ကိုလိုနီခေတ်: တည်းဖြတ်မှု မူကွဲများ

၃၇၉၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ လ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
ကိုလိုနီခေတ်စီးပွားရေးမှာ အင်္ဂလိပ်တို့ယူဆောင်လာသော အရင်းရှင်စီးပွားရေးစနစ်သာဖြစ်သည်။ [[မြန်မာနိုင်ငံ]]ကို သိမ်းပိုက်ပြီးနောက် တိုင်းပြည်၏သယံဇာတများကို အမြတ်ထုတ်ခဲ့ကြသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါးကို အင်္ဂလိပ်တို့နှင့် နိုင်ငံခြားသားများကသာ ပိုင်ဆိုင်ခဲ့ကြသည်။
 
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဆန်းစပါးစိုက်ပျိုးရေးဖြစ်သည်။ ၁၈၆၉ တွင် [[စူးအက်တူးမြောင်း]]ကို ဖောက်လုပ်ပြီးသောအခါ လွယ်ကူစွာသယ်ယူနိုင်သည့် အာရှထွက်စပါးများကို ဥရောပနိုင်ငံများက အားကိုးလာခဲ့ကြသည်။ ထို့ကြောင့်အင်္ဂလိပ်တို့သည် [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ|ဧရာဝတီမြစ်ဝကျွန်းပေါ်]]၊ [[စစ်တောင်းမြစ်|စစ်တောင်း]]နှင့် [[သံလွင်မြစ်]]ဝှမ်းဒေသများတွင် လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။ ထို့သို့လယ်ယာမြေများကို တို့ချဲ့စိုက်ပျိုးခဲ့ရာ အင်္ဂလိပ်တို့သည် လုပ်အားခတွင် ဈေး‌ပေါ‌ပေါနှင့်ရလိုသောကြောင့် အိန္ဒိယမှလယ်ကူလီများကို ခေါ်ယူခဲ့လေသည်။ မြန်မာလယ်သမားတို့သည် အရင်းအနှီးလိုအပ်ပါက [[ချစ်တီး]]ငွေချေးစားသူများထံမှ အတိုးနှုန်းကြီးစွာ ချေးယူခဲ့ကြရသည်။ အရင်းရှင်ကြီးများကလည်း စပါးဈေးကိုကစားခြင်းတို့ကြောင့် လယ်ပိုင်ရှင်ဘဝမှ လယ်ယာမဲ့ဘဝသို့ရောက်ခဲ့ကြရသည်။ ထိုအကြောင်းများကြောင့် ၁၉၃၀ တွင် မြန်မာတောင်သူလယ်သမားများ ထကြွခဲ့ကြရာမှ [[‌တောင်သူလယ်သမားအရေးတော်ပုံ]]မှမှာ ပေါ်ပေါက်လာခဲ့သည်။
 
အင်္ဂလိပ်တို့သည် အညာဒေသများ၌ ဆန်စပါးအပြင် ကြံ၊ မြေပဲ၊ နှမ်း၊ ဝါစသည်တို့ကို တိုးချဲ့စိုက်ပျိုးစေခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားအဓိကကျသော လုပ်ငန်းတစ်မျိုးမှာ သစ်တောလုပ်ငန်းဖြစ်သည်။ ၁၉၀၀ အထိ နိုင်ငံခြားပို့ကုန်၏ငါးပုံတစ်ပုံမှာ သစ်သားများဖြစ်ကြသည်။ သတ္တုတူးဖော်ခြင်း၊ ရေနံတူးဖော်ခြင်းတို့ကြောင့် ၁၉၂၃ တွင် ထုတ်ကုန်တင်ပို့မှုတွင် ရေနံသည်အဓိကဖြစ်လာခဲ့သည်။ အင်္ဂလိပ်တို့သည် မိမိတို့၏လုပ်ငန်းများကို ခေတ်မှီနည်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သောကြောင့် မြန်မာတိုင်းရင်းသားတို့၏ လက်မှုလုပ်ငန်းများ ကျဆင်းလာခဲ့ရသည်။
 
အင်္ဂလိပ်တို့သည် စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေရန် လမ်းပန်းဆက်သွယ်ရေးကို တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ မော်တော်ကာလမ်း၊ မီးရထားလမ်း တို့ကိုဖောက်လုပ်ခြင်း ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးကို တိုးတက်အောင်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၈၉၀–၉၁ တွင် မော်တော်ကာလမ်း ၁၁၀၀ မိုင်မှ ၁၉၄၀–၄၃ တွင် မိုင် ၆၈၀၀ အထိရှိလာခဲ့သည်။ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဧရာဝတီဖလိုတီလာကုမ္ပဏီက ရေယာဉ် ၁၇ စတင်ခဲ့ပြီး ၁၉၄၂ ခန့်တွင် စုစုပေါင်း ၆၅၀ ကျော်ရှိခဲ့သည်။ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ၁၉၃၄ တွင် စတင်ခဲ့သည်။
 
ကိုလိုနီခေတ်စီးပွားရေးအခြေအနေသည် ရှေးယခင်ကထက်များစွာတိုးတက်ခဲ့သည်။ သို့သော် စီးပွားရေးလုပ်ငန်းအများစုကို နိုင်ငံခြားသားတို့ကသာ ချုပ်ကိုင်ထားခြင်း၊ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းစသည်တို့ကြောင့် မြန်မာတိုင်ရင်းသားများသည် ထိုတိုးတက်မှုများကို ခံစားနိုင်ခွင့်မရှိခဲ့ကြပေ။
 
== ပြခန်း ==
၂၂၀၈

တည်းဖြတ်မှုများ