ယန်ဇီမြစ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။တ +။ တ)
 
စာကြောင်း ၆ -
သော မြစ်ဝှမ်းဒေသမှာ စတုရန်းမိုင်ပေါင်း ၇ဝဝဝဝဝ နီးပါး မျှ ရှိသည်။
 
ယန်ဆီမြစ်သည် မိုင် ၃ဝ မှ မိုင် ၄ဝ အထိ ကျယ်၏။ ပင်လယ်ကူးသင်္ဘောများသည် မြစ်ဝအနီး၌ တည်ရှိသော ရှန်ဟိုင်းမြို့မှ အထက်သို့ မိုင် ၆၂ဝ ခန့် ဝေးသော ဟန်ကောင် မြို့အထိ ဆန်တက်နိုင်သည်။တစ်ဖန်ဆန်တက်နိုင်သည်။ တစ်ဖန် ဟန်ကောင်မြို့မှ မြစ်တွင်း ခုတ်မောင်းသောသင်္ဘောဖြင့် အထက်သို့ မိုင် ၅ဝဝ ခန့် သွား ရောက်နိုင်သေးသည်။ အီချန်မြို့ အထက်ပိုင်း၌မူကား မြစ်ကြောင်းသည် ရေစီးသန်၍ ချောက်ကြီးများ ရှိခြင်းကြောင့် လှေငယ် တက်စင်းများဖြင့်သာ သွားလာနိုင်လေသည်။
 
ယန်ဆီမြစ်ဖျားခံရာ ဒေသသည် မြင့်မားသော တောင် တန်းများဖြစ်သောကြောင့် ရေစီးအလွန်သန်၍ မြစ်ကမ်းပါးများ သည်လည်း မြင့်သည်။ မြစ်အောက်ပိုင်းတွင်မူ ရေစီးနှေး၍ နုံးထူသည်။ မြစ်တစ်လျှောက်၌ အိုင်များရှိရာ၊ မြစ်ရေလျှံသော အချိန်ကာလတွင် ဟွန်ဟိုမြစ်လောက် လယ်ယာအိမ်ခြေ အပျက်အစီးမများချေ။ မြစ်အတွင်း လှေများပေါ်၌၎င်း၊ မြစ်ဝှမ်း တစ်လျှောက်၌၎င်း တရုတ်အမျိုးသား မြောက်မြားစွာ နေထိုင်ကြ သည်။ ယန်ဆီမြစ်ဝှမ်းတွင် ပိုးမွေးမြူခြင်း၊ ဆန်စပါး၊ ဝါနှင့် လက်ဖက်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ်