သတ္တုတွင်းလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ, -။သ +။ သ)
စာကြောင်း ၁၉ -
တခါတရံ သတ္တုကြောများတွင်အကြောတက်ငယ်များ ဖြာထွက်လျက်ရှိတတ်ရာ ဤအတက်ငယ်များတွင် မြေကတုတ်ကဲ့သို့ မြောင်းများဖြတ်၍ တူးပေးလျှင် သတ္တုကြောမ ကြီးကိုတွေ့ရတတ်သည်။ ဤ နည်းဖြင့်သတ္တုရှာဖွေသူတို့သည် သတ္တုတွင်းများစွာကိုတွေ့ရှိခဲ့ကြလေသည်။ တစ်ခါတစ်ရံသတ္တုအကြောတက် ငယ်သည် တောင်ကုန်းတွင်ဦးတိုက်လျက်ရှိခြင်း ကြောင့် သတ္တုရိုင်းများမှာ ရေစားပြီးပါသွား၍သတ္တုရိုင်း အရိပ်အရောင်မျှကိုသာတွေ့ရတတ်သည်။ ဤသို့တွေ့ရှိသောအခါအထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြေတွင်မြောင်းဖောက်၍ သတ္တုကြောကိုရှာဖွေယူရသည်။ သတ္တုကြောကို တွေ့ရှိသောအခါသတ္တုမည်မျှရှိကြောင်း ကိုသိရှိရန်စမ်းသပ်ကြည့်ရပြန်သည်။
 
များသောအားဖြင့်ထိုသို့စမ်းသပ်နည်းမှာ နှစ်နည်းရှိရာ ပထမနည်းမှာ သတ်မှတ်ထားသောနယ်နိမိတ်အတွင်းရှိမြေကို တူးဖော်၍ ထိုမြေတွင် သတ္တုမည်မျှ ပါရှိသည်ကိုစစ်ဆေးသောနည်း ဖြစ်သည်။ ဒုတိယနည်းမှာ မြေတွင်းသို့နက်ရှိုင်းစွာတူးဖော်၍ မြေ၏အတွင်းသားတွင် သတ္တု မည်မျှပါရှိသည်ကိုစစ်ဆေးသော နည်းဖြစ်သည်။ ဒုတိယနည်းတွင်စိန်သွားတတ်ထားသော လွန်စက်ဖြင့် မြေထဲသို့အလွန်နက်ရှိုင်းစွာ ထိုးဖောက်ကြည့်ကြလေသည်။ ထိုသို့စမ်းသပ်၍သတ္တုများကို တူးဖော်နိုင် လောက်အောင် များများစားစားတွေ့ရှိရသောအခါ သတ္တုတွင်းဝ အနီးအနားတွင် အဆောက်အအုံများကို သပ်ရပ်စွာဆောက် လုပ်၍သတ္တုတူးဖော်သောလုပ်ငန်းကိုစတင်လုပ်ကိုင်ကြလေသည်။သတ္တုတူးဖော်ရာ၌လုပ်၍သတ္တုတူးဖော်သောလုပ်ငန်းကိုစတင်လုပ်ကိုင်ကြလေသည်။ သတ္တုတူးဖော်ရာ၌ မြေပေါ်တူးဖော်နည်း (Surface Mining Method) နှင့် မြေအောက်တူးဖော်နည်း (Underground Mining Method) ဟူ၍ အဓိကနှစ်မျိုးရှိသည်။
 
