်းနက်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဒိုင်းနက်တို့သည် ဘင်္ဂါလီ ဘာသာစကားနှင့် နီးစပ်​သောစကား​ပြောဆိုကြသည်။
 
ဒိုင်းနက်အများဆုံး ​နေထိုင်ရာ​ဒေသမှာ စစ်​တွေမြို့နယ်ပင်ဖြစ်သည်။ ဒိုင်းနက်၈ မျိုးအနက် လက်ဝဲ​ထောင်ဒိုင်းနက်များသည် ကျောက်​တော်၊ပုဏ္ဏားကျွန်း မြို့များတွင်​နေထိုင်ကြသည်။​ မောင်ညို​ထောင် ဒိုင်းနက်တို့သည် မြောက်ဦး၊မင်းပြား၊ရ​သေ့​တောင်တို့တွင် ​နေထိုင်ကြသည်။ ဒိုင်းနက်တို့သည် ဘူးသီး​တောင်​မောင်​တော မြို့နယ်များနှင့် ​လေးမြို့​ချောင်းဖျားတွင်လည်း ​နေထိုင်ကြသည်။
 
===ကိုးကား===
 
1.ရခိုင်ယဉ်​ကျေးမှု ဓ​လေ့ထုံးစံများ
 
==ကိုးကား==
1.ရခိုင်ယဉ်​ကျေးမှု ဓ​လေ့ထုံးစံများ
<references/>
 
{{မြန်မာပြည် လူမျိုးများ}}
[[Category:မြန်မာနိုင်ငံလူမျိုးများ]]