Flash (Barry Allen): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တစ်သီးတစ်ခြား +တသီးတခြား)
စာကြောင်း ၁ -
{{Retaining title}}
'''The Flash (Barry Allen)''' သည် DC ကာတွန်းစာအုပ်များတွင်ပါဝင်သော စိတ်ကူးယဉ်ဇာတ်ကောင်တစ်ဦးဖြစ်သည်။ Barry Allen ကို ဒုတိယမြောက် [[:en:Flash (comics)|the Flash]] ဇာတ်ကောင်အဖြစ်သိနိုင်သည်။ ဤဇာတ်ကောင်ကို [[:en:Robert Kanigher|Robert Kanigher]] နှင့် [[penciler]] [[:en:Carmine Infantino|Carmine Infantino]] တို့မှ ဖန်တီးကာ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလတွင်ထုတ်ဝေသော ''[[:en:Showcase (comics)|Showcase]]'' #4 တွင် စတင်မိတ်ဆက်ခဲ့သည်။<ref name="dc-ency">{{Cite book| last = Jimenez | first = Phil | author-link = Phil Jimenez | contribution = The Flash | editor-last = Dougall | editor-first = Alastair | title = The DC Comics Encyclopedia | url = https://archive.org/details/dccomicsencyclop0000unse | pages = 124–127[https://archive.org/details/dccomicsencyclop0000unse/page/124 124]–127 | publisher = Dorling Kindersley | place = New York | year = 2008 | isbn = 0-7566-4119-5 | oclc = 213309017}}</ref> သူ၏အမည်မှာ talk show အစီအစဉ်မှူး [[:en:Barry Gray (radio)|Barry Gray]] နှင့် [[:en:Steve Allen|Steve Allen]] တို့အမည်ကိုပေါင်းစပ်ထားခြင်းဖြစ်သည်။<ref>{{cite web|author=Bob Rozakis |url=http://comicsbulletin.com/alter-egos-and-alternate-earths/ |title=Alter Egos And Alternate Earths |publisher=Comicsbulletin.com |date=2002-07-01 |accessdate=2015-11-18 |archiveurl=https://web.archive.org/web/20110810205911/http://www.comicsbulletin.com/bobro/102552572329705.htm |archivedate=2011-08-10}}</ref> Barry Allen သည် ၁၉၄၀ ခုနှစ်နောက်ပိုင်းများတွင် ထုတ်လုပ်ခဲ့သောကာတွန်းစာအုပ်များ၌ စတင်မိတ်ဆက်ခဲ့သည့် [[:en:Flash (Jay Garrick)|Jay Garrick]] အမည်ရှိ ယခင်က The Flash ဇာတ်ကောင်ကို ပြန်လည်တီထွင် ဆန်းသစ်ထားခြင်းဖြစ်သည်။
 
သူ့၏အဓိကစွမ်းအားမှာ သာမန်လူများထက်အလွန်လျင်မြန်စွာသွားလာလုပ်ကိုင်နိုင်စွမ်း ([[:en:Speedster (fiction)|Superhuman Speed]]) ဖြစ်ပြီး၊ ခန္ဓာကိုယ်ရှိ မော်လီကျူးများကိုလည်း လျင်မြန်စွာတုန်ခါစေခြင်း ([[:en:molecular vibration|Molecular Vibration]]) အားဖြင့် သူ၏ခန္ဓာကိုယ်ကို ကိုင်တွယ်၍မရနိုင်ခြင်း ([[:en:intangibility|Intangibility]]) တစ်နည်းအားဖြင့် အရာဝတ္ထုများကို ဖောက်ထွင်းသွားလာနိုင်ခြင်း ကဲ့သို့သော စွမ်းအားအမျိုးမျိုးလည်း ရှိသည်။ Flash ၏ဝတ်စုံကိုအနီရောင်နှင့် ရွှေရောင်စပ်ထားကာ ပွတ်တိုက်မှုဒဏ်ကို ခံနိုင်ရန်နှင့် လေထုကို ထိုးခွင်းရန်အတွက် အထူးပြုလုပ်ထားသည်။ Flash ဇာတ်ကောင်များ၏ အစဉ်အလာအတိုင်း Barry Allen (Flash) ဝတ်ဆင်ထားသော လက်စွပ်တစ်ခုထဲတွင် အဆိုပါဝတ်စုံကို ချုံ့၍ ထည့်ထားသည်။