ဂျမေကာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +link
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -တောင်ဖက် +တောင်ဘက်, -။ဂ +။ ဂ)
စာကြောင်း ၉၅ -
ဂျမေးကားဟူသော အမည်မှာ ရေတံခွန်ရှိသောကျွန်းဟု အဓိပ္ပာယ်ရလေရာ ထိုကျွန်း၌ စိမ့်စမ်း ရေတံခွန်တို့သည် အပျော်ခရီးထွက်သူတို့၏ စိတ်နှလုံးကို ချမ်းမြေ့အောင် ဖန်တီး ပေသည်။ ထိုမှတစ်ပါးလည်း သစ်ခွပန်း၊ ဂမုန်းပန်း၊ ပေါ်ပီပန်း စသော ရောင်စုံပန်းအမျိုးမျိုးတို့ကြောင့် ၁၄၉၄ ခုနှစ်တွင် ဂျမေးကားကျွန်းသို့ အနောက် နိုင်ငံသားထဲမှ ရှေးဦးစွာ ရောက် ခဲ့သော ကိုလံဘတ်ကနတ်ဥယျာဉ်နှင့်တူသော ကျွန်းဟု အမှတ် တရ ပြောခဲ့ဖူးသည်။
 
ဂျမေးကားကျွန်းသည် ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစု တွင် အကြီးဆုံးနှင့် အထင်ရှားဆုံးကျွန်းဖြစ်၍ အလျား ၁၄၄ မိုင်၊ အနံမိုင် ၄ဝ ခန့် ရှိသည်။ ကျူဘားကျွန်း၏ တောင်ဖက်တောင်ဘက် မိုင် ၉ဝ ခန့်အကွာတွင် တည်ရှိသည်။
 
ရှေးအခါကမူ ဤကျွန်းမှာ ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြများ၏ စခန်းချရာဌာန ဖြစ်ခဲ့ဖူး၏။ ကိုလံဘတ် တွေ့ရှိပြီးနောက် ၁၅ နှစ်ခန့်အကြာတွင် စပိန်လူမျိုးတို့ သွား ရောက်ခဲ့ဖူးသည်။ ၁၆၆၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင် ကိုလိုနီ တစ်ခု အဖြစ်ဖြင့် ဗြိတိသျှတို့က သိမ်းယူလေသည်။ လူဦးရေ ၁၂ဝဝဝဝဝ ကျော်ရှိသည့်အနက် ၁ဝဝ လျှင် ၂ ယောက်သာ မျက်နှာဖြူတို့ ဖြစ်၍ ၇၇ ယောက်တို့မှာ ကပ္ပလီလူမျိုးများ၊ ၂ဝ ယောက်မှာ ကပြားများနှင့် ကျန်လူတို့မှာ ကူလီများ အိန္ဒိယလူမျိုးနှင့် တရုတ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးတွင် ဂျမေးကားကျွန်းနှင့်အတူ တွဲဖက်ထားသော ကျွန်းငယ်များမှာ တာ့ကျွန်း၊ ကေးကပ်ကျွန်းနှင့် [[ကေးမန်ကျွန်းစု]]များ ဖြစ်ကြ၏။
စာကြောင်း ၁၀၅ -
သားရဲတိရစ္ဆာန်များနှင့် အဆိပ်ရှိသော မြွေများ မရှိချေ။ ကျွန်းတွင် မကြာခဏမြေငလျင်လှုပ်၍ လေဆင်နှာမောင်းများ တိုက်ခတ်ကျရောက်တတ်၏။ ၁၉ဝ၇ ခုနှစ်က မြေငလျင် ပြင်းထန်စွာ လှုပ်ခဲ့ဖူးရာ ကျွန်း၏မြို့တော်ဖြစ်သော ကင်းစတောင်းမြို့တွင် လူပေါင်းများစွာ သေကြေခဲ့၏။ ၁၉၁၂ ခုနှစ် တွင် တိုက်ခတ်သော လေနီကြမ်းကလည်း ကျွန်းအနောက် ဘက်ကမ်းရှိ သင်္ဘောဆိပ်တစ်ခုကို အတော်ပင် ပျက်စီးစေခဲ့၏။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>၏
 
ဂျမေးကား ကျွန်းသည် ဗြိတိသျှပိုင်အနောက်အိန္ဒိယ ကျွန်းစုတွင် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်၍နိုင်ငံ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄,၂၃၂ မိုင်ရှိသည်။ ၁၉၆၂ ခုနှစ် ဩဂုတ်လ ၆ရက်နေ့ တွင် ဂျမေးကားကျွန်း လွတ်လပ်ရေး ရခဲ့သည်။ ၁၉၇၇ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၂,ဝ၉ဝ,ဝဝဝခန့်ရှိသည်။ခရစ်ယန်ဘာသာဝဝဝခန့်ရှိသည်။ ခရစ်ယန်ဘာသာ ကိုးကွယ်ကြသူမှာ လူများစုဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားမှာ အများသုံးဘာသာစကား ဖြစ်သည်။
 
ဂျမေးကားကျွန်းသည် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာ၍ နိုင်ငံဝန်ကြီးချုပ်မှာ မစ္စတာ မိုက်ကယ်မင်လီဖြစ်သည်။ မိုက်ကယ်မင်လီမှာ ပြည်သူ့အမျိုးသား ပါတီခေါင်းဆောင်ဖြစ်၍ အထွေထွေ ရွေးကောက်ပွဲတွင်သူ၏ ပါတီကအနိုင်ရရှိသဖြင့် အစိုးရဖွဲ့သောအခါသူသည် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ လေသည်။
 
ဂျမေးကား နိုင်ငံတွင် ဥပဒေပြုလွတ်တော် နှစ်ရပ်ရှိရာအောက်လွှတ်တော်ကို ပြည်သူအများကရွေး ချယ်တင်မြှောက်သော အမတ်ဦးရေ ၅၃ ဦးဖြင့် ပါဝင်ဖွဲ့စည်း၍ အထက်လွှတ်တော်တွင် အမတ် ၂၁ ဦးဖြင့် ပါဝင်ဖွဲ့စည်း ထားလေသည်။ဂျမေးကားနိုင်ငံသုံးထားလေသည်။ ဂျမေးကားနိုင်ငံသုံး ငွေကြေးမှာ ဂျမေးကား ဒေါ်လာဖြစ်သည်။ ယင်းဒေါ်လာငွေကို ၁၉၇၇ ခုနှစ် ဧပြီလတွင် တစ်ကြိမ်၊ ၁၉၇၇ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်နှင့် ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် မျှ တန်ဖိုးချခဲ့သည်။
 
၁၉၇၇ခု မေလ၌ အမေရိကန် သမ္မတကတော် ရိုစလင်ကာတာသည် ဂျမေးကားကျွန်းသို့ အလည်အပတ် သွားရောက် ခဲ့သည်။ ထို့နောက် ဂျမေးကားနိုင်ငံသို့ အမေရိကန် အစိုးရအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အေဂျင်စီမှ အမေရိကန်ဒေါ်လာငွေ ၆,၃၄,ဝဝ,ဝဝဝ ကို ထောက်ပံ့ ချေးငှားခဲ့သည်။ များမကြာမီက ပင် ဂျမေးကားဝန်ကြီးချုပ် မိုက်ကယ်မင်လီသည် အမေရိကန်သမ္မတ ဂျင်မီကာတာနှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ ၁၉၇၇ ခုနှစ်ဒီဇင်ဘာလ ၁၆ရက်နေ့တွင် သွားရောက်ခဲ့သည်။