ရုံဂိုဏ်း တုံဂိုဏ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လိုပါသည် +လိုသည်, -ဖြစ်ပါသည် +ဖြစ်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ျိူ +ျို)
စာကြောင်း ၃ -
သက္ကရာဇ် ၉၀၀ ပြည့်လောက်က မင်းတရား တပင်ရွွှေထီး ယိုဒယားကို အောင်မြင်သောအခါ ဆင် မြင်း ဗိုလ်ပါ မှစ၍ ထုတ်ယူခဲ့ရာတွင်၊ ရင်စည်း ရဟန်းတော်များ ပါလာသည်။ ထိုအခါမှစ၍ ရင်စည်း ရဟန်းတော်များ ဟံသာဝတီ သို့ရောက်သည်။ မဟာ သံဃရာဇာ မွန်ဆရာတော် အရှင်သဒ္ဓမ္မပါလ နှင့် တရားဆွေနွေး မေးမြန်းကြလျင်၊ သဘာဂမတူ အယူကွဲပြား ကြသည်ဖြစ်၍ ကံကြီး ကံငယ် မစပ်ယှက် ဂိုဏ်းသီး ဂိုဏ်းခြား ထားလေသည်။
 
သက္ကရာဇ် ၉၇၄ နှစ်လောက် ရောက်သောအခါ၌လည်း သန်လျင်စား ပေါ်တူဂီ လူမျိုး ငဇင်ကာ နှင့်အလိုက်သင့် ပေါင်းသင်း၍ နေကြသော သီဟိုဠ်သား အလဇ္ဇီ ဒုဿီလတို့သည်လည်း ဦးထုပ် ဆောင်ခြင်း သင်္ကန်း နောက်လှန် ဦးခေါင်းခြုံဝတ်ခြင်း ရင်စည်းခြင်း ဘရင်ဂျီ ဘုန်းကြီးများကဲ့သို့ တရပတ်ကိုင်ခြင်း အရက်သောက်ခြင်း စသည်တို့ကို ပြကြကုန်သည်။ ၎င်းတို့ကို အတုလိုက်သော အဓမ္မဝါဒီ အလဇ္ဇီိတို့သည် ဟံသာဝတီကစ၍ ပွားများဆင်းသက်လာလေသည်။ ၎င်းအဓမ္မဝါဒီ တို့၏ အလေ့အကျင့်မျိူးတို့သည်အလေ့အကျင့်မျိုးတို့သည် တစတစ ကြီးပွါ၍ မြန်မာနိုင်ငံတော် တဝှမ်းလုံး ပြန့်နှံ့လေသည်။
 
