နွား: တည်းဖြတ်မှု မူကွဲများ

→‎top: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃ -
| range_map_caption = Bovine distribution
}}
'''နွား'''ကို ရှေးအခါက [[မြန်မာနိုင်ငံ]]တွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား [[လယ်ထွန်စက်]]ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။<ref name="coc">{{Cite journal|author=ချိုဦးချို (ပထမ-ရွှေကျင်)|year=၁၉၉၇|pages=၁၈၂-၁၈၃|title=နွားအကြောင်း သိကောင်းစရာများ|month=ဩဂုတ်|journal=နက္ခတ္တရောင်ခြည်မဂ္ဂဇင်း|volume=၁၃၃|publisher=ဦးခင်မောင်ဝင်း|language=My|issue=၁၉၉၇ ဩဂုတ်လ}}</ref> မှောင်ခိုကို နှိမ်နင်းလိုသည့်သဘောဖြင့်၂၀၁၇ အောက်တိုဘာမှစ၍ ကျွဲနွားအရှင်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုသည်။<ref>{{cite web|title= အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ (ကျွဲ၊ နွားအရှင်များအား ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုခြင်း)|url=https://www.myanmartradeportal.gov.mm/my/legal/99}}</ref> ခွာပါမျိုး ဖြစ်သော နွားများကို မွေးမြူ၍ ရသည်။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်သည်။ ၂၀၁၁ မှ အနီးစပ်ဆုံး ခန့်မှန်းချက်အရ၊ ကမ္ဘာတွင် နွားပေါင်း ၁.၄ ဘီလျံ ရှိသည်။ နွားသည် လူတစ်ယောက် ကြွယ်ဝချမ်းသာမှု ပြယုဂ် ဖြစ်သည်။ ရှေးခေတ်က နွားများများ ပိုင်ဆိုင်သူကို ကြည့်၍ မည်ရွေ့မည်မျှ ချမ်းသာသည်ကို သိနိုင်သည်။
 
[[ကျွဲ]]ကို ရေတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တ[[ရှဉ်း]]ဟု ရေတွက်သည်။ နွားလည်ပင်းမှာ ဆွဲပေးထားသော [[ချူ]] (cowbell) ကို [[ခလောက်]]ဟုလည်း ခေါ်သည်။ [[နွားညီနောင်]] [[လေးချိုး]][[ကဗျာ]]တွင် နွားကို ကြော့ရှင်းစွာ ကထားသော လှည်းယဉ်အကြောင်း စပ်ဆိုထားသည်။ [[မြင်း]]ကသော [[လှည်း]]ကို မြင်းရထား၊ [[မြင်းလှည်း]]ဟု ခေါ်နိုင်သော်လည်း၊ နွားကသော လှည်းကို နွားရထားဟု မခေါ်ဘဲ [[နွားလှည်း]] ဟုသာ ခေါ်သည်။ ထိုလှည်းကို အလှမောင်းရန် တန်ဆာဆင်သော် လှည်းယဉ်ဟု ခေါ်သည်။
"https://my.wikipedia.org/wiki/နွား" မှ ရယူရန်