ကန့်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ရိုဘော ပေါင်းထည့်နေသည: hif:Sulfur |
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
||
စာကြောင်း ၁၈ -
| ခုနှစ် =
}}
'''ကန့်'''ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆာလဖာ (Sulphur) ဟုခေါ်ပြီး ဓာတုဗေဒ သင်္ကေတမှာ S ဖြစ်သည်။ အာရပ်လူမျိုး အဂ္ဂိယတ်ဆရာတို့သည် ကန့်၏ မီးလောင်လွယ်သော ဂုဏ်အင်္ဂါကို အစွဲပြု၍ မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟု သတ်မှတ်ခဲ့သည်။ ကန့်ကို သဘာဝတွင် အနှံ့အပြား တွေ့ရသည်။ အချို့ကို သန့်သန့်တွေ့ရ၍ အချို့ကိုမူ [[ပြဒါး]]နှင့် ပေါင်းစပ်ကာ ဟင်းသပြဒါးရိုင်းအဖြစ်လည်းကောင်း၊ [[သံ (သတ္တု)|သံ]]နှင့်ပေါင်းစပ်ကာ ဗဟန်းကျောက်အဖြစ်လည်းကောင်း၊ [[ခဲ]]နှင့်ပေါင်းစပ်ကာ ဂလီးနားအဖြစ်လည်းကောင်း တွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့် သို့မဟုတ် ဆာလဖာဒိုင်အောက်ဆိုဒ် ထုတ်ယူရန် အသုံးပြုသည်။ [[မီးတောင်]]ရှိသော အရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့် တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမျာ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကပြီး ဓာတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖောက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိသည်။ သို့သော် ယခုအခါ အီတလီ၊ အမေရိကန်၊
ကန့်တွင်
[[File:Burning-sulfur.png|thumb|200px|ကန့်အရည်ပျော်ရာတွင် အနီရင့်ရောင်ရှိပြီး မီးလောင်ကျွမ်းရာတွင် အပြာရောင် မီးလျှံအဖြစ် တွေ့ရှိရသည်။]]
ဈေးမှဝယ်ယူရရှိသော ကန့်ကို လျင်မြန်စွာ မီးတိုက်ပေးသောအခါ စင်တီဂရိတ် ၁၁၃ ဒီဂရီ တွင် အရည်ပျော်၍ ၄၄၄.၅၃ ဒီဂရီ တွင် ဆူပြီးလျှင် လိမ္မော်ဝါရောင် အငွေ့သို့ ကူးပြောင်းသွားသည်။ ဤအငွေ့သည် အပူချိန်တက်လာလေလေ ရင့်လာလေလေဖြစ်၍ ၅၀၀ ဒီဂရီ သို့ ရောက်ရှိသောအခါ၌ အနီရင့်ရောင် ဖြစ်လာသည်။ တစ်ဖန် အပူချိန် ၅၀၀ ဒီဂရီ ထက်ကျော်လွန်သောအခါ အရောင်မှာ တဖြည်းဖြည်း ဖျော့သွား၍ ၆၅၀ ဒီဂရီ တွင် ကောက်ရိုးအရောင်သို့ ကူးပြောင်းသွားသည်။ ကန့်ကို မီးရှို့သောအခါ အလွန်စူးရှပြင်းထန်သော
သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသော ပရိုတိန်းများမှာ အများအားဖြင့် အလွန်ရှုပ်ထွေးသော ကန့်ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ % အထိပါဝင်သည်။ လူတို့တွင် ကန့်၏ အသုံးဝင်ပုံမှာ အလွန် များမြောင်ပေသည်။ အသီးခြောက်များ တာရှည်ခံအောင် ပြုလုပ်ရာ၌ ကန့်ကို အသုံးပြုလေ့ရှိသည်။ ဆာလဖာနီလာမိုက်၊ ဆာလဖာဂွာနဒင်း၊ ဆာလဖာသိုင်ယာဇိုးစသော ဆာလဖာဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲခြောက်နာနှင့် ပွေးကဲ့သို့ အရေပြားတွင် ဖြစ်တတ်သော အနာများကို အကြောတွင် ကန့်ကော်လွိုက် ထိုးပေး၍ ကုသကြသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို
ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ကန့်ကို အသွင်အမျိုးမျိုး တွေ့ရသည်။ ကန့်ဟူ၍ ရိုးရိုးခေါ်သော အမျိုးအစားမှာ အနံ့နှင့် အရသာကင်းသော အဝါရောင် အမှုန့်ဖြစ်သည်။ မစ်-အော့-ဆာလဖာသည် ဖြူယော်ယော် အရောင်ရှိသော အမှုန့်ဖြစ်သည်။ ကန့်ရိုးရိုး ထုံးရည်ဖြင့်ကျိုချက်၍ ဟိုက်ဒရိုကလိုရစ်အက်ဆစ် အပျော့ရည် ထည့်ပေးသောအခါ ကန့်မှုန့်များ အနည်ထိုင်လာသည်။ အနည်ကိုစစ်၍ ဆေးကြောပြီး အခြောက်ခံယူလျှင် မစ်-အော့-ဆာလဖာကို ရသည်။ ကူးသန်းရောင်းဝယ်ရာ၌ အသုံးပြုရသော အခြားကန့် ၂ မျိုးမှာ ကန့်အတောင့်နှင့် ဖလားဝါး အော့-ဆာလဖာ ကန့်အမှုန့်များ ဖြစ်ကြသည်။
|