မြိုရိုးရာ: တည်းဖြတ်မှု မူကွဲများ

Removing မြိုအမျိုးသမီးတစ်ဦးရိုးရာယက်နေပုံ.jpg, it has been deleted from Commons by Yann because: Missing essential information such as license, [[:c:COM:PERMISS
စာကြောင်း ၁ -
{{refimprove}}
{{copyedit}}
{{Infobox body of water|name=မြိုရိုးရာစောင်|image=မြိုအမျိုးသမီးတစ်ဦးရိုးရာယက်နေပုံ.jpg|other_name=|caption=မြိုအမျိုးသမီး ရိုးရာစောင်ယက်လုပ်ပုံ|type=ယက်လုပ်အမျိုးအစား|width=၄ ပေ ၊ တတောင်|reference=Mru: Hill people on the border of Bangladesh,(Brauns & Loffler,1990)|cities=ဘန်ဒါဘန်|basin_countries=မြန်မာ ၊ ဘဂ်လားဒေရ့် ၊ အိန္ဒယ နယ်စပ်}}
ရိုးရာဝတ်စုံရဲ့ အစိတ်အပိုင်းတိုင်းကို ရိုးရာဂျပ်ခုတ်ရက်ကန်းနဲ့ ရက်လုပ်တဲ့ [[မြိုရိုးရာ]] ဝတ်စုံဟာ အသေးစိတ်ပြီး ကျစ်လျစ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းပုံ ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အိမ်တွင်းလက်မှုဖြစ်တာကြောင့် မြိုရိုးရာ ဝတ်စုံဟာ ရိုးရာအစဉ်အလာရဲ့ ပြယုဂ်ဖြစ်တဲ့အပြင် မြိုအမျိုး သမီးတို့ရဲ့ အနုပညာအမြင်၊ စိတ်ရှည်အသေးစိတ်မှုနဲ့ နူးညံ့တဲ့ စိတ်ထားတွေကိုပါ မြင်နိုင်တဲ့ ဝတ်စုံလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် တိုင်း ရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ အချို့မှာ လူဦးရေ အနည်းစုသာကျန်ရှိ၍ တိမ်မြုပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ လူဦးရေ နည်းပါးသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းနှင့် ကိုယ်ပိုင်စာပေရှိသော လူမျိုးတစ်မျိုးမှာ ‘မြို’ လူမျိုးပင် ဖြစ်သည်။ လူမျိုးကွဲ များစွာရှိသည့်အတွက် ဝတ်စားနေထိုင်ပုံလည်း အတန်ငယ်ကွဲပြားကြရာမှ ရှေးမြိုအမျိုးသားတို့သည် အပြာရောင်အဝတ်ရှည်ကိုခါးတောင်းကျိုက်၍ ဝတ်ဆင်ကြ၍ အမျိုးသမီးများမှာ အကျၤီဝတ်ကြရိုးထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စကို ဒူးဆစ်အထိ ရစ်ပတ်ဝတ်ဆင်ကြသည်။ အဆင်တန်ဆာ အဖြစ် ပုတီးစေ့ကြိုးများနှင့် ကြေးနီခွေများကို ဝတ်ဆင်လေ့ရှိကြသည်။ ငွေထည်များကိုလည်းအဆင်တန်ဆာအဖြစ် ဝတ်ဆင်လေ့ရှိကြ သည်။ မြို အမျိုးသမီးတို့သည် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဂျပ်ခုတ်ရက်ကန်းရက်ခြင်းကို လုပ်ကိုင်ကြပြီး ၎င်းတို့အစုအဖွဲ့အတွင်းမှာပင် ရက်လုပ်ရောင်းချလေ့ ရှိကြသည်။