ဗြိတိသျှပိုင် ဗမာပြည်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၈၀ -
== စီးပွားရေး ==
ကိုလိုနီခေတ်စီးပွားရေးမှာ အင်္ဂလိပ်တို့ယူဆောင်လာသော အရင်းရှင်စီးပွားရေးစနစ်သာဖြစ်သည်။ [[မြန်မာနိုင်ငံ]]ကို သိမ်းပိုက်ပြီးနောက် တိုင်းပြည်၏သယံဇာတများကို အမြတ်ထုတ်ခဲ့ကြသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါးကို အင်္ဂလိပ်တို့နှင့် နိုင်ငံခြားသားများကသာ ပိုင်ဆိုင်ခဲ့ကြသည်။
 
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဆန်းစပါးစိုက်ပျိုးရေးဖြစ်သည်။ ၁၈၆၉ တွင် [[စူးအက်တူးမြောင်း]]ကို ဖောက်လုပ်ပြီးသောအခါ လွယ်ကူစွာသယ်ယူနိုင်သည့် အာရှထွက်စပါးများကို ဥရောပနိုင်ငံများက အားကိုးလာခဲ့ကြသည်။ ထို့ကြောင့်အင်္ဂလိပ်တို့သည် [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ|ဧရာဝတီမြစ်ဝကျွန်းပေါ်]]၊ [[စစ်တောင်းမြစ်|စစ်တောင်း]]နှင့် [[သံလွင်မြစ်]]ဝှမ်းဒေသများတွင် လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။ ထို့သို့လယ်ယာမြေများကို တို့ချဲ့စိုက်ပျိုးခဲ့ရာ အင်္ဂလိပ်တို့သည် လုပ်အားခတွင် ဈေး‌ပေါ‌ပေါနှင့်ရလိုသောကြောင့် အိန္ဒိယမှလယ်ကူလီများကို ခေါ်ယူခဲ့လေသည်။ မြန်မာလယ်သမားတို့သည် အရင်းအနှီးလိုအပ်ပါက [[ချစ်တီး]]ငွေချေးစားသူများထံမှ အတိုးနှုန်းကြီးစွာ ချေးယူခဲ့ကြရသည်။ အရင်းရှင်ကြီးများကလည်း စပါးဈေးကိုကစားခြင်းတို့ကြောင့် လယ်ပိုင်ရှင်ဘဝမှ လယ်ယာမဲ့ဘဝသို့ရောက်ခဲ့ကြရသည်။ ထိုအကြောင်းများကြောင့် ၁၉၃၀ တွင် မြန်မာတောင်သူလယ်သမားများ ထကြွခဲ့ကြရာမှ [[‌တောင်သူလယ်သမားအရေးတော်ပုံ]]မှ ပေါ်ပေါက်လာခဲ့သည်။
 
== ပြခန်း ==