လူနှင့်တူသောလူ: တည်းဖြတ်မှု မူကွဲများ

စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။န +။ န)
 
စာကြောင်း ၆ -
အိုရိုလာ သည် ကျော်ကြားသော သိပ္ပံပညာရှင် တစ်ဦး ဖြစ်သကဲ့သို့ သားဖြစ်သူ နမ်ရှင်း နှင့် ရှင်ကွဲ ကွဲနေသော မိခင်တစ်ဦးလည်း ဖြစ်သည်။ ပြည်ပတွင်နေထိုင်ရင်း သားကို လွမ်းဆွတ်တမ်းတ စိတ် ကြောင့် သားနှင့် ဆင်တူသော နမ်ရှင်း၁ ၊ ၂ နှင့် ၃ ဟုနာမည်ပေးထားသော လူသား အိုင်တီ စက်ရုပ်များကို တီထွင်ခဲ့တော့သည်။ တောင်ကိုရိးယား ရှိ အဘိုးဖြစ်သူ အောက်တွင်ကြီးပြင်းလာသော သားဖြစ်သူမှာ မိခင်အားတွေ့မြင်ချင်စိတ် ဖြင့် မိမိတာဝန်ယူထားရာ အဘိုးကုမ္ပဏီတွင် ပြဿနာဖန်တီးပြီး မိခင်ရှိရာ ပြည်ပသို့ထွက်လာခဲ့သည်။ သို့သော် နမ်ရှင်း၏ နေရာအားလုယူလိုသော လူတစ်စု၏ လုပ်ကြံမှုကြောင့် လူသား နမ်ရှင်းမှာ ကိုမာအခြေအနေသို့ ရောက်ခဲ့ရတော့သည်။ အဘိုးကုမ္ပဏီ၏ အမွေဆက်ခံသူ လူသားနမ်ရှင်း နေရာ မပျောက်ပျက်စေရန် စက်ရုပ် နမ်ရှင်း ၃ အား လူသားနမ်ရှင်း အဖြစ် လူသားနမ်ရှင်း၏ အတွေးရေးမှူး ယောင်ဟွန်းဟာ နှင့်အတူ တောင်ကိုရီးယားနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
 
တောင်ကိုရီးယားသို့ ပြန်ရောက်ချိန်တွင် လူသားနမ်ရှင်း အလုပ်ဖြုတ်ခဲ့သော ဂန်းဆိုဘုံး အား စက်ရုပ်နမ်ရှင်း ၃ မှ သူ၏သက်တော်စောင့်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ နောက်ပိုင်းတွင် သက်တော်စောင့် ကောင်မလေး ဆိုဘုံး ဟာ စက်ရုပ်နမ်ရှင်း ၃ ၏ အဖြစ်မှန်အား သိသွားခဲ့သော်လည်း သူ၏ သရုပ်မှန် မပေါ်စေရေး အတွက် ကာကွယ်ပေးခဲ့ပြီး စက်ရုပ် နမ်ရှင်း ၃ အား လူသားကဲ့သို့ပြုမှုနေထိုင်တတ်ရန် သင်ပြပေးခဲ့သည်။နောက်ပိုင်းတွင်သင်ပြပေးခဲ့သည်။ နောက်ပိုင်းတွင် သူတို့ နှစ်ဦး အနေနီးစပ်ကာ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာ အားအခြေခံ၍ ရိုက်ကူးထားသည်။
 
== အဆင့်သတ်မှတ်ချက် ==