"ဖိုးပါကြီး" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယောကျ်ား +ယောက်ျား))
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
ကုသိုလ်ကံ ချွန်ချင်တော့ ကျုပ်ဒီလို ကသိကအောက် ကြောက်ဒူး တုန်ပြီး ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာကိုပဲ ပရိသတ်က အလိုလို ပွဲကျနေတယ်။ သူတို့က ဒီလို ပွဲကျလေ၊ ကျုပ် သူတို့ကို ကြောက်လေ၊ သူတို့က ကျုပ်ကို ပွဲကျလေ ဖြစ်တာပါပဲဗျာ။ နောက်ဆုံးတော့ ကြောက်လန့်ပြီး ကားကြားထဲ ဝင်ပြေးတာပေါ့။ ကားကြားထဲက ဆရာခန့်ကြီးကလည်း ကျုပ်ကို ဆီးပြီး ကန်ထုတ် လိုက်တာနဲ့ ကျုပ်လည်း ဇာတ်ခုံ အလယ်ကို ချာလည် ပတ်လည်နှင့် ပြန်ရောက်သွားတော့ တရုံလုံး ပရိသတ်က အုံကြွမတတ် ပွဲကျလို့ ရယ်နေကြတော့တာပါပဲဗျာ။ အဲဒီလို ပွဲကျတာကိုပဲ ဆရာခန့်ကြီးက နောက်မြို့တွေမှာ ဒီလိုပဲ ခိုင်းစေပြန်တာပဲ။ အဲဒီက စပြီး ကျုပ်လည်း လူရွှင်တော် ဖြစ်မှန်း မသိ ဖြစ်လာတယ် ဆိုပါတော့ဗျာ”
 
ဤသို့ဖြင့် သူသည် ပြဇာတ်ထဲတွင် လူရွှင်တော် အဖြစ် မကရလျှင် မနေနိုင် လောက်အောင် ဖြစ်လာသလို သူ၏ နောက်ပိုင်းတွင် လုပ်တတ်လာသော ဟာသ အမူအရာ ထက်မြက်လာ၍ ပရိသတ်က သူ့မြင်ရုံနှင့်ပင် အလိုလို ရယ်မောချင် လာအောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။ သူ၏ လုပ်တတ်သော ဟာသ အမူအရာ ကိုယ်ခံ ပစ္စည်းကြောင့် ဆရာခန့်၏“ဤစစ်ကြီးမှာ”ပြဇာတ်တွင် ကျော်ဝင်း၊ ခင်တင့်တို့နှင့်အတူ ပါဝင်ခဲ့ရာ အာဇာနည် ခေါင်းဆောင်ကြီး [[ဗိုလ်ချုပ် အောင်ဆန်း]]ကပင် မြိုင်ခေတ် ပြဇာတ်ခုံ ပေါ်မှ သူ့ကိုကြည့်ပြီး“ငါတော့ အမေရိကန်လူရွှင်တော် လော်ရယ်၊ ဟာဒီတို့ထက် သူက သာတယ်လို့ ထင်တာပဲကွာ” ဟူ၍ ချီးကျူးခဲ့ကြောင်း မှတ်သားမိ၏။ ယင်းအချိန် အထိ လူရွှင်တော်မင်းသား ဖြစ်မလာသေးဘဲ လူရွှင်တော် အဆင့်သာ ရှိသေးပြီး မြိုင်ရုံတွင် တင်ဆက်ခဲ့သော ဆရာခန့်၏“ကမ္ဘာ့ ဇာတ်ခုံ” တွင် နောင်သူ၏ ဇနီးဖြစ်လာမည့် မေချစ်နှင့် တွဲ၍ ကပြရသော ပြဇာတ်တွင် စတင်ကာ လူရွှင်တော် မင်းသား ဖြစ်လာကာ၊ စစ်ပြီး နောက်ပိုင်းနှင့် လွတ်လပ်ရေးပြီး ခေတ် နောက်ပိုင်းကာနောက်ပိုင်း ဌေးပြဇာတ်ရုံကာဌေးပြဇာတ်ရုံ နှင့် ဝင်းဝင်း ပြဇာတ်ရုံတို့တွင်လည်း လူရွှင်တော် မင်းသား အဖြစ်လည်းကောင်း၊ လူရွှင်တော် အဖြစ် လည်းကောင်း ပြဇာတ်များ ခေတ်စားနေသဖြင့် ပြဇာတ် ဗီဇ ရှိနေ၍ သူပါဝင် နေရခြင်းဖြစ်သည်ဟု သိရ၏။
 
