အနှိပ်ပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
 
စာကြောင်း ၁၅ -
ထိုအရိုးအကြော အသားအရေတို့ဖြင့် ဆောက်လုပ်ထားသော ခန္ဓာကိုယ်ကြီးကို တစ်ဆင့်တက်၍ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်းစသည်ဖြင့် အမာခံဖြစ်သော အဖတ်ပထဝီဓာတ် ၂ဝ နှင့် သည်းခြေသလိပ်၊ ပြည်စသည်ဖြင့် ပျစ်ချွဲယိုစီးသော အရည် အာပေါဓာတ် ၁၂ ပါးအားဖြင့် [[၃၂ ကောဋ္ဌာသ]] ( သုံးဆယ့်နှစ်ကောဋ္ဌာသ။) ၃၂ ပုံပုံပြီးလျှင် ယင်း ၃၂ ကောဋ္ဌာသတို့၏တည်နေပုံ အကြီးအငယ် အရွယ်သဏ္ဌာန်တစ်ခုနှင့်တစ်ခု ဆက်သွယ်ပုံ ပြုလုပ်ဆောင်ရွက်သည့် လုပ်ငန်းကိစ္စ ပြီးမြောက် နိုင်သည့် အစွမ်းသတ္တိစသည်တို့ကို အကြမ်း အားဖြင့် နားလည် အောင် စိစစ်၍ သင်ကြားလေ့လာရသည်။
 
ထို ၃၂ ကောဋ္ဌာသတို့တွင် နှိပ်ရာ၌ အသုံးဝင်ဆုံးဖြစ်သော ခန္ဓာကိုယ်ကြီးကို တစ်ဆင့်တက်ပြန်၍ တစ်ခုနှင့်တစ်ခု ဆက်စပ်ထောက်ကန်ထားသည့် အရိုးကြီး အရိုးငယ်သုံးရာ တို့ကိုလည်းကောင်း၊ ထိုပြင်ထို့ပြင် ခန္ဓာကိုယ်ကြီး၏ ဝဲဘက်၊ ယာ ဘက်၊ ရှေ့ဘက်၊ နောက်ဘက်၊ လက်ခြေ ဤခြောက်ဌာနတို့၌ တစ်ဌာနလျှင် ငါးချောင်းစီ ဖြာဆင်းနေသော အကြောမကြီး ၆ဝ နှင့် တစ်ကိုယ်လုံး ပိုက်ကွန်အုပ်ဖုံးထားသည့်အလား ယှက်ကာ သွားနေသော အကြောငယ် ၉ဝဝ၊ သို့မဟုတ် များစွာတို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံး သုတ်လိမ်း မွမ်းမံ ထားသော အသားတုံးအသားတစ် ၉ဝဝ တို့ကိုလည်းကောင်း ယင်းတို့၏ တည်နေပုံ၊ အကြီးအငယ် အရွယ်သဏ္ဌာန် တစ်ခုနှင့်တစ်ခု ဆက်သွယ်ပုံ၊ ပြုလုပ် ဆောင်ရွက်သည့် လုပ်ငန်း ကိစ္စ၊ ပြီးမြောက်နိုင်သည့် အစွမ်းသတ္တိ စသည်တို့ကို လက်ဖြင့် စမ်းသပ်၍၊ သို့မဟုတ်၊ အရိုးပုံ၊ အကြောပုံ၊ အသားပုံတို့ကို ကြည့်ရှု၍ အသေးစိတ် နားလည်အောင် စိစစ်၍ သင်ကြား လေ့လာရသည်။
 
ခန္ဓာကိုယ်ကြီး၏အစိတ်အပိုင်းကို နားလည်ပြီးနောက် တစ်ဆင့်တက်ပြန်၍ အနာရောဂါ ဖြစ်လာပုံကို သင်ကြား ရသည်။ သင်ကြားရာ၌ မည်သည့်အနာရောဂါသည် မည်သည့် အစိတ်အပိုင်း၌ ဖြစ်၏။ ထိုအစိတ် ပိုင်း၌လည်း မည်သည့် အရိုးရှိသည်၊ မည်သည့်အကြောရှိသည်၊ မည်သည့်အသားရှိ သည်။ မည်သည့်အကြောကို ထိအောင်နှိပ်လျှင် အနာရောဂါ ပျောက်ကင်းနိုင်၏ စသည်ဖြင့် သင်ကြားလေ့လာရသည်။ သို့မှသာလျှင် ကောင်းစွာ တတ်မြောက်ကျွမ်းကျင်သောအနှိပ်သည် ဖြစ်နိုင်သည်။ ထိုအနှိပ်သည်မျိုးဖြစ်ပါမှ လူတို့၏ ကျန်းမာရေး အတွက် ရဲဝံ့စွာ တာဝန်ခံနိုင်သည်။