အလုပ်သမားသက်သာချောင်ချိရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယောကျာ်း +ယောက်ျား)
 
စာကြောင်း ၁ -
၁၉ ရာစုနှစ် အစပိုင်းလောက်တွင် လူတို့သည် စက်ကိရိယာများကို ကုန်စည်ပစ္စည်းများ ပြုလုပ်ရာ၌ အသုံးပြုလာသည်မှအစပြု၍ အလုပ်ရုံများသည် ရုတ်ခြည်းလိုလို မှိုပေါက်သကဲသို့ ပေါ်ပေါက်လာ ကြသည်။ ထိုအခါ နယ်မှ အလုပ်သမားများသည်အလုပ်ရုံ များရှိရာ မြို့ပြများ သို့ သူ့ထက်ငါ အလျင်ဦးအောင်သွား ရောက်လုပ်ကိုင်ကြသဖြင့် ရှိသမျှအိမ်များမှာ နေထိုင်သူများဖြင့် ပြွတ်သိပ် ကျပ်ခဲလာသည့်အတိုင်း နေထိုင်မှုမှာ ကျန်းမာရေးနှင့် မညီညွတ်အောင် ဖြစ်ခဲ့လေသည်။ အလုပ်ရုံများ ဆောက်လုပ်ရာ၌လည်း အလုပ်သမားတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေး တို့ကို ဂရုမမူပဲ အလျင်စလိုပင် ဆောက်လုပ်ခဲ့ကြသည်။ ပြတင်းပေါက်များမှာ သေးငယ်၍ မီးထင်းကိစ္စအတွက်လည်း ကြိုတင်ကာကွယ်မှုများ မရှိခဲ့ပေ။ ထိုအတွက် အလုပ်သမားအများပင် ဆင်းရဲပင်ပန်းမှုဒဏ်ကြောင့် ဖျားနာသူ ဖျားနာနှင့် သေသူသေ ဖြစ်ခဲ့ရလေသည်။
 
ထိုမှတစ်ပါးလည်း အလုပ်ရှင်များက ယောကျာ်းအလုပ်ယောက်ျားအလုပ် သမားများထက် မိန်းမနှင့်ကလေးများကို ခိုင်းရခြင်းက ပို၍ စရိတ်စက သက်သာသဖြင့် ငါးနှစ်အရွယ်ကလေးများကိုပင် အလုပ်ကြမ်းများအတွက် ငှားရမ်း စေခိုင်းခဲ့ကြလေသည်။ မိန်းမ အလုပ်သမားများမှာ သတ္တုတွင်းများ၌ လေးလံ ပင်ပန်းစွာ လုပ်ကိုင်ခဲ့ကြ၏။ ထိုစဉ်က အလုပ်ချိန်ကို ကန့်သတ်ပေးသည့် ဥပဒေများ မရှိသေးချေ။ အလုပ်ရှင်များက အလုပ်သမား သက်သာချောင်ချိရေး လုံးဝမစဉ်းစားကြပဲ မိမိတို့ ငွေကြေး ရမှုလောက်ကိုသာ အဓိကထားသဖြင့်လည်း အလုပ်သမားတို့မှာ တစ်နေ့လျှင် ၁၄ နာရီ ၁၅ နာရီအထိ အလုပ်လုပ်ခဲ့ကြရပေသည်။
 
အလုပ်သမားတို့၏ အသက်မွေး ဝမ်းကျောင်းမူမှာ ထိုမျှ လောက် ခက်ခဲပင်ပန်းသော်လည်း အလုပ်ရှင်နှင့် အလုပ်သမားမှာ အရှင်နှင့် ကျွန်ကဲ့သို့ ဆက်ဆံနေရသဖြင့် မိမိတို့၏ အခွင့်အရေးများအတွက် ပြောဝံ့ တောင်းဝံ့သူ မရှိခဲ့ချေ။ အလုပ်ရှင်တို့ ခိုင်းသလိုနေ၊ ခိုင်းသလိုလုပ်ကာ ပေးသမျှနှင့်ပင် ကျေနပ် တင်းတိမ်ပြီး နေခဲ့ရပေသည်။ သို့ရာတွင် ထိုမျှ ဆိုးရွားသော အခြေအနေကို မရှုဆိတ်နိုင်၍ အလုပ်သမားတို့၏ အဆင့်အတန်း တိုးမြှင့်ကောင်းမွန်ရေးကို လိုလားကြိုးစားသူတစ်ဦးပေါ်လာသည်။ ထိုပုဂ္ဂိုလ်မှာ စကော့တလန်ပြည် နယူးလန်း နတ်မြို့ရှိ အလုပ်ရုံများကို အုပ်ချုပ်စီမံသူနှင့် အစုစပ်ပိုင်ရှင်တစ်ဦးဖြစ်သူ ရောဗတ်အိုဝင်ဖြစ်၍ ထိုသူသည် အလုပ်သမားများ နေထိုင်ရန်အတွက် ယခင်ကထက် ပိုမို ကောင်းမွန်သော အိမ်များကို ဆောက်လုပ်ပေးခဲ့သည်။ ကုန်စုံဆိုင်တစ်ခုကို ဖွင့်လှစ်ပေး၍ ဝယ်ရင်းဈေးနှင့် စရိတ်စက ကာမိရုံ တန်ဖိုးနှင့် ကုန်များကို ရောင်းချခဲ့သည်။ အလုပ်သမားတို့၏ သားငယ် သမီးငယ်များအတွက် ကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ သူနှင့်တကွ ကုမ္ပဏီတွင် အစုစပ်ပါဝင်သူများသည်အမြတ်ကြီးစားခြင်းကို မလိုလားကြသည့်အတိုင်း အလုပ်သမားများကို တိရစ္ဆာန်များကဲ့သို့ မခိုင်းစေခဲ့ကြချေ။ နယူးလန်းနတ် အလုပ်ရုံများ၏ အခြေအနေမှာ ထိုစဉ်က အလွန်ကောင်းမွန်၍ သတင်းမွှေးလှသဖြင့် အားပေးပြုပြင်လိုသူ အများပင် မကြာခဏ လာရောက်၍ အကဲခတ် လေ့လာကြပေသည်။