ကင်းမြီးကောက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ခြေဆစ်များ သတ္တဝါများကို ဖယ်ရှားခဲ့သည်၊ Category:ခြေဆစ်များသတ္တဝါ မျိုးစဉ်များကို ပေါင်းထည့်ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်နေ +လျက် နေ)
စာကြောင်း ၂၄ -
ကင်းမြီးကောက်တို့သည် အကယ်စင်စစ် [[အပူပိုင်းဒေသ]]တွင် နေထိုင်ကြသော်လည်း နေပူကိုကြောက်၍ နေရောင်စူးစူးကို မခံလိုကြချေ။ ထို့ကြောင့် ပူပြင်းသည့်နေ့အချိန်များတွင် အရိပ် ကျရာကျောက်ကြိုကျောက်ကြား၊ [[သစ်ပင်]]ကြိုသစ်ပင်ကြားများ၌ ခိုအောင်း၍နေလေ့ရှိသည်။ သို့သော်[[ ည]]ဖက်သို့ရောက်လာလျှင် လန်းဆန်းဖျတ်လတ်လာပြီးသော် ခိုလှုံနေရာ အကြိုအကြားမှ ထွက်၍ အစာရှာတော့သည်။
 
ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ [[သဲကန္တာရ]]နှင့်တကွ [[နှင်း]]ကျသည့်အရပ်ဒေသမှာပင် တွေ့ရသည်။ ကင်းမြီးကောက်တို့၏အစာများမှာ သေးငယ်သောပိုးမွှား၊ ပင့်ကူ၊ ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ ဖားပြုတ်၊ [[ပက်ကျိ]]၊ [[ခရု]] ပက်ကျိ စသော အကောင်ကလေးများအပြင် ကြွက်စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြသည်။ ကင်းမြီးကောက် တို့သည် ယင်းတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပေ။ လူကိုလည်း သာမန်အားဖြင့် ရန်ပြု ခဲပေသည်။ ကင်းမြီးကောက်တို့ ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင်စားဖွယ်ကောင်း၏။ ကင်းမြီးကောက်အမသည် အဖိုထက်ကိုယ်လုံးကိုယ်ထည် ကြီးမားသည်။ မိမိထံပါးသို့ ကင်းမြီးကောက် အဖိုတစ်ကောင်လာ၍ချစ်ရေးဆိုလျက်ရှိစဉ်၊ သဘောကောင်းချိန် ကြုံကြိုက်၍ စိတ်ကြိုက်နှင့်တွေ့ပါက၊ ကြည်သာစွာပင် လက်ခံတတ်သည်။ အခန့်မသင့်က ထိုအဖိုကိုကိုက်သတ်၍ စားပစ်တတ်၏။ နှစ်ဦးနှစ်ဝ ချစ်ရေးကြည်ဖြူခဲ့သော် အဖိုသည် အမ၏လက်မ ၂ ဖက်ကို မိမိ၏လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် ရှေ့တိုးနောက်ငင်စုံတွဲလျှက်နေပြီးနောက်၊ရှေ့တိုးနောက်ငင်စုံတွဲလျက် နေပြီးနောက်၊ မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားလေသည်။ သို့သော် ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးသောအခါ အမသည် အဖိုကို စားပစ်လိုက်တတ်သည် သာများသည်။
 
သို့ရာတွင် ကင်းမြီးကောက်အမသည် မိမိသားငယ်များ အပေါ်၌မူများစွာခင်မင်ကြင်နာသည်ကိုတွေ့ရ၏။ ကင်းမြီး ကောက်တို့သည် အကောင်လိုက်ပေါက်ဖွားကြ၍၊ မိခင် ကင်းမြီးကောက်မကြီးသည် သားငယ်များကို ကျောပေါ်၌ သယ်ဆောင် သွားလာလေ့ရှိသည်။ ကင်းမြီးကောက်ပေါက်စ သည် ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပ အမအဖဖြစ်သော ကင်းမြီးကောက် ကြီးများနှင့် ပုံသဏ္ဌာန်ချင်းတူသည်။ ယင်းတို့သည် ကြိမ်ဖန်များစွာအရေလဲပြီးမှ တဖြည်းဖြည်း ကြီးပြင်းကြရသည်။