ရွှေကျင်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖူးမျှော် +ဖူးမြော်, -အမြဲတန်း +အမြဲတမ်း)
စာကြောင်း ၈၂ -
၁၂၂၂-ခုနှစ် ဝါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ဝိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။
 
ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မဝလွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်။ နဖူးတော်ကျယ်သည်။ နားတော်ကြီး၍ နှာတံပေါ်သည်။ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်။ ဩဇာရှိသောအသံမျိုးဖြစ်သည်။ အသားတော်မှာ အသားလတ်ဖြစ်သည်။ ဝတ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အဝါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်။ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်။ သို့သော် အရောင်အသွေးမှာ အဝါရင့် အရောင်မှိန်မှိန်သာဖြစ်သည်။ ဝတ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတန်းအမြဲတမ်း သေသေသပ်သပ် ဝတ်ရုံ သီတင်းသုံးတော်မူသည်။ နံနက်ပိုင်း ညဉ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၎င်း၊ ညဉ့်အခါ ညဉ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၎င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣန္ဒြေရှိသော အမူအရာတော်ရှိသည်။
 
ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၎င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။
စာကြောင်း ၂၀၉ -
 
ရွှေကျင်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၈
ခုနှစ်တွင် မြတ်စွာဘုရား၏ စွယ်တော်မြတ်ကို ဖူးမျှော်ရန်ဖူးမြော်ရန်
သီဟိုဠ်သို့ ကြွရာ [[မလွန်မြို့]]၊ မင်းလှရွာသို့ ရောက်လျှင် ထိုရွာ
နေ ရှင်လူရဟန်းတို့က အခါအခွင့် မသင့်လျော်သေးပါကြောင်း