ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

Removing မြိုရိုးရာပွဲတော်.jpg, it has been deleted from Commons by Yann because: Missing essential information such as license, permission or source ([[:c
စာကြောင်း ၁ -
 
(ဤအကြောင်းအရာများနှင့် ခမီဘာသာစကားပြောပြီး မြိုလူမျိုးဟု ခံယူသူများနှင့်မရောထွေးပါနှင့်)
{{Infobox ethnic group|group=မြိုလူမျိုး|native_name=|flag={{flag|Myanmar}}, {{flag|Bangladesh}},{{flag|India}}|flag_caption=|image=Mro men from Bandarban.jpg|image_caption=မြိုရိုးရာတေးမှုတ်တုရိယာ နှင့် မြိုအမျိုးသားများ|caption=မြိုလူမျိုး|total=၁၂၀,၀၀၀|total1=|population=၁၂၀,၀၀၀|popplace=[[မြန်မာ]]၊[[ဘင်္ဂလားဒေ့ရှ်]]၊[[အိန္ဒိယ]]|regions=|languages=[[မြိုလူမျိုးဘာသာစကား|မြိုဘာသာစကား]] [ ဒေသိယစကား- မြို၊မရို၊ မြူ၊မရူ၊ မြုံ၊မြုန်၊ တောင်မြို၊ တောင်မရူ၊ မြူ၊ မြိုစာ၊ မြူစာ ]|religions=[[နတ်ကိုးကွယ်ယုံကြည်မှု]]
Line ၅၇၈ ⟶ ၅၇၇:
 
== ရိုးရာနွားထိုးပွဲ ==
 
[[ဖိုင်:မြိုရိုးရာပွဲတော်.jpg|thumb|259x259px|မြိုရိုးရာနွားထိုးပွဲတွင် အပျို လူပျိုများကခုန်ကြပုံ(စစ်တကောင်း, ၁၉၉၀)]]
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန် အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြ သည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုင် ကျစီစိုက်ထူထားသည်။ တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံ ဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။ နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထား လေ့ရှိကြသည်။ နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကို ထပ်မံ စိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။ အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည် နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွား ရောက်ယူလာသည့် ကျောက်ကို အလှုရှင်အားပေးကြသည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။ နတ်ကျောက်ကို သယ်ဆောင် လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်‌ကျေက်ကိုယူခြင်း၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာ မရှိ သောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ ဖိတ်ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့်အခါနွားကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည်ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။ တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် နတ်ပူဇော်သည့် အကအဖွဲ့သည် ယဇ် ကောင်နွားကို ၁၂ပတ်တိတိဝိုင်းဖွဲ့ကခုန်ကြသည် နတ်ဆရာက အမိန့်ေပးလိုက်သည့်အခါ အဖွဲ့ဝင်တစ်ဦးကနွားကို တစ်ချက်တည်းဖြင့်ထိုးကာ ပူဇော်လိုက်ရသည်။ ေနာက်တစ်ဦးက နွား၏လျှာကို သူ၏သွားဖြင့်ကိုက်ဖြတ်ပစ်လိုက်ရသည်။ ဤသို့ပြုလုပ်ရခြင်းမှာ 'မြို' လူမျိုးတို့၏ စာကို နွားကစားပစ်သဖြင့်ဒဏ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။ နွားထိုးသူနှင့်နွားလျှာဖြတ်သူကို အရှင်က ခေါင်း ပေါင်းစတစ်စနှင့် အချိုရှည်တစ်ပုလင်းလက်ဆေင်ပေးလေ့ရှိသည်။ ထို့နောက်နွားသေကိုအလှူရှင်၏အိမ်ကွပ်ပျစ်၌အမဲဖျက်ကြကာ ဝိုင်းချက်ကြသည်။ ဤအေတာအတွင်းကခုန်မှုများကို ဆက်တိုက် ပြုလုပ်ကြပြန်သည်။ ထမင်းဟင်းကျက်သည့်အခါ အခြးရွာမှဧည့်သည်များအား အရင် ေကျွးေမွးဧည့်ခံရသည်။ ပြီးေနာက်မှ ရွာသားများစားေသာက်ကြသည်။ နံနက်စာစားပြီးနောက် ထပ်မံ ကခုန်ကြပြန်သည်။ ညနေပိုင်းတွင်းအခြားရွာမှဧည့်သည်များထွက်ခွာသွားကြေသာ်လည်း ရွာသားများကမူ ေနာက်ဆုံးေလးညတိုင်တိုင်ကခုန်လျက်ကျန်ရစ်ခဲ့ကြသည်။<ref>မေယုတောင်စွယ်ကြားမှသွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်) စာမျက်နှာ-၈၄-၈၆</ref>