ရတနာပုံမိဖုရား (ပင်းယ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ပငင်းယခေတ် မိဖုရားများကို ဖယ်ရှားခဲ့သည်၊ Category:ပင်းယခေတ် မိဖုရားများကို ပေါင်းထည့်ခဲ့သည်
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၆ -
'''ရတနာပုံ''' သည် [[ပင်းယနေပြည်တော်|ပင်းယနေ]]ဘုရင် [[တစ်စီးရှင် သီဟသူ]]၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ သူမသည် [[စစ်ကိုင်းနေပြည်တော်|စစ်ကိုင်း]]ဘုရင်များဖြစ်သော [[အသင်္ခယာ စောယွန်း]]နှင့် [[တရဖျားကြီး]]တို့၏ မယ်တော် ဖြစ်သည်။
 
ရတနာပုံ မိဖုရားသည် မြောက်ပိုင်းဒေသတစ်နေရာရှိ လင်းယဉ်ရွာမှ သာမန်အရပ်သူတစ်ဦး ဖြစ်သည်။ သူမသည် ရှမ်းလူမျိုးတစ်ဦး ဖြစ်ဟန်တူသည်။<ref group=note>ရာဇဝင်ကျမ်းများ (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၁–၃၇၂)က သူမ၏ မျိုးရိုးကို ဖော်ပြထားခြင်းမရှိဘဲ မြောက်ပိုင်းမှ ဖြစ်သည်ဟုသာ ဖော်ပြထားသည်။ သို့သော် ဗြိတိသျှကိုလိုနီ ပညာရှင်များက သူမအား ရှမ်းတိုင်းရင်းသားအဖြစ် ရည်ညွှန်းဖော်ပြကြသည်။ ဥပမာအနေဖြင့် (Phayre 1967: 59–60) နှင့် (Harvey 1925: 75–81) တို့တွင် ကြည့်နိုင်သည်။</ref> ၁၂၉၈ ခုနှစ်တွင် သူမသည် ၁ နှစ်အရွယ်ကလေးငယ်နှင့် မုဆိုးမတစ်ဦးဖြစ်ကာ တောင်အရပ်သို့ ခရီးထွက်စဉ် အမဲလိုက်ထွက်လာသော သီဟသူနှင့် တွေ့ခဲ့သည်။ အစ်ကိုနှစ်ဦးနှင့်အတူ မြင်စိုင်းနေပြည်တော်ကို တည်ထောင်ခဲ့သူ သီဟသူက ရတနာပုံအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် ပထမဆုံးသားတော် စောယွန်းကို မွေးဖွားခဲ့သည်။ သမီးတော် စောပုလဲအား မမွေးဖွားမီအထိ သူမသည် ကိုယ်လုပ်တော်အဖြစ်သာ ရှိနေခဲ့သည်။ ယင်းနောက် သူမအား မြောက်နန်းမတော် မိဖုရားအဖြစ် မြှောက်စားခဲ့သည်။<ref name=hy-1-371-372>မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၁–၃၇၂</ref>
 
မိဖုရားမှ ဆင်းသက်လာသူများတွင် စစ်ကိုင်းဘုရင်များဖြစ်သော [[အသင်္ခယာ စောယွန်း]]မှ [[တရဖျားငယ်]]တို့အထိ ပါဝင်သလို [[အင်းဝနေပြည်တော်]]အား တည်ထောင်ခဲ့သူ [[သတိုးမင်းဖျား]]ဘုရင်လည်း ပါဝင်သည်။<ref group=note>See the regnal list of Sagaing in (Harvey 1925: 366).</ref> ထို့အပြင် မိဖုရားခေါင်များဖြစ်သော အင်းဝ [[ရှင်ဘို့မယ်]]နှင့် [[ရှင်မြတ်လှ (အင်းဝ)|ရှင်မြတ်လှ]] တို့သည်လည်း ရတနာပုံမိဖုရား၏ အဆက်အနွယ်များ ဖြစ်ကြသည်။<ref name=hy-1-371-372/>