ရတ်ဒ်ယတ် ကစ်ပလင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
အင်္ဂလိပ်စာပေလောကမှ ကြယ်တစ်ပွင့် 'တောတွင်းမော်ဂလီ'အကြောင်းကိုဖတ်ဘူးသူတိုင်း စာရေးဆရာကို သိလိုကြပေမည်။ ထိုသူမှာ အိန္ဒိယနိုင်ငံတွင်မွေးဖွားလျက် မြန်မာနိုင်ငံသို့တစ်ကြိမ်တစ်ခေါက် ရောက်ဘူးသော ကစ်ပလင်းဆိုသူဖြစ်၏။ ထိုသူ၏ စိတ်ဝင်စားဖွယ်ရာ [[အတ္ထုပ္ပတ္တိ]] အကျဉ်းချုပ်ကို အောက်တွင်ဖေါ်ပြထားပေသည်။
== ကစ်ပလင်အာ (ခရစ် ၁၈၆၅-၁၉၃၆) ==
ရတ်ဒယတ် ကစ်ပလင်းမှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေး ဆရာဖြစ်၍ [[အိန္ဒိယနိုင်ငံ]] ဘုံဘေမြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ
၃ဝ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်က ဘုံဘေမြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ်
ဆောင်ရွက်နေသော ဂျွန်လော့ကဝုကစ်ပလင်းဖြစ်သည်။ ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘေမြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီးနို့ထိန်းများ၏ လက်ပေါ် တွင် ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကား ကစ်ပလင်းသည် ဟိန္ဒူစတန္နိဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့်၊ နို့ထိန်းများပြောပြသော အိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။
 
၆ နှစ်သားတွင် သူ၏မိဘများက အင်္ဂလန်ပြည်သို့ စာသင် ရန် စေလွှတ်ခဲ့၏။ သို့ရာတွင် ကျန်းမာရေးချို့တဲ့သဖြင့် ၁၂ နှစ် သားရှိမှ ကျောင်းစ၍နေရသည်။ သူသည်ဒက်ဗွန်ရှိုင်ယာ နယ် ဝက်စဝပ်ဟိုးမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားရ၏။ ထိုစာသင်ကျောင်းရှိ ကျောင်းသူ ကျောင်း သားများမှာ အများအားဖြင့် အိန္ဒိယနိုင်ငံတွင် အမှုထမ်းနေကြသော အင်္ဂလိပ်အရာရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ ကစ်ပလင်းသည် ထိုကျောင်းမှထုတ်ဝေသောစာစောင်၏ စာတည်း ဖြစ်လေသည်။
စာကြောင်း ၅၈ -
ခေါ်ဆိုကြမည်ဖြစ်သတည်း။
== တောတွင်းသားလေး မော်ဂလီ ==
 
အခါတစ်ပါး၌ အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသရှိ တောနက်ကြီး
စာကြောင်း ၂၅၉ -
သတည်း။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
== ကိုးကား ==
<references/>