ဆိုက်ကား: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချယ်လှယ် +ခြယ်လှယ်)
စာကြောင်း ၂၅ -
==မြန်မာနိုင်ငံနှင့် ဆိုက်ကား==
===ခေတ်အခြေအနေ===
[[၁၃၀၀ ပြည့် အရေးတော်ပုံ]] အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး မန္တလေးမြို့၌ ဖြစ်ပွားသောအခါ မြို့တွင်း၌သွားလာရန် မြင်းတပ်ရထားလုံးနှင့် ဓာတ်ရထားနှစ်မျိုးသာရှိခဲ့သည်။ ရန်ကုန်မြို့တွင် လန်ခြားအသုံးပြု၍ သွားလာကြသည်။ ထိုအရေးတော်ပုံ၌ အမျိုးသားစီးပွားရေးသည် မြန်မာအမျိုးသားများ၏ လက်ထဲ၌သာ ရှိရမည် ဆိုသော မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေသည့်သွေးစုပ်ခြယ်လှယ်နေသည့် နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုကို မြန်မာအမျိုးသားများက ဖွင့်ခဲ့ကြသည်။ ယင်းကာလတွင် စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားဖြင့်လှုပ်ရှားမောင်းနှင်သော ဆိုက်ကားယာဉ်ငယ်တစ်မျိုး ပေါ်လာခဲ့သည်။ ဆိုက်ကားသည် စက်ဘီးကိုအခြေခံထား၍ ပေါ်ပေါက်လာခဲ့သည်။ ထိုခေတ်ကာလများ၌ အကောင်းဆုံးစက်ဘီး ရလေး (Releigh bicycle) စပါယ်ရှယ်သည် တစ်စီး (၁၂၅) ကျပ်သာ တန်ဖိုးရှိ၏။ ဟာကြူလီတံဆိပ် စက်ဘီး၏တန်ဖိုးမှာ ၅၀ကျပ် မှ ၇၀ကျပ်အထိဖြစ်သည်။