မြေပေါ်တူးဖော်နည်းတွင်သတ္တုများကိုရေတွင်းများတူးသကဲ့သို့ (Open Pit Mining)တူးယူကြရ၍ များသောအားဖြင့်ဤနည်း ကို သံနှင့်ကြေးနီ တူးဖော်ရာ၌ အသုံးများသည်။ သတ္တုကြောသည် မြေအောက် ပေ၃ဝဝ ကျော်လောက်မှာ ရှိလျှင် သတ္တုရိုင်းကိုမြေပေါ်သို့ တင်ယူရသောစရိတ်မှာ အလွန်ကြီးလေးသဖြင့် မြေပေါ်တူးဖော်နည်းကို အသုံးပြုကြသည်။ ဤနည်းတွင် သတ္တုရိုင်းများကို ဒိုင်းနမိုက်ဖြင့်ဖြိုခွဲ၍ စက်ဂေါ်ပြားများ (Backhoe, Wheel Loader, Shovel)ဖြင့် မော်တော်ကား များပေါ်သို့တင်ဆောင်ပေးလေသည်။ သို့သော်တွင်းနက်လာသောအခါ နံရံတွင်ရှိသည့်ကျောက်တုံး များပြိုကျ၍ အလုပ်သမားများ ဒဏ်ရာရရှိတတ်သည်။ ရေဖြင့်ကျင်ယူသောနည်း (Panning)မှာလည်းမြေပေါ်တူးဖော်နည်းတွင် အကျုံးဝင်သည်။ ဤနည်းကိုရွှေနှင့်ငွေကဲ့သို့သော သတ္တုများတူးဖော်ရာ၌ အသုံးပြုသည်။
စာကြောင်း ၃၂ -
ပြွန်တွင်း၏အဆုံးဖက်တွင်ရေဝင်ရောက်စုရုံးနေနိုင်အောင် ကန်ကျယ်ကြီး တစ်ခုပြုလုပ်ထားရသည့်ပြင် ပြွန်တွင်းရှိ အင်္ဂတေနံရံများကို ပြိုမကျရအောင် ထောက်များဖြင့်ခိုင်ခိုင်ခံ့ခံ့ ထောက်ထားရသည်။ ပြွန်တွင်းများမှတစ်ဖန်လိုဏ်ခေါင်းများကို ဘေးတိုက် သတ္တုကြောဆီ ရောက်အောင် တူးယူပြန်သည်။
 
ဤသို့တူးယူသောလိုဏ်ခေါင်းများသည် ပြွန်တွင်းဖက်သို့ခပ်စောင်းစောင်းရှိသဖြင့် သတ္တု တွင်းတွင်ထွက်သမျှရေသည်ပြွန်တွင်းသို့စီးဝင်လာသည်။ ပြွန်တွင်းမှတစ်ဖန် ထိုရေကိုအားကောင်းသော ရေနွေးငွေ့စက်များဖြင့်မြေပြင်ပေါ်သို့စုတ်ထုတ်ပစ်လေသည်။များသောအားဖြင့်ရေနွေးငွေ့စက်များဖြင့်မြေပြင်ပေါ်သို့စုတ်ထုတ်ပစ်လေသည်။ များသောအားဖြင့် သတ္တုတွင်းတစ်တွင်းလျှင် ပြွန်ပေါက်နှစ်ပေါက်စီဖောက်ထားလေ့ရှိကြသည်။ ဤသို့ဖောက်ထားခြင်းမှာ သတ္တုတွင်းပြိုကျ၍ အလုပ်သမားများပိတ်မိမနေစေရန်နှင့်သတ္တုတွင်းထဲ၌ လေကောင်းလေသန့်ရရှိစေရန်ဖြစ်သည်။
 
သတ္တုတွင်းများတွင်အဆိပ်ငွေ့များထွက်တတ်ခြင်းကြောင့်၎င်း၊ သတ္တုတွင်းများနက်လာသောအခါ အပူအားကြီးလာသော ကြောင့်၎င်း၊ အလုပ်သမားများတာရှည်လေးမြင့်အလုပ် လုပ်နေနိုင်ရန် လေကောင်းလေသန့်မြောက်မြားစွာကိုသွင်းပေးဖို့ အရေးကြီးလေသည်။ များသောအားဖြင့် သတ္တုတွင်းများတွင် လေကောင်းလေသန့်ဝင်ရောက်စေသောနည်းမှာ ပြွန်တွင်းတစ်ဖက်မှမသန့်ရှင်းသော လေများကိုအလွန်ကြီးမားသောယပ်များဖြင့်ယပ်ပေးပြီးထုတ်ပစ်သော နည်းဖြစ်သည်။ ဤသို့ပြွန်တစ်ဖက်မှ လေကိုထုတ်ပစ်လိုက်သောအခါ အခြားပြွန်တဖက်မှ လေထပ်တလဲလဲ ဝင်ရောက်လာသဖြင့်သတ္တုတွင်း၌ အလုပ်လုပ်လျက်ရှိသော အလုပ်သမားများအား လေကောင်းလေသန့်ကို ရရှိစေသည်။