ဗီတာမင်ကေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ)
စာကြောင်း ၄ -
အရွယ်ရောက်ပြီးသူများနှင့် ကလေးများဟာ ဗီတာမင်ကေ ကို အူထဲရှိ ဘက်တီးရီးယားများမှ အများဆုံး ရရှိပြီး စားသော အစာများမှလည်း ဗီတာမင်ကေကို အနည်းငယ် ရရှိနိုင်ပါတယ်။ ဗီတာမင်ကေဓာတ် ပါဝင်တဲ့ အစားအစာများကတော့ ပဲသီး၊ ကြိတ်ထားသော အမဲသား၊ အမဲ အသည်း၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ နွားနို့၊ မုန်လာဥ (ဝါ)၊ လိမ္မော်သီး၊ အာလူး၊ ဟင်းနုနွယ်၊ စတော်ဘယ်ရီ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ ဖြစ်ကြပါတယ်။
 
မွေးကင်းစကလေးများကတော့ မွေးခါစ အရွယ်မှာ ဗီတာမင်ကေ အင်မတန်နည်းပါးပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်အတွင်းမှာ ကလေးဆီကို ဗီတာမင်ကေက အချင်းကိုဖြတ်လို့ ရောက်မလာနိုင်ပါဘူး။ မိခင်ဝမ်းမှ မကျွတ်မီအချိန်မှာ ကလေးရဲ့ အူဟာလည်း ဗီတာမင်ကေကို ထုတ်လုပ်နိုင်တဲ့ ဘက်တီးရီးယားများ မပါရှိနေသေးပါဘူး။မွေးဖွားပြီးမှသာမပါရှိနေသေးပါဘူး။ မွေးဖွားပြီးမှသာ မိခင်နို့ရည်ထံမှ ဗီတာမင်ကေဓာတ် အနည်းငယ်မျှကို မွေးကင်းစ ကလေးငယ်များက ရရှိတာ ဖြစ်ပါတယ်။ မိခင်နို့စို့တဲ့ကလေးငယ်များဟာ သူတို့ရဲ့ အူထဲမှ ဗီတာမင်ကေကို ထုတ်ပေးတဲ့ ဘက်တီးရီးယားများက ဗီတာမင်ကေကို စတင် ထုတ်လုပ် ရရှိဖို့ကို အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်။
ကလေးနို့မှုန့် ဖော်မြူလာများမှာ ဗီတာမင်ကေကို ထည့်သွင်း ဖော်စပ် ထားကြသော်လည်း နို့မှုန့်တိုက်ကျွေးခြင်းခံရသော ကလေးငယ်များမှာ ဗီတာမင်ကေဓာတ် အင်မတန် နည်းပါးကြပါတယ်။ ဗီတာမင်ကေ နည်းပါးလျှင် သွေးယိုစီးမှု (bleeding) ဖြစ်စေနိုင်ပြီး စိုးရိမ်ဖွယ် အန္တရာယ်ရှိပါတယ်။ တကယ်လို့များ သွေးယိုစီးမှုက ဦးနှောက်ဆီကို ရောက်သွားလျှင် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးယိုစီးမှုမျိုးကို haemorrhagic disease of the newborn (HDN) လို့ခေါ်ပါတယ်။