သက္ကရာဇ် ၁၀၅၀ ကျော်အခါ ကာလ သမယ လောက် တွင် ညောင်ရွှေကျေး ညောင်ဝန်းသားဖြစ်သော အရှင်ဝိစိတ္တာလင်္ကာရ မထေရ်သည် ပိဋကတ်စာပေ နှံ့စပ်၍တက်ရည် လိမ္မာရည်နှင့် ပြည့်စုံပြီး ဖြစ်ရကား၊ တောင်ငူမြို့ အရညဝါသီ တောကျောင်းနေတော်မူ၏၊ ထိုအခါ ငယ်ရွယ်စဉ်အခါက စာပေ သင်ကြားဘက် ဖြစ်ကြကုန်သော ငမြာ အရှင်ပညာသာရ၊ နောင်ဘ အရှင်စန္ဒမဥ္မူ၊ မောဂ္ဂလာန် အရှင်ဓမ္မနန္ဒ၊ ငရံအို အရှင်ကုဏ္ဍလ၊ မိုးကောင်း အရှင်အဂ္ဂဧသိ၊ တုံရွာ အရှင်ဂုဏသီရိ ခြောက်ပါးတို့သည် ဝိနည်းတရားတော် ရှိသည့်အတိုင်း ကျင့်ဆောင်လိုကြသည်ဖြစ်၍ ကျမ်းဂန်းတရား ဆွေးနွေးအံ့သောငှါ၊ တောင်ငူ အရှင်ဝိစိတ္တာလင်္ကာရ ထံသို့ ရောက်ကြလျင်၊ ဆရာတော်က “ငါရှင်တို့လည်း ကျမ်းဂန်သင်ဘူးသည်ချည်း ဖြစ်သည်။ အခုကာလ သာမဏေတို့သည် ကိုယ်ရုံကို ရင်စည်းဖွဲ့၍ မြို့တွင်း ရွာတွင်းသို့ ဝင်ကြသည်၊ ၎င်းအလေးကျင့်သည် ကျမ်းဂန်နှင့် ညီ မညီ သင့် မသင့်ကို စာပေကို ကြည့်ရှု့ ဆင်ခြင်ကြဦး” ဟုမိန့်တော်မူသဖြင့် ၂နှစ်ပါတ်လုံး စာပေကျမ်းဂန် ကြည့်ရှု့ စိစစ်ကြပြီးလျှင် “အလဇ္ဇီတို့၏ အလေအကျင့် ဖြစ်သော ဦးထုပ်ဆောင်းခြင်း ရင်စည်းဖွဲ့ခြင်း တို့သည် ဝိနည်း ပါဠိ အဋ္ဌကထာ ဋီကာတို့နှင့် မညီ။ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိသည့်အတိုင်း ငါတို့ ကျင့်တော့မည်” ဟု ကတိကဝတ်ပြုကြပြီးလျင်၊ အသီးအသီး မိမိတို့၏ ရပ်ရွာဌာနေသို့ ပြန်ရောက်ကြလျင်၊ ရှေးအာစရိယဝါဒ အလေ့အကျင့်ကို စွန့်ပစ်ကြ၍၊ ထေရဝါဒ ဖြစ်သော ပါဠိ အဋ္ဌကထာလာတိုင်း ကျင့်ဆောင်ကြကုန်သည်။
စာကြောင်း ၉ -
တုံရွာ အရှင်ဂုဏသီရိ မူကား ရပ်ရွာသို့ရောက်လျင်၊ “ကျမ်းဂန် အရှိတိုင်း ကျင့်လိုသည်” ဟု တပည့်ကြီး ရှင်ဝိမလာစာရအား ပြောကြားတိုင်ပင်ရာ “အိုးစရည်းကြီး လုပ်ပြီးမှ အိုးငယ် ခွက်ငယ် လုပ်ပြန်မည် ဟုဆိုသည့် အရာသည် မသင့်မလျော်” ဟုဆိုသော ရှင်ဝိမလာစာရ၏ စကားကို နာယူ၍၊ အထက်ပါ ခြောက်ပါး၏ ဆုံးဖြတ်ချက် ကတိကဝတ်ကို ဖျက်၍ တပည့်သာမဏေတို့ကို ဦးထုပ်မဆောင်းစေဘဲ အပေါ်ရုံ သင်္ကန်းကို ဒုကုဋ် ကဲ့သို့ ခေါက်စေ၍ လက်ဝဲ ပုခုံးထက်၌ ရှေ့နောက် တွဲရရွဲ ချ၍ တင်စေပြီးလျင်၊ သင်္ကန်းပမာဏ မလောက်သော ဖန်ရည်စွမ်းသော ဖျင် နံငယ် တစ်ခုကို အတွန့် အတွန့် ခေါက်လိပ်၍ ရင်စည်း ဖွဲ့ချည်ပြီးလျင် မြို့တွင်း ရွာတွင်းသို့ ဝင်စေသည်၊ ဤတုံရွာ အရှင်ဂုဏသီရိ ကို အစွဲပြု၍ “ဒုကုဋ်တင် တုံဂိုဏ်း” ဟုပေါ်ပေါက် လာသည်။
 
ထိုအခါကာလက မြန်မာနိုင်ငံတွင် “ဂါမဝါသီ ဦးထုပ်ဆောင်းဂိုဏ်း၊ ဒုကုဋ်တင် ရင်စည်း တုံဂိုဏ်း၊ အရညဝါသီ တောနေဂိုဏ်း” ဟု ဂိုဏ်း ၃မျိူး၃မျိုး ထင်ရှား ကွဲပြားကြလေသည်။
 
ဆင်ဖြူရှင်မင်း လက်ထက် သက္ကရာဇ် (၁၀၆၀)လောက်တွင် ၀ဏ္ဏဗောဓန သတ်အင်း ကျမ်းပြု အရှင်ဥက္ကံသမာလာ အမှူးရှိသော အရုံဂိုဏ်း သံဃာတော်တို့က ဓမ္မ ဝိနယ နှင့်အညီ ပထမ အကြိမ် ပြောဆိုသော်လည်း အလဇ္ဇီ အသင်းအပင်း အားကြီးသောကြောင့် ဦးထုပ်ဆောင်း ရင်စည်း အလေ့ကျင့် မပျောက်ကွယ်။