ကုံကုမံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၆ -
'''ကုံကုမံ''' (Saffron) သည် အဖိုးတန်သော ပန်းဝတ်ဆံ တစ်မျိုးဖြစ်၍ ယင်းတို့ကို ရှေးရောမနှင့် ဂရိလူမျိုးတို့ လက်ထက်မှ အစပြုကာ လိမ္မော်ရောင် ဆိုးဆေးအဖြစ် သော်လည်းကောင်း၊ အမွှေးနံ့သာ အဖြစ်သော် လည်းကောင်း ဘယဆေး အဖြစ်သော် လည်းကောင်း၊ အစဉ်အဆက် အသုံးပြုလာခဲ့ကြသည်။ ရှေးခေတ်ဂရိနှင့် [[အိုင်ယာလန်နိုင်ငံ]]တို့တွင် ကုံကုမံသည် အထက်တန်းကျလှသော ထီးသုံးနန်းသုံး ဆိုးဆေးဖြစ်ခဲ့ဘူးသည်။ [[အိန္ဒိယ]]နှင့် [[မြန်မာနိုင်ငံ]]တွင် [[ဒန်ပေါက်]]ထမင်း၌ ထည့်လေ့ရှိသဖြင့် လူသိများသည်။ ဤကဲ့သို့ ထမင်းဟင်းလျာများ၌ ထည့်သောအခါ ကုံကုမံတွင် အပူဓါတ် ပါဝင်သောကြောင့် အစာကြေသည်ဟု ဆိုသည်။
 
ကုံကုမံကို ကိတ်မုန့်၊ ချိုချဉ်သကြားလုံး စသည်များတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ဆေးဖက်ဝင်သည် ဆိုသော်လည်း အမှန်စင်စစ် ကုံကုမံ၌ ရောဂါများကို ​ပျောက်ကင်းစေနိုင်သောပျောက်ကင်းစေနိုင်သော သတ္တိမရှိဟု သိရသည်။ ကုံကုမံပင်များ ပေါက်ရာဒေသမှာ ဥရောပအနောက်တောင်ပိုင်း၊ ဂရိနိုင်ငံနှင့် အီရန်(ပါရှား)နိုင်ငံများ ပါဝင်သော မြေထဲပင်လယ် အရှေ့ဒေသ တဝိုက်ဖြစ်သည်။ နောင်သော် ကုံကုမံ၏ အဖိုးတန်မှုကြောင့် ကုံကုမံပင်များကို [[စပိန်နိုင်ငံ]]၊ [[အင်္ဂလန်နိုင်ငံ]]၊ [[ပင်ဆီလဗေးနီးယားပြည်နယ်]] (အမေရိကန်) စသော အခြားနိုင်ငံများ၌ လည်း စိုက်ပျိုးလာကြသည်။
 
ကုံကုမံပင်သည် နှစ်ကြာခံသည့် အပင်တစ်မျိုးဖြစ်သည်။ မြေအောက်အမြစ်ရင်းတွင် ကြက်သွန်နီကဲ့သို့သော ဥမျိုးရှိ၍ ထိုဥ၏ ထိပ်မှ အရွက်၊ ဖူးတံနှင့် အပွင့်များ ဖူးထွက်ပေါ်လာကြသည်။ မြက်ရွက်နှင့် ဆင်တူသော အရွက်များမှာ ၅လက်မမှ ၉လက်မ အထိရှည်လျားသည်။ ဖူးတံမှာ ရှည်းလျားကာ ခေါင်းပွဖြစ်၍ ထိုဖူးတံထိပ်ဖျားမှ ဆောင်းဦးပေါက်ရာသီတွင် ခရမ်းရောင်နုသန်းသော ကတော့ပုံ ပန်းပွင့်အဖြူများ ပွင့်လာကြသည်။ ကုံကုမံပန်း၌ ပွင့်ချက်၆ချပ်ပါရှိသည်။ အပွင့်၏ အလယ်ဗဟိုတွင် ဝတ်ဆံမတိုင်ရှိ၍ ထိုတိုင်ထိပ်တခု၌ တစ်လက်မ သာသာရှည်သော နီရဲနေသည့် ဝတ်ဆံထိပ် ၃ပင်စီ ပေါက်ကြသည်။