သက်တံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ)
 
စာကြောင်း ၁၁ -
 
 
သက်တံ။ ။မိုးရွာအံ့ဆဲဆဲအချိန်၊။ မိုးရွာအံ့ဆဲဆဲအချိန်၊ မိုးရွာစအချိန်မျိုးတွင် နေကလည်း ပွင့်လျက်ရှိစဉ် ကောင်းကင်၌ လေးကိုင်းကဲ့သို့ ညွတ်ကွေးလျက်ရှိသောပုံစံဖြင့် စက်ဝိုင်းခြမ်းနီးပါး ထင်နေတတ်သည့် ရောင်စုံသက်တံကိုလူတိုင်းပင် မြင်ဖူးကြပေမည်။ တစ်ခါတစ်ရံတွင် မူလသက်တံကိုအပြင်ဘက်၌ ခပ်မှိန်မှိန်ထင်သော ဒုတိယသက်တံကို တွေ့မြင်ရတတ်၍၊ ထိုဒုတိယသက်တံကို သေသေချာချာကြည့်လျှင် ယင်းသက်တံရှိ အရောင်စင်းများသည် ပထမ သက်တံရှိအရောင်စင်းများနှင့် ပြောင်းပြန်ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ ဒုတိယသက်တံ အပြင်ဘက်၌ တတိယသက်တံလည်းဖြစ်ပေါ်တတ်၏။
 
ရောင်စုံသက်တံကို ကျွန်ုပ်တို့ဘာသာပြုလုပ်၍ဖြစ်ပေါ်စေနိုင်ပေသည်။ နေသာသော တစ်နေ့တွင် နေကိုကျောပေးလျက် ပါးစပ်ထဲရေငုံပြီး မှုတ်ထုတ်ကြည့်ပါ။