စန်းဦး (M.S.O.): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - category မြန်မာ စာရေးဆရာများကို ပေါင်းထည့်နေသည်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆ -
တက္ကသိုလ် ကျောင်းသားဘဝ ၁၉၈ဝ ဝန်းကျင်တွင် ဆရာ ဦးလွန်းကယ်ထံမှ ပန်းချီပညာ သင်ယူဖူးပြီး၊ ရန်ကုန် တက္ကသိုလ် ကျောင်းမဂ္ဂဇင်တွေမှာ ၁၉၈၁ လောက်ကတည်းက သရုပ်ဖော် ပန်းချီ စတင် ရေးဆွဲခဲ့သည်။ ကျောင်းသား ဘဝကတည်းက စုပေါင်း ပန်းချီ ပြပွဲပေါင်း များစွာနှင့် ကံ့ကော်ရွာ ပန်းချီ ပြပွဲပေါင်း များစွာတွင် ပါဝင် ပြသခဲ့ဖူးသူလည်း ဖြစ်သည်။
 
ဟင်္သတဟင်္သာတ ဒေသကောလိပ် ကျောင်းသား ဘဝမှာပင် ၁၉၈၂ ခုနှစ်ထုတ် ဟင်္သတဟင်္သာတ ဒေသကောလိပ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် 'အချစ်နောက်ဆက်တွဲ ခြားနားချက် ဒိုင်ယာရီ စာမျက်နှာများ' ဝတ္ထုတိုကို စတင်ရေးသား ဖော်ပြခံရသည်။ နောက် ဒဂုန် မဂ္ဂဇင်း၊ မိုးဝေ မဂ္ဂဇင်း၊ ဟန်သစ် မဂ္ဂဇင်း၊ ရသအောင်မြေ မဂ္ဂဇင်းများတွင် ကဗျာ၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။ မိုးဝေ စာပေမဂ္ဂဇင်းမှ 'ရောဂါသည် မုန်တိုင်း' ဟီရိုရှီးမား အမှတ်တရ ကဗျာရှည်သည် လည်းကောင်း၊ သရဖူ မဂ္ဂဇင်းမှ 'နာနာဘာဝ မော်တော်ကား' မဂ္ဂဇင်း ဝတ္ထုရှည်သည် လည်းကောင်း ထင်ရှား အောင်မြင်ခဲ့သည်။
 
ပထမဆုံး ကဗျာ စာအုပ်အဖြစ် ၁၉၉၆ ခုနှစ်တွင် 'မိုးရာသီဆက်တင် ကဗျာစီစဉ်မှု' ကဗျာစာအုပ်၊ ၂ဝဝဝ ခုနှစ်တွင် 'နာနာဘာဝ မော်တော်ကား' (ဝတ္ထုလတ်)၊ ၂ဝဝ၄ ခုနှစ်တွင် 'ပန်းခြံပြဇာတ်၊ ဖဲချပ်နဲ့ ဘူးခွံ' (ဝတ္ထုလုံးချင်း) များ ရေးသား ထုတ်ဝေခဲ့သည်။ အခြား ကဗျာဆရာများနှင့် တွဲဖက်၍ ကဗျာ စာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့သည်။ အခြားတဖက်တွင် ပန်းချီ ရေးဆွဲခြင်း၊ ဒီဇိုင်းဆင်ခြင်းများ ပြုလုပ်ရင်း ကံ့ကော်ရွာ ပန်းချီပြပွဲများတွင် ပါဝင် ပြသခဲ့သည်။