ဖိုးပါကြီး ဟူသော အမည်ကို ရုပ်ရှင်ထဲ ရောက်မှ ဒါရိုက်တာ ဆရာခန့်က ပေးခဲ့ခြင်း ဖြစ်ရာ ငယ်နာမည် အပါ နောက်တွင်“ကြီး”တစ်လုံး ဖြည့်ခိုင်းသည်။ ရုပ်ရှင် လောကတွင် အပါကြီး အမည်နှင့် ရှိပြီး ဖြစ်နေ၍ ဒါဆို ရှေ့မှာ“ဖိုး”တစ်လုံး တတ်လိုက်ပေါ့ဟု ပြောချက်အရ“ဖိုးပါကြီး”ဖြစ်လာရတယ်ဟု ဆို၏။
ရုပ်ရှင်ကြည့် ပရိသတ်ကြီးကလည်း ထိုဇာတ်ကောင်အား မူလ ရိုက်ကူးစဉ်က သူမတူအောင် လုပ်ပြနိုင်သည့် ဇာတ်ကောင် စရိုက်မျိုးကိုသာ ဆက်လက် ကြည့်ရှုအားပေး လိုသော ဆန္ဒ ရှိကြသည်။ ထိုကြောင့် ရုပ်ရှင် ကုမ္ပဏီများက ဖိုးပါကြီးကို လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့ စရိုက်နှင့် လိုက်ဖက်သည်ဟု သတ်မှတ်ထား သူတို့ ရှိခဲ့ကြသည်။ သို့သော် ဖိုးပါကြီးသည် ပုံသေ ဇာတ်ကောင်စရိုက် မဟုတ်ဘဲ၊ စွယ်စုံရသော အနုပညာသည် တစ်ယောက် ဖြစ်ကြောင်းကို သူ အကယ်ဒမီ ရရှိခဲ့သော ဇာတ်ကားက သက်သေခံခဲ့သည်။ ယင်းမှာ ရွှေဝယ်သီရိ ရုပ်ရှင် အတွက် ဒါရိုက်တာ ဦးမြမောင်က ဇေယျ၊ ဖိုးပါကြီး၊ တင်တင်မူ၊ ဝင်းမာ၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်မြ လေး၊ ဒေါ်ပုတို့ အပြင် ကျော်ဝင်း၊ ခင်မောင်မြင့်၊ အေးကြူ၊ မေမြ၊ မြင့်မြင့်ဌေး၊ မေရီမြ၊ ချစ်မောင်၊ ဖိုးပါလေးတို့ကလည်း ဧည့်သည်များ အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့သော (ဖိုးပြုံးချို) ဇာတ်ကားတွင် ဖိုးပါကြီးက ပြဇာတ် လူရွှင်တော် ဖိုးပြုံးချို ဇာတ်ကောင်ရုပ် အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့သည်။
 
ယင်းဇာတ်ကား၏ ဇာတ်လမ်းမှာ ပြဇာတ် လောကသားများ၏ အတွင်းရေးနှင့် ယင်းလောကသားများ၏ ဖြစ်လေ့ ဖြစ်ထရှိသော အောင်မြင် ကျော်ကြားမှု ရရှိ၍ နာမည်တလုံး ရရှိလာချိန်တွင် မိမိ ဘာကိုဘဝကို ဆန်းစစ်ခြင်း မပြုတော့ဘဲ ဖောက်ပြန်လာတတ်ပြီး အပေါင်းအသင်းများဖြင့် သောက်စား မူးယစ်ကာ အောက်ခြေလွတ် ထင်ရာ စိုင်းတတ်သော လူ့သဘာဝကို သရုပ်ဖော်ပြထားသည်သာမက မိမိ၏ ဘဝဆိုးထဲ ရောက်ရှိလာသည့် မိမိ၏ ရင်သွေးငယ် ဘဝကိုပါ ပျက်စီး နစ်မွန်း သွားနိုင်သည်တို့ကို တင်စားချက်များဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။ ဖော်ပြပါ ဇာတ်ကားတွင် ဖိုးပါကြီး၏ အကောင်းဆုံး သရုပ်ဆောင်ချက် တစ်ခန်းမှာ သားဖြစ်သူအား သူ့ကို စိတ်နာသွားရန် ရင်ထဲမှ မချိသော်လည်း သူ့ထံတွင် မနေရန် မောင်းထုတ်သော အခန်း၌ “မသွားပါ ရစေနဲ့ ဖေဖေရယ်၊ မသွားပါရစေနဲ့၊ ကျွန်တော် ထမင်း မစားတော့ပါဘူး” ဟု အပါအဖြစ် သရုပ်ဆောင်သော ဝင်းမာက သနားစရာ မျက်ရည်စက်လက် ကလေးဖြင့် ဖခင်ဖြစ်သူ ယစ်ထုပ်ကြီး ပြဇာတ် လူရွှင်တော် ဖိုးပြုံးချိုအား တောင်းပန် ပြောဆိုရာ “သွား သွား မင်းကို ကျွေးလည်း မကျွေးနိုင်ဘူး။ မင်းမျက်နှာကိုလည်း မကြည့်ချင်ဘူး။ သွားဆို ခုထွက်သွား” ဟုဆိုသော အသံနှင့် အတူ ဖြန်းခနဲ နေအောင် ဖိုးပြုံးချိုက ဒေါသတကြီးဖြင့် ရိုက်ချလိုက်သော အခန်းတို့မှာ ပရိသတ်ကြီးကို စိတ်ထိခိုက် လှုပ်ရှားမှု Emotional Drama ဖြစ်အောင် သရုပ်ဆောင် ပြနိုင်၍ ဟာသ ထိပ်သီး ဖိုးပါကြီးသည် အလွမ်းတွင်လည်း ပိုင်နိုင်ကြောင်း သက်သေ ထူခဲ့သည်ကို ကြည့်ရှု မှတ်သားမိ၏။
 
ထိုကြောင့် ၁၉၅၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား ပညာသည်ဆုကို ဖိုးပြုံးချို ဇာတ်ကားတွင် ပထမဆုံး အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ (ဖိုးပြုံးချိုသည် အကောင်းဆုံး ရုပ်ရှင်ဆုကို ရခဲ့သလို အပါအဖြစ် ပါဝင်ခဲ့သော ကလေး သရုပ်ဆောင် ဝင်းမာကလည်း အထူးဆု ရရှိခဲ့၏။)
၂၃၅၉

တည်းဖြတ်မှုများ