လင်္ကာရည်ကျော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - category မြန်မာ စာရေးဆရာများကို ပေါင်းထည့်နေသည်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၃ -
 
၁၉၉၀-ခုနှစ်မှ ၁၉၉၁ အတွင်း သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ မှ စ၍ ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဆက်တိုက်တက်ရောက်ခဲ့သည်။
၁၉၉၃-ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ M,Med.Sc(Paediatrics) ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၇-ခုနှစ်မှ ၁၉၉၉ အတွင်း UK နိုင်ငံသို့ ပညာတော်သင် သွားရောက်ပြီး MRCP (UK) ဘွဲ့၊ MRCPCH ဘွဲ့နှင့် DCH(Glasgow)ဘွဲ့များ ရယူခဲ့သည်။ ၂၀၀၅-ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ Dr.MedSc(Paediatrics) ပါရဂူဘွဲ့ကို၎င်း၊ပါရဂူဘွဲ့ကိုလည်းကောင်း၊ ၂၀၀၆-ခုနှစ်တွင် Royal College of Physicians of Edinburgh မှ FRCP(Edin)ဘွဲ့ကို၎င်းဘွဲ့ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Royal College of Paediatrics and Child Health, UK မှ FRCPCH ဘွဲ့ ချီးမြှင့် ခဲ့သည်။
 
၂၀၀၀-ပြည့်နှစ်မှ စ၍ နာမည်ရင်းဖြင့်ရေးသားသော ကလေးကျန်းမာရေးပညာ ဆောင်းပါးများဖြင့် စာပေနယ်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ကျော်သက်ခိုင်စာပေမှ ထုတ်ဝေသော ''ကျန်းမာပြည့်ကြွယ်၊ ရင်သွေးငယ်'' စာအုပ်မှာ ပထမဦးဆုံး ထုတ်ဝေသော အင်တာဗျူး ဆောင်းပါးပေါင်းချုပ် ဖြစ်ပြီး ၂ဝဝ၄ ခုနှစ်တွင် နရသူခိ သုခချမ်းသာ မဂ္ဂဇင်းတွင် ပါရှိသော "အချစ်ကိုပင်လျှင် လျှပ်တပြတ်မျှသာ" ဝတ္ထုတိုဖြင့် စာပေနယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၀၆-ခုနှစ်တွင် ရတနာသိုက်စာပေမှ ထုတ်ဝေသော ''ပထမအိပ်မက် ဝတ္ထုတိုများ'' စာအုပ်မှာ ပထမဦးဆုံး ထုတ်ဝေသော ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြစ်သည်။ ၂၀၀၇-ခုနှစ်တွင် နန်းဒေဝီစာပေမှ ထုတ်ဝေသော ''ကလေးကျန်းမာရေးဆိုင်ရာ အယူအဆ အမှားများ'' စာအုပ်မှာ ပထမဦးဆုံး ပင်ကိုယ်ရေး ဆောင်းပါးပေါင်းချုပ် ဖြစ်ပြီး ''[[ကြိုးကြာတောင်ပံခတ်သံ (စာအုပ်)|ကြိုးကြာတောင်ပံခတ်သံ]]'' စာအုပ်မှာ ပထမဦးဆုံး ဝတ္ထုရှည် စဆုံးဖြစ်သည်။
 
''ကြိုးကြာတောင်ပံခတ်သံ'' အား ဒါရိုက်တာ [[မောင်မောင်၊စင်ယော်|စင်ယော်မောင်မောင်]]မှ ရုပ်ရှင်အဖြစ်ရိုက်ကူးကာ ၂၀၀၉-ခုနှစ် [[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု]] (ဇာတ်ကားဆု)ကို ဇင်ယော်ရုပ်ရှင် ထုတ်လုပ်ရေးမှ ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကြိုးကြာတောင်ပံခတ်သံ ကိကို တက္ကသိုလ်များ မြန်မာစာအဖွဲ့က ဝိဇ္ဇာဘွဲ့ (မြန်မာစာ) အတွက် ပြဋ္ဌာန်းခဲ့သည်။၂ဝဝ၉ ခုနှစ်တွင် ထုတ်ဝေသော ဒုတိယမြောက် ဝတ္ထုရှည် ''ဒေါက်တာရွှေသွေးနှင့်မပန်းမှုံ'' သည်လည်း [[အမျိုးသား စာပေဆု]] (ဝတ္ထုရှည်) ရရှိခဲ့သည်။
၂၀၀၀ပြည့်နှစ်မှ စ၍ ကလေးကျန်းမာရေး ပညာပေးစာအုပ်များရေးသားထုတ်ဝေခဲ့ပြီး ''မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ'' စာအုပ်နှင့် ၂၀၁၃ ခုနှစ်တွင် [[သုတစွယ်စုံစာပေဆု]] ကို အသုံးချသိပ္ပံ ဘာသာရပ်ကဏ္ဍ မှရရှိခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၂၀၁၇ ခုနှစ်တွင် 'သား သို့ ' စာအုပ်ဖြင့် ယင်းဆုကို လူငယ်စာပေ ကဏ္ဍမှ ထပ်မံရရှိခဲ့သည်။