အာဖရိကတိုက် သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ, -။ထ +။ ထ, -။ဒ +။ ဒ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
စာကြောင်း ၇၇ -
သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ မက်ဒါဂတ်စကာ ကျွန်းသည် မာလာဂါဆီသမ္မတနိုင်ငံဟူ၍ ဖြစ်လာသည်။ ၁၉၆၂ ခုနှစ်တွင် အယ်လဂျီးရီးယားသည် လွတ်လပ်ရေး ရရှိခဲ့သည်။
ပြင်သစ် အနောက်အာဖရိကသည် မော်ရီတေးနီးယား၊ မာလီ၊ ဆင်နီဂေါ၊ အိုင်ဗရီကို့၊ အထက် ဗော်လတာ၊ နိုင်ဂျာ၊ ဒါဟိုမီ၊ တိုဂိုစသော နိုင်ငံများဖြစ်လာ၍ ပြင်သစ်အီကွေတိုးရီးယဲ အာဖရိကသည် ချဒ်နိုင်ငံ၊ အလယ်ပိုင်း အာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂါဗွန်နိုင်ငံဟူ၍ အသီးသီးဖြစ်လာသည်။ ဗြိတိသျှတို့ လက်အောက်မှလည်း ၁၉၂၂ ခုနှစ်တွင် အီဂျစ် နိုင်ငံသည်လည်းကောင်း၊ ၁၉၃၁ ခုနှစ်တွင် တောင် အာဖရိက ပြည်ထောင်စုနိုင်ငံသည်လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ဆူဒန် ပြည်သည်လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ဂိုးလကို့၊ ဗြိတိသျှဆိုမာလီလန်နှင့် နိုင်ဂျီးရီးယားနယ်တို့သည်လည်း ကောင်း၊ ၁၉၆၁ ခုနှစ်တွင် ဆီယားရားလေအွန်းနယ်တို့သည် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် တန်ဂန်ယီးဂနှင့် ယူဂန်းဒါး တို့သည်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ကင်ညာနှင့် ဇန်ဇိဗာ တို့ သည်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် မြောက်ရိုဒီးဇီးယား နှင့် နီယာစာလန်နယ်တို့သည်လည်းကောင်း လွတ်လပ်ရေး ကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်တွင် တောင်ရိုဒီးဇီးယားနယ်က ရိုဒီးဇီးယားနိုင်ငံဟု တစ်ဖက်သတ် လွတ်လပ်ရေးကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်မှာပင် ဂမ္ဗီယာနယ်သည်လည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် ဗက်ချူအာနာလန်နှင့် ဗာဆူးတိုလန်နယ်တို့သည် လည်းကောင်း လွတ်လပ်လာခဲ့ပြီးလျှင် ၁၉၆၈ ခုနှစ်တွင်
ဆွာဇီလန်နယ်သည်လည်းကောင်း၊ မောရစ်ရှပ်ကျွန်းသည် လည်းကောင်း လွတ်လပ်လာခဲ့လေသည်။ ဂိုးလကို့နယ်ကို ဂါနာနိုင်ငံဟု ပြောင်းလဲမှည့်ခေါ်ထားသည်။ ထိုပြင်ထို့ပြင် ဗက်ချူ အာနာလန်ကို ဗောဆွာနာဟူ၍လည်းကောင်း၊ ဗာဆူးတိုလန်ကို လီဆိုသိုဟူ၍လည်းကောင်း ပြောင်းလဲမှည့်ခေါ်ထား၏။ မြောက်ရိုဒီးဇီးယားကို ဇမ်ဗီယာသမ္မတနိုင်ငံဟုလည်းကောင်း၊ နီယာစာလန်နယ်ကို မာလာဝီနိုင်ငံဟုလည်းကောင်း ပြောင်းလဲ မှည့်ခေါ်ထားသည်။ တန်ဂန်ယီးကနှင့်ဇုန်ဇိဗာ နှစ်နိုင်ငံကလည်း ၁၉၆၄ ခုနှစ်တွင်ပေါင်းကာ တန်ဂန်ယီးက ဇန်ဇိဗာသမ္မတနိုင်ငံ ဟူသော အမည်ဖြင့် ထူထောင်သည်။ ထိုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့မှစ၍ ယင်းနိုင်ငံကို တန်ဇာနီယာနိုင်ငံဟု ခေါ်တွင် လာခဲ့သည်။
 
အီတလီအစိုးရလက်အောက်မှ ၁၉၅၁ ခုနှစ်တွင် လစ်ဗျနိုင်ငံ သည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် အီရစ်ထရီးယား ပြည်သည်လည်းကောင်း၁၉၆ဝပြည့်နှစ်တွင်အီတာလျံဆိုမာလီလန်